images
UN
UN
Samsung ၏ လာမည့်GalaxyX ဖုန်းScreen သုံးခုဖြစ်ဖွယ်ရှိ
နောင်နောင် Sunday, 29 April 2018
Forbes မဂ္ဂဇင်း၏ လက် အောက်ခံတစ်ခုဖြစ်သည့် တောင် ကိုရီးယားနိုင်ငံမှ The Bell သတင်းဌာန၏ ဖော်ပြချက်အရ ကမ္ဘာကျော် အီလက်ထရွန်နစ် ကုမ္ပဏီSamsung သည် ၄င်း၏ နောက်ထွက်မည့် fh Galaxy X စီးရီး စမတ်ဖုန်းသစ်သည်screenသုံးခု ပါမည့် ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း ဖြစ်နိုင်ဖွယ်ရှိကြောင်း သိရသည်။
အဆိုပါGalaxy X သည်ရှေ့ ဘက်တွင် ၃ ဒသမ ၅ လက်မLED displayနှစ်ခုဖြင့် ပေါင်းစပ် ဖွဲ့စည်းထားမည်ဖြစ်ပြီးdisplayများကိုဖြန့်ထားမည်ဆိုပါက မျက် နှာပြင်ခုနစ်လက်မအရွယ် တက် ဘလက်တစ်ခုဖြစ်သွားမည် ဖြစ် iPad Miniအရွယ်အစား နီးပါး ရှိမည်ဟုသိရသည်။ ထူးခြားချက် အနေဖြင့် တတိယscreenကို ဖုန်းကျောဘက်တွင် သုံးထားမည် ဖြစ်ပြီး မျက်နှာပြင်ကိုtablet modeအသုံးပြုနေချိန်တွင် ရိုးရိုး စမတ်ဖုန်းတစ်လုံးကဲ့သို့ phone modeကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် Galaxy X ၏ရှေscreen display နှစ်ခုသည် ဖွင့် ထားသည့်စာအုပ်တစ်အုပ်၏အတွင်း စာမျက်နှာ နှစ်ခုကဲ့သို့ဖြစ်နေပြီး နောက်ဘက်screen သည်စာအုပ် အဖုံးတစ်ခုကဲ့သို့ပုံသဏ္ဌာန်အနေဖြင့် ထွက်လာမည်ဟု ယူဆရသည်။
အကယ်၍ ယခုပေါက်ကြား သည့် ပုံသဏ္ဌာန်အတိုင်းဖြစ်လာ မည်ဆိုပါက ယခုနှစ်အတွင်းကြား သိနေရသည့်အခြားသောကောလာ ဟလသတင်းများနှင့် ကိုက်ညီနေ သည်ဟုလည်း သိရသည်။Sam-sung သည် ၂ဝ၁၁ ခုနှစ်ခန့်က တည်းက ခေါက်သိမ်းနိုင်သည့်display များဖြင့် ဖုန်းများထုတ် လုပ်ရန်အာရုံစိုက်ခဲ့ခြင်းဖြစ်ပြီးယခုGalaxy X ဒီဇိုင်းကို လာမည့် ဇွန်လတွင် အပြီးသတ်ဆောင်ရွက် ကာ အတည်ပြုတော့မည်ဟုလည်းThe Bellက ဖော်ပြထားသည်။ လာမည့် ၂ဝ၁၉ ခုနှစ်ထဲတွင် ဈေးကွက်သို့ ဖြန့်ချိသွားရန် စီစဉ် နေသည်ဟုလည်း သိရသည်။
Ref: Mashable Asia