images
UN
UN
မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်
Wednesday, 25 April 2018
ဧရာဝတီတိုင်းဒေသကြီး ကြံ ခင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေး ရွာနေပြည်သူများအတွက် မိုးရာ သီသွေးလွန်တုပ်ကွေးရောဂါ ကြို တင်ကာကွယ်ရေးလုပ်ငန်းများဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ယခုလ ၂၄ ရက်မှ ၂၆ ရက်ထိ မြို့ပေါ် (၃)ရပ်ကွက်ရှိ နေအိမ် ၃ဝဝဝ ကျော်ရှိ ရေအိုး/ ရေကန်များကို ကျန်းမာရေးဦးစီး ဌာနမှဦးစီး၍ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ဆေး Abat အား လိုက်လံခတ်ပေးနေခြင်းအား လူမှု ရေးအသင်းအဖွဲ့များ လက်တွဲ၍ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင် လှုပ်ရှားခဲ့ကြောင်းနှင့် ကျေးရွာများ သို့ ဆက်လက်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။