images
UN
UN
ချစ်စရာမြန်မာ့စိတ်ရင်း မြန်မာ့ဓလေ့ကို သက်သေပြနေသောရေချမ်းစင်များကို ခေတ်မီနည်းစနစ်ဖြင့် အလှပဆုံးပြုလုပ် ကုသိုလ်ပြုလာ
နွေနဒီ(မြစ်ငယ်) Sunday, 22 April 2018
နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုများသည် ထိုနိုင်ငံရှိလူမျိုးတို့၏ စိတ်ရင်းနှင့်ဓလေ့ကို ဖော်ပြပေးသည်ဟု ဆိုသည်။ မြန်မာ့ဓလေ့ မြန်မာ့စိတ်ရင်းကိုလေ့လာသမျှ ချစ်စရာဓလေ့ များစွာရှိနေပေသည်။ နိုင်ငံတကာခရီးသွား ဧည့်သည်များကမူ မြန်မာတို့၏အသုံးအဆောင် အပြုအမှု အပြောအဆိုနှင့်ဝတ်စားဆင်ယင်မှု ကို အလေးထားလေ့လာကာ မြန်မာ့ရှုခင်းများ နှင့် မြန်မာ့စိတ်ရင်းများကို မှတ်တမ်းယူလေ့ ရှိသည်။
မြန်မာ့စိတ်ရင်း မြန်မာတို့၏ချစ်စရာဓလေ့ ကို အလွယ်ဆုံးသက်သေပြမှုအနေဖြင့် ရေချမ်း စင်များက သက်သေပြလျက်ရှိသည်။ မြန်မာ နိုင်ငံတွင်ရေချမ်းစင်များကို ကျေးလက်နှင့် မြို့ပြနေရာတိုင်းတွင် တွေ့နိုင်သည်။ ရေ အသက်တစ်မနက်ဟုဆိုသလို လူတွင်အလိုအပ် ဆုံးသော ရေကိုကုသိုလ်ပြုကာ စိတ်ကြည်နှုး မှု ရယူလေ့ရှိသည်။ ရေချမ်းစင်တည်သော ချစ်စရာဓလေ့သည် ရှေးနှစ်ပေါင်းများစွာ ကတည်းက ပြုလုပ်လာခဲ့ကြသည်။ ဇာတ် တော်လာရေချမ်းစင်တည်ရခြင်းအကြောင်း တွင် ဝိပဿီဘုရားလက်ထက်မှ စခဲ့သည်ဟု ဆိုထားသည်။
ဘုရားရှင်ကို ဘုရင်မင်းမြတ်မှအစ သူဌေး သူကြွယ်အဆုံး အားလုံးအပြိုင်အဆိုင် သူ့ထက် ငါသာအောင် ကုသိုလ်ပြုနေချိန်တွင် ဆင်းရဲ လွန်း၍ ရေထမ်းရောင်းရသော ရေထမ်းသမား လေးကလည်း မြစ်ထဲမှ ရေကိုခပ်ယူကာ ကျောင်းအသီးသီးတွင် လှူဒါန်းကုသိုလ်ယူ ခဲ့သည်။ ရေထမ်းသမားလေး ရေလှူရသော အကျိုးကြောင့် သေသည်၏အခြားဘက်တွင် နတ်မင်းအဖြစ်အကြိမ် ၅ဝ၊ စကြဝတေးမင်း အဖြစ် အကြိမ် ၂ဝ ဖြစ်ခဲ့သည်ဟုဆိုထားသည်။
ရေလှူဒါန်းခြင်းဖြင့် အကျိုး ၁ဝပါး ရရှိ သည်ဟု ဆိုထားသည်။ လျင်မြန်ခြင်း၊ သန့်ရှင်း စင်ကြယ်ခြင်း၊ ကျော်ကြားခြင်း၊ ဆာလောင် မွတ်သိပ်မှုကင်းခြင်း၊ အခြွေအရံများခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာ ကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဥာဏ်ကြီးခြင်း ဆိုသောအကျိုးများပင်ဖြစ်ကြောင်း လက်ခံ ယုံကြည်ထားသည်။ လက်ရှိကာလတွင် ရေ ချမ်းစင်တည်ကာ ရေဖြည့်နေစဉ် မိမိကုသိုလ် ကို အားရစွာသောက်သုံးခြင်းကို မြင်သမျှ လက်ငင်းစိတ်ချမ်းသာရခြင်းသည်ပင် လက် တွေ့အကျိုးပင်ဖြစ်ကြောင်း သိရှိနိုင်သည်။
ယခုအခါတွင် မြန်မာ့စိတ်ရင်း မြန်မာ့ ဓလေ့ကို သက်သေပြနေသည့် ရေချမ်းစင်များ ကို ခေတ်မီနည်းစနစ်များဖြင့် အလှပဆုံးဖန်တီး ကာ ကုသိုလ်ပြုလျက်ရှိသည်။ ရေချမ်းစင် များကို ချစ်စဖွယ်ပုံများပြုလုပ်ပြီး ခေတ်မီ ရေပိုက်ခေါင်းများ တပ်ဆင်ထားကြသည်။ အချို့ရေချမ်းစင်များမှာ အလယ်တွင် ရေပိုက် ခေါင်းတပ်ကာ ရေအိုးပုံသဏ္ဌာန်ကိုပြုလုပ် ထားပြီး ဘေးပတ်လည်တွင် ရေအိုးများဝန်းရံ ပေးထားသည်။ ရေချမ်းစင်များမှာ မြင်သူ ကို စွဲဆောင်စေပြီး သောက်ချင်သဖွယ်ဖန်တီး ကာ ကုသိုလ်ပြုမှုများလာကြောင်း သိရသည်။