images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
မျက်မှန်တပ်ရသူ မျက်မှန်ပြုလုပ်သူ များသိထားရန်
မျိုးမြင့်ဆွေ(မျက်မှန်) Sunday, 22 April 2018
မြန်မာနိုင်ငံရှိလူအများသည် မျက်မှန် ပြုလုပ်ပြီး၍ မျက်နှာတွင်တပ်ဆင်သော အခါ ကြည့်မကောင်းသောခံစားမှုများ ရှိသည်ကို ကြုံတွေ့ရပါသည်။ ဤသို့ သောကိစ္စများကို များသောအားဖြင့် မဖြေရှင်းတတ်ကြပါ။ ဆရာလုပ်သူက အပြစ်ရှာဖြေရှင်းတတ်ပါမှ မျက်စိလူနာ များ ဒုက္ခကင်းဝေးပါမည်။
မျက်စိစမ်းသပ်သောဆရာများက အပြည်ပြည်ဆိုင်ရာက သတ်မှတ်ပေး ထားသည့် (VISION CHART)နှင့် စာလုံးအရွယ်အစားများကို အကွာအဝေး ပြ၍မျက်စိပါဝါစမ်းသပ်ရန်ခြောက်မီတာ၊ သုံးမီတာ စသည်ဖြင့် အတန်း ခြောက် တန်း သတ်မှတ်ထားပါသည်။
ကြာသပတေးတစ်ရက်က မျက်စိ လူနာဟောင်းတစ်ယောက် သူ၏နာမည် ဦးတော်နီက ကျွန်တော့်ထံရောက်လာ ပါသည်။ သူမျက်မှန်ရွေးပြီးကတည်းက တပ်၍မရ မူးနေသဖြင့် ကျွန်တော့်ထံ စစ်ဆေးပေးရန်ရောက်လာခြင်း ဖြစ် သည်။ ကျွန်တော်က ပါဝါစစ်ဆေးကြည့် သောအခါ ယာဘက် ပါဝါအဝေးကို(+1.25 D.S)ဆေးစာနှင့် ကိုက်ညီသည်။ဝဲဘက်ပါဝါမှာ(+1.25D.S-0.50 D.C-Axis 90 H)ပါဝါမှန်ပါသည်။ သို့သော် ဝဲဘက်ပါဝါကို ကိုင်းထဲ တပ်ဆင်ထား မှုသည် မျက်စိဗဟိုချက်နေရာ၏အပြင် ဘက်သို့ ရှစ်မီလီမီတာထွက်နေပါသည်။(Prism)ပါဝါသဘော ဖြစ်၍နေသဖြင့် ကြည့်မကောင်းဘဲ မူးဝေသော ခံစားမှု ဖြစ်၍ နေခြင်းဖြစ်သည်။ ဤသည်ကို မျက်မှန်ပညာအလိုအရရေးရလျှင်(P.D-CENTER) OUTသည်ဟု ခေါ်ပါ သည်။
တနင်္လာနေ့တစ်ရက်တွင် မြောက် ဥက္ကလာပရှိဆေးခန်းသို့ သူငယ်ချင်း ကိုငယ်နှင့် ကိုသန်းအောင်တို့ရောက်လာ ပါသည်။ ကိုသန်းအောင်ကိုမျက်စိပါဝါ
စမ်းသပ်ပေးရာ ယာဘက်ပါဝါအတွက် (Plomo) နှင့် ဝဲဘက်ပါဝါမှာ(PL -1.00 D.C-Axis 90 H) ဖြစ်ပါသည်။ စာဖတ် ရန်အတွက် အဝေးပါဝါပေါ်သို့ (+2.50. D.C)တပ်၍ ပေါင်းထည့်လိုက်သော အခါ အဝေးအနီး ကြည့်၍အလွန်ကောင်း သွားပါသည်။ကိုသန်းအောင်က သဘော ကျပြီး မျက်မှန်အော်ဒါအပ်ခဲ့ပါသည်။
ကိုသန်းအောင် မျက်မှန်ရွေးပြီး နောက်နေ့တွင် တယ်လီဖုန်းဖြင့်ပြောသည် မှာ မျက်မှန်ကြည့်၍မကောင်း၊ ခေါင်းမူး သောခံစားရမှုကို အပြစ်ရှာပေးရန်ပြော သဖြင့် ကျွန်တော်ကလာပြရန် ချိန်းဆို လိုက်ပါသည်။
ကိုသန်းအောင် ရောက်လာသော အခါ မျက်မှန်ပါဝါသွေးဖော်ထားမှုမှန်/ မမှန်စစ်ဆေးခြင်း၊(P.D-CENTER) ကိုက်ညီ/မညီကို စစ်ဆေးပါသည်။ အား လုံးမှန်ကန်ပါသည်။ သို့သော် မျက်မှန် ကိုင်းတပ်ဆင်ထားမှုမှာ လေးကိုင်း သဖွယ်ခုံး၍နေသောအပြစ်ကို တွေ့ရပါ သည်။ ပါဝါမှန်အားလုံးသည် ၆ ဒိုင်ယာ မီတာ အခုံး/အခွက်များဖြင့် သွေးဖော် ထားကြခြင်းဖြစ်ပြီး မျက်မှန်ကိုင်းကို ထပ်၍ခုံးလိုက်သောအခါ (PRISM) သဖွယ်ဖြစ်၍သွားပြီး ခေါင်းမူးခြင်းဖြစ် သည်။ ကိုသန်းအောင်၏မျက်မှန်ကိုင်းကို ဖြောင့်၍ပေးပြီး နားထင်တံကိုကွေး၍ နားနှင့် ကပ်ပေးလိုက်သောအခါ အလွန် ကြည့်ကောင်းသွားပါသည်။
မျက်မှန်သွေးဖော်ရာတွင် အနားများ ညီညာမှုရှိရပါမည်။ တစ်ဖက်သို့ စွေ သွားလျှင်(PRISM)ပါဝါဖြစ်၍သွား မည်။ ဆလင်ဒါပါဝါများတွင်လည်း ဝင်ရိုးလိုင်း၏ တစ်ဖက်တစ်ချက်အနား များညီညာမှုရှိရပါမည်။ မှန်အထူအပါး များကိုညှိပြီးမှ ပါဝါသွေးရပါမည်။ သို့မှ သာ မျက်မှန်ပါဝါတပ်ရသူများ မျက်မှန် ပါဝါပြုလုပ်သူများ နှစ်ဦးနှစ်ဖက် တိုး တက်ကောင်းမွန်မှုရှိကြမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။