images
UN
UN
မိသားစုကလက်ခံအားပေးတော့ အနုပညာအလုပ်ကို အေးအေးချမ်းချမ်းလုပ်ခွင့်ရလို့ ကျေနပ်ပါတယ်ဆိုတဲ့သရုပ်ဆောင်မြနှင်းရည်လွင်
MS Friday, 27 April 2018
သရုပ်ဆောင်မြနှင်းရည်လွင်က ယခုလက်ရှိ ထုတ်လွှင့်ပြသနေ သော 'နွေကန္တာဦး'နှင့် 'ကြမ္မာနွံ'ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်ထားသူဖြစ်ပြီး သရုပ်ဆောင်ပိုင်းကို ငါးနှစ်ကျော် နားထားပြီးမှ ပြန်လည်ရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။
သူမက အိမ်ထောင်ကျပြီးနောက် ဒုတိယအကြိမ် အနုပညာ လောကထဲ ပြန်လည်ဝင်ရောက်ခဲ့သူဖြစ်ကာ အနုပညာအလုပ်များကို ဆက်တိုက်ကြိုးစားနေသူဖြစ်သည်။ ထို့ကြောင့် သူမနှင့်တွေ့ဆုံကာ ပရိသတ်လက်ထဲ ဆက်တိုက်ရောက်ရှိလာမည့် အနုပညာအကြောင်း ကို မေးဖြစ်ခဲ့သည်။

* အခု ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေ ပရိသတ် အားပေးတော့ ကိုယ်တိုင်ရော ပြန်ကြည့်ပြီး ဘယ်လိုခံစားရ လဲ။
* ဝမ်းသာပါတယ်။ ဇာတ်လမ်း
တွေက မပြီးသေးတော့ ပရိသတ် တွေရဲ့တုံ့ပြန်မှုက အတိအကျမသိ ရသေးဘူး။ ဧပြီ ၂၅ရက်ကျမှ 'နွေ ကန္တာဦး'မှာပါတော့ အခုအချိန်ထိ အပြစ်ပြောထားတာ မတွေ့သေး ဘူး။ ဘယ်လိုဖြစ်မလဲ မသိသေးဘူး။ 'ကြမ္မာနွံ'လည်း အားပေးပါတယ်။ လိုအပ်ချက်က ရှိတာပေါ့။ ကိုယ့်ဘာသာ လိုအပ် ချက်တွေပြန်ကြည့်ရင်တွေ့တာ ပေါ့။ ဒါပေမဲ့ ဝမ်းသာရတာပေါ့။ အခုအဓိက သူနာပြုဆရာမတွေက တော်တော်များများ လာပြောကြ တယ်။ ယူနီဖောင်းအမှန်ဝတ်ပေး လို့ သူတို့တွေ ပျော်တယ်ပေါ့။ အစ်မလည်း မိတ်ဆွေ ဆရာဝန်ကို အကူအညီတောင်းပြီး သူနာပြုချုပ် မာမီကြီးကို သွားမေးပြီးမှ ဝတ် တာပါ။ 'နွေကန္တာဦး'က 'ဧဒင် နတ်သမီး'ပြီးတော့ ငါးနှစ်ကျော်မှ ပြန်စရိုက်တဲ့ ဇာတ်လမ်းတွဲပါ။ ဝတ္ထုကို သူတို့ပြောကတည်းက ဖတ်တယ်။ လိုတာတွေပြင်ဆင် တယ်။ 'ကြမ္မာနွံ'က 'နွေကန္တာဦး' ရိုက်ပြီးမှရိုက်တဲ့ ဇာတ်လမ်းဆို တော့ စကားပြောတာတွေက ရှေး ခေတ်မဟုတ်တော့ဘူး။ နှစ်ကား စလုံးက အအေးအငြိမ်ပဲ။ ပုံစံ မတူဘူး။ ကွဲတယ်။
* အခုလက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲအကြောင်း ပြော ပြပါဦး။
* အခုလက်ရှိ 'ဇနီးချောများ
ကွန်ရက်'မှာ ဖက်ရှင်ဒီဇိုင်နာ ပေါ့။ သူ့ပုံစံက အအေးထဲသွား တာပဲ။ ဒါပေမဲ့ ယခုလက်ရှိပြသ နေတဲ့ နှစ်ကားနဲ့မတူဘူး။ ဖက်ရှင် ဒီဇိုင်နာတွေ ခပ်မိုက်မိုက်လေးဝတ် တဲ့ပုံစံပေါ့။ အပြင်မိန်းကလေးတွေ မိုက်တဲ့ပုံစံမျိုးမဟုတ်ဘူး။ ဖက်ရှင် ကျကျဝတ်တဲ့ ကာရိုက်တာမျိုး ပေါ့။ အသွက်ကြီးလည်း မဟုတ် ဘူး။ အငြိမ်ကြီးလည်း မဟုတ် ဘူး။ ကြားပေါ့။
* အမျိုးသားက အနုပညာ အလုပ်ကို အားပေးတယ်ဆို တော့ အခုဇာတ်လမ်းတွဲတွေ ကြည့်ပြီး ဘယ်လိုပြောလဲ။
* သူကတော့ တစ်ချိန်လုံးအရမ်း
လှတယ်ပဲပြောနေတယ်။ ဘာ တွေလိုအပ်နေတယ်ပြောတယ်။အခု ဆို အခန်းထဲမှာMRTV-4 ဖွင့် ထားရင် ဧည့်ခန်းထဲကMNTV ဖွင့်ထားတယ်။ သူက 'ကြမ္မာနွံ' ကြည့်ပေးတယ်။ အမေက 'နွေ ကန္တာဦး'ပေါ့။ အစ်မက ကြော်ငြာ လာတဲ့အခါ ဟိုဘက်သွားကြည့် လိုက်ပေါ့။ သူက အရမ်းအားပေး နေတာ။
* အခုလက်ရှိ အသက်အရွယ်မှာ မိသားစုလည်း အားပေးတော့ အလုပ်ကို ကျေနပ်မှုရှိလား။
* ကျေနပ်ပါတယ်။ ဒါပေမဲ့
ကိုယ့်မှာ ဆက်လုပ်ရမှာတွေက အများကြီးပါ။ အခုလက်ရှိက အကုန်အေးချမ်းတယ်။ အလုပ်ကို လည်းသူကခွင့်ပြုတယ်။ မိဘတွေ ကလည်း လက်ခံတယ်ဆိုတော့ အေးအေးချမ်းချမ်းပဲ။ အလုပ်ကို စိတ်အနှောင့်အယှက် မရှိဘူး။ မိသားစုလည်း အေးအေးချမ်းချမ်း ပဲဆိုတော့ အကုန်လုံးက မျှနေ တယ်။ အဆင်ပြေတယ်။