images
UN
UN
မြေပဲဆီစားသုံးခြင်းဖြင့် သက်ရှည်ကျန်းမာစွာနေထိုင်နိုင်မည်
ကျော်ဌေး(ညောင်ဦး) Sunday, 22 April 2018
မန္တလေးတိုင်းဒေသကြီးညောင် ဦးမြို့၊ ကျောက်ပန်းတောင်းမြို့၊ တောင်သာမြို့၊ မြင်းခြံမြို့၊ မလှိုင် မြို့၊ နွားထိုးကြီးမြို့၊ မိတ္ထီလာမြို့ နယ်များ၏ ကျောထောက်နောက်ခံ ကျေးလက်တောရွာဒေသများ သည် မြေပဲကြီး၊ မြေပဲလေး၊ နှမ်း စသည့် ဆီထွက်သီးနှံအများစုကို စိုက်ပျိုးသောဒေသများဖြစ်သည်။ ယခုနှစ်ပိုင်းအတွင်း တောင်သူ များသည် မိမိတို့ယာမြေမှထွက်သော ဆီကိုပင်မစားနိုင်ဘဲ အခြားသော စားအုန်းဆီ၊ ရောဆီ၊ နေကြာဆီ အမည်တပ်၍ရောင်းသော တန်ဖိုး နည်းရောဆီများကိုသာ စားသုံး ကြရသည်။ ဒေသအပြောကတော့ ကိုယ့်ဆီ ကိုယ်ပင်မစားနိုင်ဟုဆို ကြသည်။ ကိုယ့်ဒေသမှထွက်သော ဆီကတန်ဖိုးမြင့်သည်။ တစ် ပိဿာလျှင် ကျပ် ၆ဝဝဝနှုန်းရှိ သည်။ အခြားသောမြို့ဈေးဆိုင် များတွင် ပဲဆီစစ်ဟု ခေါ်ရောင်း သောဆီများပင်လျှင် တစ်ပိဿာ ကျပ် ၄၅ဝဝနှုန်းပင်ရှိသည်။ ရော ဆီတစ်ပိဿာ ကျပ် ၃၅ဝဝ။ စား အုန်းဆီ တစ်ပိဿာ ကျပ်၂၅ဝဝ လောက်ပဲရှိသည်။ ထို့ကြောင့် ကိုယ့်မြေပဲဆန်ကို ဆီကြိတ် မစားနိုင်ကြပါ။ မြေပဲဆန်ကို ရောင်းပြီး အပြင်က တန်ဖိုးနည်းဆီ များကို ဝယ်စားကြရပေတော့ သည်။ အခြားသောတန်ဖိုးနည်း ဆီများသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော်လည်း ဝယ်စား ရသည်ဟုဆိုကြသည်။ မြေပဲဆီ သည် ကျန်းမာရေးကဏ္ဍတွင် ပြည့်ဝဆီအဖြစ် လူတိုင်းလက်ခံစား သုံးကြသည်။ ပဲဆီကိုကျန်းမာရေး ရှုထောင့်အရ ဘေးထွက်ဆိုးကျိုး မရှိနိုင်ကြောင်းနှင့် အာဟာရပြည့်ဝ ဆီဟု မြိန်ရေရှက်ရေစားသုံးကြ သည်ကို လေ့လာသိရှိရသည်။ မြေပဲ၌မပြည့်ဝဆီ(မိုနိုအဆီ) ပါဝင်ကာ သွေးအဆီဓာတ်ကို ကောင်းမွန်စေသည်။ မြေပဲ တစ် အောင်စတွင် အဆီဓာတ် ၁၃ ဂရမ် နှင့်ကယ်လိုရီ ၁၈ဝ ခန့်ပါဝင်သည် ဟုဆိုသည်။ ပဲဆီကိုစားသုံး ခြင်းဖြင့် ခန္ဓာကိုယ်သွေးတွင်း အဆီခဲများလည်း မဖြစ်ပေါ်နိုင်။ခန္ဓာကိုယ် ကိုလက်စထရောများ လည်း ကျဆင်းနိုင်သည်ဟုဆို သည်။ ကျန်းမာရေးအတွက်ဆေး ပညာရှင်များ၏အဆိုအရ မြေပဲဆီ သည် နှလုံးရောဂါ၊သွေးကြောမာ ကျစ်သောရောဂါများကို ကာကွယ် ပေးနိုင်သည်ဟုဆိုသည်။ မြေပဲ ဆီစားသုံးခြင်းဖြင့်နှလုံးကိုသန်စွမ်း စေသည်။ ကိုယ်ခန္ဓာအလေးချိန် ကိုလည်း ကျဆင်းစေနိုင်ကြောင်း သိရသည်။