images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
နိုင်ငံတော်အစိုးရမှ အိမ်ခြံမြေအခွန်နှုန်းထားပြင်ဆင်လျှော့ချရန် ထုတ်ပြန်ထားသောကြောင့် အိမ်ခြံမြေလုပ်ငန်းများ ပိုမိုလည်ပတ်လာဖွယ်ရှိ
မောင်စိန်ဝင်း Sunday, 22 April 2018
နိုင်ငံတော်အစိုးရမှ ပြည် သူများအဆင်ပြေစေရန်အတွက် အိမ်ခြံမြေဝင်ငွေအပေါ်ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃ဝ အထိပယ်ဖျက်လိုက်ပြီး ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်နှုန်း ထားပြင်ဆင်လျှော့ချရန် ထုတ် ပြန်ထားသောကြောင့် အိမ်ခြံမြေ လုပ်ငန်းများပိုမိုလည်ပတ်လာနိုင် တော့မည်ဖြစ်ကြောင်း ဝါရင့်အိမ် ခြံမြေလုပ်ငန်းရှင်များထံမှသိရသည်။
ယခင်က အိမ်ခြံမြေဝယ်ခွန် စနစ်မှာ ငွေကျပ် ၁ဝဝဝ အထက် လျှင် ပြည်တွင်းအခွန် ရာခိုင်နှုန်း ၃ဝ နှင့် တံဆိပ်ခေါင်းအခွန် လေး ရာခိုင်နှုန်းပေးဆောင်ရကြောင်း၊ အကြောင်းကြောင်းကြောင့် အိမ်ခြံ မြေဈေးကွက်နှင့် အခြားစီးပွား ရေးဈေးကွက်၌ကျဆင်းခဲ့ရကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နိုင်ငံ တော်အစိုးရမှထုတ်ပြန်ခဲ့သောအခွန် စနစ်ပြောင်းလဲခြင်းကြောင့် အိမ်ခြံ မြေဈေးကွက်များ ပိုမိုကောင်းမွန် လာနိုင်စရာအကြောင်းရှိပြီး ထိုကဲ့ သို့သောထုတ်ပြန်လိုက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် လည်ပတ်မှုဖြစ်စေနိုင်ကာ အခြေခံ လူတန်းစားများအတွက်ပါ အကျိုး သက်ရောက်မှုများရှိနေပြီး ၄င်းတို့ အတွက် လူနေမှုဘဝများပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်စရာအကြောင်းရှိ ကြောင်း ဝါရင့်အိမ်ခြံမြေလုပ်ငန်း ရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအသင်း ဒုဥက္ကဋ္ဌ (၁)ဦးစိုင်းခွန်နောင်က '' ခုအခွန် လျှော့ချပေးတာကအတည်မဖြစ် သေးပေမယ့် ပထမခြောက်လတာ ကာလမှာ အခွန်ဆောင်ရင် သုံး ရာခိုင်နှုန်းနဲ့ ဒုတိယခြောက်လ ထဲတွင် အခွန်ငါးရာခိုင်နှုန်းပေး ဆောင်ဖို့အတွက် နိုင်ငံတော်အစိုးရ ကထုတ်ပြန်ထားပြီး လွှတ်တော်မှာ လည်းဆွေးနွေးအတည်ပြုတော့ မှာဖြစ်တဲ့အတွက်ကြောင့် ခုလို အခွန်လျော့ပေါ့တာကို ကျွန်တော် တို့အနေနဲ့ကြိုဆိုပါတယ်။ အိမ်ခြံ မြေဝယ်ယူသူများနဲ့ အမည်ပေါက် ပြောင်းလဲချင်သူတွေ ပိုမိုများပြား လာမှာဖြစ်ပြီး နိုင်ငံတော်အတွက် လည်း အခွန်ဘတ်ဂျက်ဝင်ငွေပိုမိုရ ရှိစေမှာဖြစ်ပါတယ်''ဟုပြောသည်။
လက်ရှိအနေအထားအရအခွန် နှုန်းထားစနစ်လျှော့ချတော့မည် ဖြစ်သောကြောင့် အိမ်ခြံမြေအဝယ် သမားများ ပိုမိုမြင့်တက်လာခဲ့ ကြောင်း၊ အခွန်စနစ်အတည်ဖြစ်ပါ ကအိမ်ခြံမြေအဝယ်နှုန်းပိုမိုမြင့် တက်လာနိုင်စရာအကြောင်း ရှိနေ ကြောင်း၊ ယခင်ကာလကအိမ်ခြံ မြေဈေးကွက်အတွင်း ပိုမိုရင်းနှီး မြှုပ်နှံမှုများရှိခဲ့သောကြောင့် အိမ်ခြံ မြေဈေးနှုန်းများ လွန်စွာမြင့်မားခဲ့ သော်လည်း ယခုအခါအိမ်ခြံမြေ ဈေးကွက်တစ်ခုအနေဖြင့် ပုံမှန် လည်ပတ်နိုင်တော့မည်ဖြစ်သော ကြောင့် နေရာအနေအထားပေါ်မူ တည်ကာ အထိုက်အလျောက်သာ ဈေးနှုန်းမြင့်တက်လာနိုင်ပြီး ယခင် ကဲ့သို့အိမ်ခြံမြေဈေးနှုန်းမြင့်မားမှု များမရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။