images
UN
UN
သတ္တုသံပါသောသီချင်းများဟု အမည်ပေးထားသော ဂီတဖျော်ဖြေပွဲ အမျိုးသားဇာတ်ရုံတွင်ပြုလုပ်မည်
ဒဂုံဝေလင်း Sunday, 29 April 2018
နာမည်ကျော်တေးရေးဆရာ တစ်ဦးဖြစ်သည့် တေးရေးသော် ဒီဝေ စီစဉ်သည့် 'သတ္တုသံပါ သောသီချင်းများ' လို့အမည်ပေး ထားသည့်တေးဂီတဖျော်ဖြေပွဲကို မေ ၅ရက်တွင် ရန်ကုန်မြို့ အမျိုး သားဇာတ်ရုံကြီးမှာ ကျင်းပမှာဖြစ် ကြောင်း သိရသည်။
ဖျော်ဖြေပွဲနှင့်ပတ်သက်ပြီးတေး ရေးသော်ဒီဝေက 'ကျွန်တော် ဒီပွဲ လုပ်ဖြစ်တာက Yangon Bar က ကိုဝေဖြိုးက အမှတ်တရပွဲလေးစီစဉ် ချင်တယ်ဆိုတာရယ် ပြည်တော်ဦး တေးသံသွင်းကလည်း လေးဖြူနဲ့ အငဲ အနည်းဆုံးတစ်ပုဒ်စီဆိုပေး မယ်ဆိုရင် စီးရီးလေးလုပ်ပေးချင် တယ်ဆိုတာတွေရယ်ကြောင့် လုပ် ဖြစ်တာပေါ့နော်Yangon Barကလည်း show ပွဲလုပ်ဖို့က နေရာ ကအဆင်မပြေဘူးလေ နယူးဂျန ရေးရှင်းတွေပေါ့။ အငဲ သမီး၊ ချစ် စန်းမောင်သမီးပါမယ်၊ ခင်စုစုနိုင် တို့ပါမယ် အားလုံး ၁၅ ယောက် လောက်ရွေးထားပါတယ်။လေးဖြူ က ကျွန်တော့်သီချင်းတွေ မဆို တော့ဘူးတဲ့ ဟယ်ရီလင်းရဲ့သီချင်း တွေဆိုမယ်တဲ့၊ ဟယ်ရီလင်းသီချင်း ကနှစ်ပုဒ်နဲ့ သူ့ရဲ့သီချင်းMaster Peace 'အလင်းရောင်'ရယ် သုံး ပုဒ်ဆိုမယ်။ အငဲလည်း ဟယ်ရီ လင်းရဲ့သီချင်း တစ်ပုဒ်ဆိုမယ်။ 'သတ္တုသံပါသော သီချင်းများ' လို့ ပေးတာလေးကစပြီးတော့ပြဿနာ ကစတာပဲHeavy Meatel လို့ မသုံးချင်တာကြောင့် 'သတ္တုသံပါ သောသီချင်းများ'လို့ သုံးလိုက်တာ ပါ။ ဒီကလေးတွေမှာ သတ္တုသံ ဘယ်မှာ ပါလို့လဲ ဒီသီချင်းတွေကို ကလေးတွေကို ဘာလို့ဆိုခိုင်းတာ လဲပေါ့ မတန်မရာပေါ့။ စောဒက တက်ကြပါတယ်။ ကလေးတွေကို အပြစ်မမြင်ပါနဲ့လို့ ကျွန်တော့် ကိုသာ အပြစ်မြင်ကြပါလို့ပြောချင် ပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ သီချင်း အပုဒ် ၁၃ဝ ကျော်ရှိတဲ့ထဲ ကမှ အပုဒ် ၃ဝ ရွေးပြီးတော့ သူတို့ဆိုကြမယ်။ ဒီShow ပွဲကို VCD ထုတ်ဖြစ်မှာပါ ပြည်တော်ဦး တေးထုတ်လုပ်ရေးကပေါ့''ဟု ပြောကြားလာပြီး၊ ၄င်းအနေဖြင့် လေးဖြူ သီဆိုအောင်မြင်ခဲ့သော 'အလင်းရောင်' 'တောင်ပံများနဲ့' 'ကမ္ဘာကြီးက လုံးပြီးဝိုင်းတယ်' 'အိပ်မက်မီးရထား'တို့ဖြစ်ပြီး၊ အဆိုတော် အငဲသီဆိုခဲ့သည့် 'ခါး' 'လမ်းပြပါဦး' 'ဂန္ဓဝင်မြောက် အိမ်ပြန်'ဟယ်ရီလင်း သီဆို ထား သော 'ပျောက်ဆုံးသွားမှာဆိုး' 'အားလုံးပြန်ယူသွားပါ'စသည့် သီချင်းများကို ရေးသားခဲ့ကြောင်း သိရသည်။
အဆိုပါဖျော်ဖြေပွဲတွင် အဆို တော်လေးဖြူ၊ အငဲ၊ ဖိုးကျော်တို့ အပြင်လူငယ် တေးသံရှင်များဖြစ် ကြသည့် ဂျီလတ်၊ သအို၊ ငဲငယ် လေး၊ လမင်းခ၊ ခင်စုစုနိုင်၊ လိမ္မော်သီး ၊Jewel ၊ သားငယ်၊ ကိုးနိုင်းနှင့် ကျော်ဇင်ထိုက် တို့သီ ဆိုမည့်တေးရေးသော်ဒီဝေရေးသား ထားသည့်အောင်မြင်ပြီး လူသိများ ကျော်ကြားခဲ့သော သီချင်းအပုဒ် ၃ဝ ကျော် သီဆိုဖျော်ဖြေသွားကြ မည်ဖြစ်ကြောင်း လက်မှတ်များကို ကျပ် ၇ဝဝဝဝ၊ ကျပ် ၆ဝဝဝဝ၊ ကျပ် ၅ဝဝဝဝ၊ ကျပ် ၄ဝဝဝဝ၊ ကျပ် ၃ဝဝဝဝ၊ ကျပ် ၂ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ သတ်မှတ်ရောင်းချ မည်ဖြစ်ကြောင်း သိရသည်။