images
UN
UN
ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီYBS ၂၁ စုပေါင်းခွဲဝေယူသော ဝေပုံကျစနစ် မေ ၁ ရက်မှစ၍ ကျင့်သုံးမည်
အဖြူရောင် Monday, 30 April 2018
အနောက်ပိုင်းတက္ကသိုလ်မှ အင်းစိန်လမ်းမကြီးတစ်လျှောက် ပြေးဆွဲနေသည့်YBS၂၁ယာဉ် လိုင်းမှ တာဝန်ယူပြေးဆွဲနေသော power elevenကုမ္ပဏီနှင့် ခေတ် သစ်ဘုရင့်နောင်ကုမ္ပဏီနှစ်ခုအနက် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီသည် မေ ၁ ရက်မှစ၍ စုပေါင်းခွဲဝေ ယူသော ဝေပုံကျစနစ်ကျင့်သုံး မည်ဖြစ်ကြောင်းYBS၂၁ယာဉ်ပိုင် ရှင်များအသိုင်းအဝိုင်းမှသိရသည်။
''ကျွန်တော်တို့power eleven company ကတော့YBS စက တည်းက ဒီစနစ်ကိုကျင့်သုံးခဲ့တာ ပါ။ကျွန်တော်တို့အနေနဲ့ဝမ်းမြောက် ဝမ်းသာကြိုဆိုပါတယ်။လိုအပ်တာ များရှိရင်လည်းကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးကူညီပါမယ်။ ခရီးစဉ်လမ်းကြောင်းတစ်ခုတည်းမှာ ကုမ္ပဏီနှစ်ခုအပြိုင်အဆိုင်ပြေးဆွဲနေ ရသလိုဖြစ်နေပေမယ့် သူတို့အောင် မြင်ရင် ကျွန်တော်တို့အောင်မြင် တယ်လို့ပဲ မှတ်ယူပါတယ်''ဟု power eleven company မှ ကိုတရုတ်လေးက ပြောသည်။
ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီ အနေဖြင့် စုပေါင်းခွဲဝေယူသော ဝေပုံကျစနစ်အား ဆောင်ရွက်ရန် စီစဉ်မှုမှာ အချိန်အနည်းငယ်ကြာ နေပြီဖြစ်ပြီး ကုမ္ပဏီမှဆောင်ရွက် ချင်သော်လည်း တချို့သောယာဉ် ပိုင်ရှင်များက ကန့်ကွက်နေမှုများ ကြောင့်အချိန်အနည်းငယ်နှောင့်နှေး နေခြင်းဖြစ်ကြောင်း သိရသည်။
''ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီ အနေနဲ့ ဝေပုံကျစနစ်ကိုပြောင်းလဲ ရာမှာ စိန်ခေါ်မှုပေါင်းများစွာကို တွေ့ကြုံရမှာပါ။ ဝေပုံကျစနစ် ကိုပြောင်းလဲရာမှာ ယာဉ်မောင်း သူများရဲ့ဆန့်ကျင်မှုကို မလွဲမသွေ ကြုံရမှာပါ။ ဝေပုံကျစနစ်စတင် ကျင့်သုံးပြီးလိုင်းပြေးဆွဲတဲ့နေ့ရက် တွေမှာယာဉ်မောင်းသူတွေဟာခရီး သည်မတင်ဘဲ လျှောက်မောင်းနေ တတ်ပါတယ်။ သူတို့ ရည်ရွယ် ချက်က ပုတ်ပြတ်ကန်ထရိုက်ယူ မောင်းရတာကိုသဘောကျနှစ်ခြိုက် သည့်အတွက်ဝေပုံကျစနစ်လုပ်ရင် ဝင်ငွေမရဘူးဆိုတဲ့ အချက်အလက် အားယာဉ်ပိုင်ရှင်ကိုmessage ပေး ချင်ကြတာပါ။ အဲဒီအတွက် ကြောင့် ကားတွေကို အကြောင်းမဲ့ ခရီးသည်မတင်ဘဲလျှောက်မောင်း ပြီး ပညာပြတတ်ကြပါတယ်''ဟု ၄င်းကပြောသည်။
ဝေပုံကျစနစ် စတင်ဆောင် ရွက်ပါက ယာဉ်ပိုင်ရှင်များမှသတိ ပြု၍ကုမ္ပဏီနှင့်ပူးပေါင်းဆောင်ရွက် သင့်ကာ ဝေပုံကျစနစ်တွင် နေ့စဉ် ရသည့်ဝင်ငွေများကိုပွင့်လင်းမြင်သာ စွာသိမ်းဆည်းပြီးစနစ်တကျပြန်လည် ခွဲဝေပေးရမည်ဖြစ်ပြီး ပွင့်လင်း မြင်သာစွာစနစ်တကျမဆောင်ရွက် နိုင်ပါကဝင်ငွေနည်းပါးသည့်အချိန် တွင် တချို့ယာဉ်မောင်းများက ကုမ္ပဏီအားအထင်အမြင်လွဲမှားရန် ယာဉ်ပိုင်ရှင်သို့ သတင်းပို့မှုများရှိ တတ်ကြောင်းလည်း သိရသည်။
''လစာပဲပေးတော့လည်း လျှောက်ပြီးမောင်း၊ ခေါက်ကြေး ပေးတော့လည်း ခရီးသည်မတင်ဘဲ လျှောက်မောင်း၊ ရာခိုင်နှုန်းနဲ့ပေး တော့လည်း အပြိုင်အဆိုင်မောင်း နေတဲ့YBS လောကကြီးမှာ ခေတ် သစ်ဘုရင့်နောင်ကုမ္ပဏီအနေနဲ့ ရဲရဲ ဝံ့ဝံ့မှန်မှန်ကန်ကန် ဆောင်ရွက် လာတာကို ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း နှင့် ခရီးသွားပြည်သူများရဲ့အကျိုး ကိုဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒ ပြုပါတယ်''ဟု ၄င်းကထပ်မံ ပြောသည်။