images
UN
UN
The Voice Myanmar ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များအား ပရိသတ်များ အွန်လိုင်းမှ မဲပေးရွေးချယ်နိုင်မည်
ဒဂုံဝေလင်း Thursday, 26 April 2018
MRTV-4 Channel တွင် ထုတ်လွှင့်ပြသနေသောThe Voice Myanmar သီချင်းဆိုပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသော ပြိုင်ပွဲဝင်များကို အားပေးသူပရိသတ်များအနေဖြင့် မိမိနှစ်သက်ရာ ပြိုင်ပွဲဝင်များကို အွန်လိုင်းကနေတစ်ဆင့် မဲပေးနိုင် ကြောင်းသိရပြီး မဲပေးရမည့်စနစ် သစ်ကို ထုတ်ပြန်ကြေညာလိုက် ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ မဲပေးသူများ အနေဖြင့် MPT ကို အသုံးပြုနေသူ များသာပေးရမည်ဖြစ်ပြီး ပရိသတ် များအနေဖြင့် လာမည့် တိုက်ရိုက် သီဆိုယှဉ်ပြိုင်မှုပွဲစဉ်များကိုအွန်လိုင်းWeb Portal ဖြစ်သည့် thevoice. mptvote.com မှတစ်ဆင့် မဲပေး နိုင်ကြောင်း၊ ဧပြီ ၂၉ ရက်မှ ဇွန် ၃ ရက်အထိ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်းတွင် ကျင်းပသွားမည့်The Voice Myanmar ၏ တိုက်ရိုက် သီဆိုယှဉ်ပြိုင်မှုပွဲစဉ်တွင် ပြိုင်ပွဲဝင် ၂၄ ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
MPT အနေဖြင့် ပရိသတ်များ က မိမိနှစ်သက်သဘောကျသည့် အဆိုတော်ကို thevoice. mptvote. com အွန်လိုင်းWeb Portal မှမဲပေး နိုင်ရန်အတွက် မိမိသုံးစွဲသလောက် သာကျသင့်မည့် Pay As You Go (PAYG) သို့မဟုတ် လွယ်ကူစွာ အသုံးပြုနိုင်မည့် Voting Pack များကို ရွေးချယ်နိုင်ရန် ပြုလုပ် ပေးထားပါသည်။PAYG ကို ရွေးချယ်ထားသည့် သုံးစွဲသူများ အနေဖြင့် တစ်မဲလျှင် ၁၆ ကျပ် နှုန်းဖြင့်Live ပြိုင်ပွဲတစ်ခုလျှင် အများဆုံး သုံးကြိမ်အထိသာမဲပေး နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ပြိုင်ပွဲ တွင် မိမိကြိုက်နှစ်သက်သည့် အဆိုတော်ကို မဲပေးနိုင်ရန်အတွက် Voting Pack ကိုလည်း MPT မှ မိတ်ဆက်ပေးထားပါသည်။ ထို Voting Pack သည်သုံးစွဲသူများ စိတ်ကြိုက်မဲပေးနိုင်သည့် အခွင့် အရေးရရှိမည်ဖြစ်ပြီး မဲ ၂ဝအတွက် ၃၁၅ ကျပ်(ကုန်သွယ်ခွန်ပါပြီး) သာ ကျသင့်မည်ဖြစ်သည်။ သုံးစွဲ သူများအနေဖြင့် Voting Pack များ ကို ပြိုင်ပွဲတစ်လျှောက်လုံး အသုံး ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။