images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ဒေးဒရဲမြို့နယ်တွင် မြေဆီလွှာဓာတ်ခွဲစစ်ဆေးပွဲနှင့် တောင်သူစိုက်ပျိုးရေးပညာပေးဆွေးနွေးပွဲကျင်းပ
မော်ကျွန်းမြင့်အောင် Thursday, 26 April 2018
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ ကြီးမှူးကျင်းပသော မြေ နမူနာရယူခြင်း၊မြေဆီလွှာအာဟာရ ဓာတ်ခွဲစစ်ဆေးခြင်းသရုပ်ပြပွဲနှင့် တောင်သူစိုက်ပျိုးရေးပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ဒေးဒရဲမြို့နယ် သက္ကယ် ချောင်ကျေးရွာအုပ်စု ရွှေဘိုစု ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ယင်းတောင်သူစိုက်ပျိုးရေး ပညာပေးဆွေးနွေးပွဲတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးထက် မြက်အောင်တို့က စပါးအထွက် နှုန်းတိုးတက်မြင့်မားရေးကိုလည်း ကောင်း၊ ဖျာပုံခရိုင် စိုက်ပျိုးရေး ဦးစီးမှူးဦးကျော်ကျော်လှိုင်၊ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန် မောင်မြင့်၊ တိုင်းဒေသကြီး သီးနှံ ကာကွယ်ရေးတာဝန်ခံ ဦးဝင်းစိုး နှင့် တိုင်း/ခရိုင်တာဝန်ရှိသူများကSRI စိုက်ပျိုးရေးစနစ်၊GAP စိုက် ပျိုးရေးအလေ့အကျင့်ကောင်းများ၊ သီးနှံကာကွယ်ရေး၊ မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းနှင့် စပါးဖျက် ရွှေခရုကာကွယ်နှိမ်နင်း ရေး နည်းများကိုလည်းကောင်း ကဏ္ဍအလိုက် တောင်သူပညာပေး ဆွေးနွေးကြသည်။
ထို့နောက် မြေနမူနာရယူပွဲကို ဒေးဒရဲမြို့နယ် သက္ကယ်ချောင် ကျေးရွာအုပ်စု ရွှေဘိုစုကျေးရွာ စံပြလယ်ယာစိုက်ကွင်း၌ကျင်းပရာ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးရဲအောင်နှင့် ဝန်ထမ်းများ၊ကျေးရွာ ၁ဝ ရွာမှ စံပြတောင်သူ ၁၇၁ ဦး တက်ရောက်ကြပြီး စံပြလယ်ယာ စိုက်ကွင်းမှမြေနမူနာရယူကာ ဖျာပုံ ခရိုင် မြေအသုံးချရေး တာဝန်ခံ ဒေါ်ခင်စန်းယုက မြေဆီလွှာအာ ဟာရဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ကို လက်တွေ့သရုပ်ပြသည်။