images
UN
UN
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့်အဖွဲ့ မိုင်းယုဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးမှုအခြေအနေအားကြည့်ရှုစစ်ဆေး
ကိုကိုနိုင် Saturday, 28 April 2018
တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်နှင့်အဖွဲ့ဝင် များသည် ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်ခရိုင် မိုင်းယုမြို့သို့ ရောက် ရှိခဲ့ပြီး အမှတ်(၁ဝဝ၈) နယ်ခြား စောင့်တပ်ရင်းရှိ အရာရှိရိပ်သာ၌ ဌာနဆိုင်ရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းမှူးသည် ဌာန ဆိုင်ရာများနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံမိတ်ဆက်ကာ အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြ သော မိုင်းယောင်းမြို့နယ်အုပ်ချုပ် ရေးမှူး ဦးမင်းနိုင်အောင်၊ မိုင်းယု မြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာ နှင့် မိုင်းယောင်း-မိုင်းယုဌာနဆိုင်ရာ များမှ မိုင်းယုဒေသဖွံ့ဖြိုးတိုးတက် မှုအခြေအနေများနှင့် ဒေသလိုအပ် ချက်များတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းမှူး နှင့်အဖွဲ့သည် တပ်ရင်းမိသားစုဝင် များနေထိုင်သည့် အိမ်ရာများကို လှည့်လည်ကြည့်ရှုကာတပ်မိသားစု ဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးစကားများပြော ကြားခဲ့သည်။
ထို့နောက် မိုင်းယုမြို့ပေါ်သို့ ရောက်ရှိကာ မိုင်းယုဖွံ့ဖြိုးတိုး တက်မှု အခြေအနေများ၊ မိုင်းယု-ကျိန်းယဲန်းတံတား တည်ဆောက် ထားမှု အခြေအနေများနှင့် ဒေသ ကုန်စည်စီးဆင်းမှု အခြေအနေများ အား လှည့်လည်ကြည့်ရှုစစ်ဆးခဲ့ ကြောင်း သိရသည်။