images
UN
UN
ကျပ်သိန်း ၈ဝဝ မှကျပ် သိန်း ၄ဝဝဝ တန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၂ဝဝ ကျော် ရောင်းချမည့် အိမ်ရာအရောင်းပြပွဲကျင်းပမည်
ရွှေရောင် Friday, 27 April 2018
မြန်မာနိုင်ငံ၏ အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ် ဆိုက်ဖြစ်သော (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)မှ ကြီးမှူး၍ AYA Home Loan နှင့် ချိတ်ဆက်ကာ ၁၅ နှစ် အထိ အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် iGREEN MEGA EXPO အိမ်ရာအထူး အရောင်းပြပွဲကြီးကို ယခုလ ၂၈ ရက်နှင့် ၂၉ ရက် စနေ၊ တနင်္ဂနွေတို့တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ရန်ကုန်မြို့ Novotel Hotel ၌ကျင်းပသွားမည်ဖြစ်ကြောင်း ယမန် နေ့တွင် သိရသည်။
အဆိုပါအိမ်ရာအထူးအရောင်းပြပွဲကြီး၏ဖွင့်ပွဲ အခမ်းအနားကို ပြပွဲပထမရက်ဖြစ်သည့် ယခုလ ၂၈ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပမည်ဖြစ်ပြီး iMyanmar House.com မှ Managing Director ဦးနေမင်းသူ၊ iGreen Development and Engineering Group မှ Marketing Director ဦးကျော်နိုင်၊ AYA Ho ပြပွဲအတွင်း iGreen Development မှ တည်ဆောက်ထားသည့် ကျပ်သိန်း ၈ဝဝ ကျော်မှ သိန်း ၄ဝဝဝကျော် တန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၂ဝဝ ကျော်ကို ငါးရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂ဝ အထိ အထူး သက်သာခွင့်များ AYA Home Loan ဖြင့် တစ်နှစ်မှ ၁၅ နှစ်အထိ အရစ်ကျပေးချေနိုင်သောစနစ်များဖြင့် ရောင်းချပေးမည်ဖြစ်သည်။
''ကျွန်တော်တို့ iMyanmar House.com က iGREEN နဲ့ ပူးပေါင်းပြီး ၂ဝ၁၅ ခုနှစ်မှစတင်ကာ MEGA EXPO ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ AYA ဘဏ်ကပါSupporting ပေးပြီး အိမ်ရာချေးငွေဖြင့် ရောင်းချပေးမှာဖြစ်ပါတယ်။ ဒီလို MEGA EXPO တွေမှာ iGREEN က တည်ဆောက် တဲ့စီမံကိန်းအားလုံး ထည့်သွင်းရောင်းချပေးတာဖြစ် လို့ ရွေးချယ်စရာလည်းများတယ်။ အထူးသက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးမှာဖြစ်လို့ လာရောက် လေ့လာဝယ်ယူကြဖို့ ဖိတ်ခေါ်ပါတယ်''ဟု ပြပွဲစီစဉ် ကျင်းပသည့် iMyanmar House.com ၏ မန်နေဂျင်း ဒါရိုက်တာဦးနေမင်းသူက ပြောသည်။