images
UN
UN
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မိသားစု စုပေါင်းရဟန်းခံရှင်ပြုအလှူတော်သာမဏေရပဗ္ဗဇ္ဇမင်္ဂလာ အခမ်းအနားကျင်းပ
ယူဒီနေ Tuesday, 10 April 2018
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမ အကြိမ်စုပေါင်းရဟန်းခံရှင်ပြုအလှူ တော်၊ သာမဏေရပဗ္ဗဇ္ဇမင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဇေယျာသီရိမြို့ နယ် ရေဆင်းကန်ဦးကျောင်းတိုက် ၌ကျင်းပရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့်ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း နှင့်ဇနီး၊ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင် ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် အရာရှိ၊ စစ်သည်၊မိသားစု များ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော် ကာကွယ် ရေဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်သြဝါဒါစရိယ မန္တလေး မြို့ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိ ဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘန္ဒန္တဝိစာရိန္ဒာဘိဝံသနှင့် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ'ရွှေကျင်'၊ ကန်ဦးကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတသာသန ဓဇဓမ္မာစရိယဘဒ္ဒန္တဝိလာသအား ဖူးမြော် ကြည်ညိုကြသည်။
ထို့နောက်ဒုလ္လဘရဟန်းလောင်း များနှင့် ရှင်သာမဏေလောင်းများ အား ကေသစ္ဆေဒနဆံချခြင်း၊ ကာသာယစ္ဆာဒနသင်္ကန်းဝတ်ခြင်း နှင့် သာရဏဒါနသရဏဂုံပေးခြင်း မင်္ဂလာများအား သာသနာတော် လာ ထုံးတမ်းအစဉ်အလာများနှင့် အညီ အစီအစဉ်အတိုင်းကျင်းပကြ သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြသည်။
ထို့အတူ ပျဉ်းမနားမြို့ မင်္ဂလာ ဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် နှင့် ရတနာစံပရိယတ္တိစာသင် တိုက်တို့တွင်လည်း ဒုလ္လဘရဟန်း လောင်းများနှင့် ရှင်သာမဏေ လောင်းများအားကေသစ္ဆေဒနဆံချ ခြင်း၊ ကာသာယစ္ဆာဒနသင်္ကန်း ဝတ်ခြင်းနှင့်သာရဏဒါနသရဏဂုံ ပေးခြင်းမင်္ဂလာများအား သာသနာ တော်လာထုံးတမ်းအစဉ်အလာများ နှင့်အညီ အစီအစဉ်အတိုင်းကျင်းပ ကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်အရာရှိ၊ စစ်သည်၊ မိသားစု များ တက်ရောက်ခဲ့ကြသည်။
စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား တွင် ဒုလ္လဘရဟန်းလောင်းနှင့် ရှင် သာမဏေလောင်း ၃ဝ၈ ဦးတို့ အား ယနေ့နံနက်ပိုင်းတွင် မော် တော်ယာဉ်များဖြင့် ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝင်းရှိ နဝဒေး ခန်းမမှ အိမ်ထောင်သည်လိုင်းများ အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ပြီး ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးသို့ ပို့ဆောင်ကာ စေတီတော်မြတ်ကြီးအား ဒေဝါ ဝင်း၊ ရာဇာဝင်းများ၊ ကွမ်းတောင် ကိုင်၊ ပန်းတောင်ကိုင်များဖြင့်လက် ယာရစ်လှည့်လည်၍ ဖူးမြော်ကြည် ညိုခဲ့ကြကြောင်းသိရသည်။