images
UN
UN
စည်းကမ်းတကျ အမှိုက်စွန့်ပစ် ခြင်းဖြင့် ရပ်ရွာဒေသ သန့်ရှင်းလှပအောင် ကူညီကြပါစို့
မေစန္ဒာထွန်း Tuesday, 01 May 2018
လွန်ခဲ့သောရက်ပိုင်းက ရန်ကုန်မြို့တွင် နေရာအတော်များများ မိုးသက်လေပြင်း ကျရောက်ခြင်းနှင့်အတူ မိုးရေပက်ဖျန်း ခံရ၍ မြန်မာတို့၏ နှစ်သစ်ကူးအထိမ်း အမှတ်ပန်းဖြစ်သောပိတောက်ပန်းကလေး များကို မြင်တွေ့ကြရပြီးနောက် အတာ သင်္ကြန်ရေသဘင်ပွဲကာလရောက်ရှိလာ သဖြင့် တစ်နိုင်ငံလုံးပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြသည်။ သို့သော်အတာရေသဘင် ပွဲပြီးဆုံးချိန်တွင် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များအနီးတွင်လည်း ကောင်း၊ ရေကစားရင်း၊ ရေပက်ခံထွက် ရင်း လမ်းတစ်လျှောက်တွင် လည်း ကောင်း၊ နေ့လယ်ခင်း အရိပ်ခိုနားနေရာ လမ်းဘေးဝဲယာ နေရာများတွင်သော် လည်းကောင်း၊ အလွယ်တကူ စွန့်ပစ် သွားကြသည့် အသုံးပြုပြီးသား ရေသန့် ဘူးခွံ၊ ဖော့ဘူးခွံ၊ ပလတ်စတစ်စများ၊ စက္ကူစများ မြင်မကောင်းအောင်ပင် နေရာအနှံ့ မြင်တွေ့ကြရသည်။ အနားယူ အပန်းဖြေရာ မြက်ခင်းစိမ်းစိမ်းများပေါ် တွင် ပစ်ချထားခဲ့ကြသည့် အမှိုက်မျိုးစုံတို့ ဟိုတစ်စသည်တစ်စ ပြန့်ကျဲနေသည်။ ပစ်ချထားသူများက ပစ်ချထားခဲ့သော အမှိုက်မျိုးစုံကိုသိမ်းမည့် စည်ပင်သာယာ ရေးအဖွဲ့နှင့် ပရဟိတအမှိုက်ကောက်သူ များရှိသော်လည်း စည်းကမ်းမဲ့အမှိုက်ပစ် သူများ၏စိတ်ဓာတ် မပြုပြင်နိုင်သေး သရွေ့ လမ်းပေါ်တွင် အမှိုက်များရှိမြဲရှိနေ မှာဖြစ်သည်။ ကျွန်မတို့နိုင်ငံတွင် ပွဲတော် များ၊ ပွဲလမ်းသဘင်များကို အကြောင်း အမျိုးမျိုးဖြင့် ကျင်းပဖြစ်ကြသည်။ မည်သည့်ပွဲပင်ဖြစ်စေကာမူ ပွဲပြီးဆုံးလျှင် မြင်မကောင်းအောင် ကျန်နေခဲ့သည်များ ကတော့ ပွဲလာပြည်သူများ ပစ်ချခဲ့သည့် ပလတ်စတစ်များ၊ စက္ကူများ၊ ရေသန့် ဘူး၊ အချိုရည်ဘူး၊ ဖော့ဘူး စသည်ဖြင့် အမှိုက်ပေါင်းစုံမြင်တွေ့ရသည်မှာ ထုံးစံ လိုဖြစ်နေသည်။ ပွဲမစမီက သန့်ရှင်း သပ်ရပ်ခမ်းနားနေသောနေရာသည် ပွဲပြီး ဆုံးသွားသောအခါ အမှိုက်ပေါင်းစုံဖြင့် အကျည်းတန် အရုပ်ဆိုးသွားသည်။ ပွဲ မစမီက သန့်ရှင်းသော ကွင်းပြင်ထိုင်ခုံ တန်းများသည် ပွဲပြီးသွားသည့်အခါ အမှိုက်များ၊ နေကြာစေ့ခွံ၊ မုန့်ထုပ်ပလတ် စတစ်အိတ်များ၊ ရေသန့်ဘူးခွံများဖြင့် အရုပ်ဆိုးစွာ ကျန်ခဲ့သည်။
နှစ်စဉ်နှစ်တိုင်း အကယ်ဒမီပေးပွဲ အပြီးတွင် မြင်မကောင်းအောင်ကျန်ရှိနေ သည်များက အမှိုက်များဖြစ်သည်။ပွဲလာ ချိန်တွင် လှပကြော့ရှင်းစွာ ဝတ်ဆင်လာ ကြသော်လည်း မိမိအသုံးပြုပြီးသည်တို့ ကိုစည်းကမ်းတကျသိမ်းဆည်းပြီး အမှိုက် စွန့်ပစ်တတ်သည့် စိတ်ဓာတ်အလှလေး များကိုတော့ဝတ်ဆင်လာခြင်းမရှိကြပေ။ ထို့အတူ ရန်ကုန်မြို့၏ အနားယူအပန်းဖြေ နေရာများတွင်လည်း လှပသော ပန်းမာလာ မြက်ခင်းပြင်တို့နှင့် မလိုက်ဖက်အောင် ပလတ်စတစ်စများ၊ စက္ကူအပိုင်းအစ များက ဟိုတစ်စ သည်တစ်စလွင့်မျော နေလျက်ရှိသည်ကို အစဉ်မြင်တွေ့ရတတ် သည်။ အင်းလျားကန်ပေါင်တွင် လာ ရောက် အနားယူအပန်းဖြေပြီး ထားသွား ကြသည့် စားကြွင်းစားကျန် အမှိုက်များ ကြောင့် အင်းလျားကန်ပေါင်မြက်ခင်း ပြင်တွင် ကြွက်တွင်းများဖြင့် တဖြည်း ဖြည်းအရုပ်ဆိုး အကျည်းတန်လာသည်။ အင်းလျားကန်ပေါင်အလှကို ဖျက်ဆီးလာ သည်။ မြေ<ွကက်များကြောင့် ကန်ပေါင် ၏ကြံ့ခိုင်မှုများ လျော့နည်းလာစေမှာ ဖြစ် သည်။ မိမိတို့အနားယူ အပန်းဖြေနေ သည့် သာယာလှပသောနေရာများကို စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများကြောင့် မိမိတို့ ကိုယ်တိုင်ဖျက်ဆီးနေသည့်ပုံစံဖြစ် နေသည်။





ဈေးများတွင်လည်း အမှိုက်များကို စနစ်တကျထုပ်ပိုး၍ အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ရန် စည်းကမ်းချက် များကိုအသိပေးချိတ်ဆွဲထားခြင်း၊ အမှိုက် များကို အမှိုက်ပုံးများအတွင်းစွန့်ပစ်ရန် လိုက်လံအသိပေးပြောဆိုခြင်းများရှိသော် လည်း တချို့သောဈေးသည်များမှာ ဈေး ရောင်းရာမှ ထွက်သောအမှိုက်များကို အမှိုက်ပုံးတွင် သွားရောက်စွန့်ပစ်ခြင်းမရှိ ဘဲရောင်းချရာနေရာတွင်ပင် အလွယ် တကူ စုပုံထားရှိသည်ကိုတွေ့ရသည်။ စနစ်တကျထုပ်ပိုး၍စွန့်ပစ်ခြင်းမရှိသဖြင့် အမှိုက်ပုံးကြီးများအနီးတွင် ပြန့်ကျဲနေ သောအမှိုက်များကို မြင်တွေ့ကြရသည်။ သန့်ရှင်းရေးအတွက် ငွေကြေးကောက်ခံ နေမှုကြောင့် ဈေးရောင်းသူများအနေဖြင့် စည်းကမ်းလိုက်နာမှုမရှိတော့ဘဲ အလွယ် တကူ အမှိုက်စွန့်ပစ်မှုများ ပြုလာကြ သည်။ သန့်ရှင်းရေးအတွက် မဖြစ်မနေ လိုက်နာရမည့်စည်းကမ်းများကို ငွေကြေး ပေးထားခြင်းကြောင့် လိုက်နာရန်မလိုဟူ သော စိတ်ဓာတ်မျိုးဖြစ်ပေါ်လာပြီး သန့် ရှင်းရေးဝန်ထမ်းလာသိမ်းလိမ့်မည်ဟူသော အတွေးမျိုးဖြင့် အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်နေသည်များကို တွေ့ရသည်။
ယခုအခါ မြို့တော်သန့်ရှင်းရေး အတွက် အမှိုက်များကိုစနစ်တကျစွန့် ပစ်ရန် လူစည်ကားရာ နေရာများ လမ်း ဆုံများတွင် အမှိုက်ပုံးများကို ယခင်က ထက်ပိုမိုများပြားစွာ ထားရှိပေးထား သည်ကို တွေ့မြင်ကြရမှာဖြစ်ပေသည်။ ယခင်ကလမ်းထောင့် ဈေးထောင့်များရှိ အမှိုက်ပုံများနေရာတွင် ယခုအခါ အမှိုက် ပုံးများကို ပြောင်းလဲထားရှိပေးထားသော ကြောင့် သန့်ရှင်းမှုပိုရှိလာပြီး အနီးပတ်ဝန်း ကျင် လမ်းသွားလမ်းလာများအတွက် လည်း အမှိုက်များမှအနံ့ဆိုးရရှိမှု ကင်း ဝေးစေသည်။အမှိုက်ပုံးများတွင် အဖုံးများ ပါရှိပြီး လမ်းသွားလမ်းလာပြည်သူတချို့ သည် လက်ထဲတွင် စွန့်ပစ်ရန်ကိုင်လာ သည့် အချိုရည်ဘူး၊ မုန့်ထုပ်၊ ပလတ် စတစ်အိတ်များကို အဖုံးဖွင့်၍ အမှိုက်ပုံး အတွင်း စွန့်ပစ်ခြင်းမရှိဘဲ အလွယ်တကူ ပင် ဖုံးအုပ်ထားသည့်အဖုံးပေါ်တွင် တင် ထားပြီး စွန့်ပစ်သွားကြသည်။ ထို့ကြောင့် အမှိုက်ပုံးအဖုံးပေါ်မှ အချိုရည်ဘူး၊ပလတ် စတစ်အိတ်များသည် လမ်းမပေါ်လွင့် ကျရာမှ အမှိုက်ပုံးအနီးပတ်ဝန်းကျင်တွင် သန့်ရှင်းမှုမရှိ ပြန့်ကျဲနေသည့်အမှိုက်များ ကို မြင်တွေ့ရလေ့ရှိသည်။ ယခုနောက် ပိုင်းတွင် လူငယ်များ၊ အဖွဲ့အစည်းများမှ အမှိုက်များကို ကောက်ယူသန့်ရှင်းသည့် ပရဟိတအလုပ်များ လုပ်လာကြသည်ကို တွေ့ရှိလာရသည်။များစွာ ဝမ်းမြောက် စရာကောင်းသောလုပ်ရပ်ပင် ဖြစ်ပေ သည်။ လူငယ်လူရွယ်များအတွက် စိတ် ဓာတ်ကောင်းလေးများ မွေးမြူတတ်လာ စေမည့် အလေ့အကျင့်ပင်ဖြစ်ပေသည်။
ကျွန်မတို့မြန်မာနိုင်ငံတွင် သဘာဝ တရားကြီးကပေးထားသည့် မြစ်ချောင်း အင်းအိုင်များ ပေါများလှပေသည်။ ထို မြစ်ချောင်းအင်းအိုင်များ မပျောက်ပျက် ရအောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ပေ သည်။
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကြောင့် မြစ်ချောင်းအင်းအိုင်များအတွင်း ရေသန့်ရှင်းမှုမရှိတော့ဘဲ၊ အမှိုက်များ ပလတ်စတစ်များကြောင့် ရေနေသတ္တဝါ များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် လာနေသည်။ အမှိုက်များကြောင့် မြစ် ချောင်းအင်းအိုင်များ တိမ်ကောပျောက် ဆုံးရခြင်းများ ရှိလာသည်။ ယနေ့နိုင်ငံ အတော်များများတွင် ပင်လယ်သမုဒ္ဒရာ အတွင်းရှိ စွန့်ပစ်အမှိုက်များကြောင့် ပလတ်စတစ်စများကို အစာအမှတ်ဖြင့် စားသုံးမှုများကြောင့် ရေသတ္တဝါများ သေဆုံးသည့်သတင်းများ တွေ့လာရ သည်။
ကလေးများကို ငယ်ရွယ်စဉ်အချိန် ကတည်းကပင် အမှိုက်ကို အမှိုက်ပုံးတွင်း သို့ သွားရောက်စွန့်ပစ်တတ်သည့် ဓလေ့ စရိုက်၊ အမှိုက်ပစ်ချလျှင် ရှက်စရာဆို သည့်လုပ်ရပ်ဖြစ်ကြောင်း သိလာရန်၊ နားလည်သဘောပေါက်ရန်၊ လိုက်နာကျင့် သုံးလာရန် လေ့ကျင့်ပေးသင့်သည်။ အသိ ပညာပေးသင့်သည်။ ပွဲတော်များတွင် အမှိုက်ပုံးများကို မြင်သာသော နေရာများ တွင် လုံလောက်အောင် ထားမပေးကြ ခြင်း၊ အမှိုက်ပုံးများကို လုံလောက်အောင် ထားရှိပေးထားသော်လည်း အမှိုက်ပုံးရှိ သည့်နေရာကို မမြင်မတွေ့၊ မသိကြခြင်း၊ အမှိုက်ပုံးနှင့် မိမိရောက်နေသည့်နေရာ အလှမ်းဝေးနေခြင်းတို့ကြောင့် ရောက်ရာ နေရာမှာပင် အမှိုက်များကို အလွယ်တကူ လွှင့်ပစ်ထားကြသည်ကို တွေ့ရသည်။ ယင်းကဲ့သို့သောပွဲတော်များတွင် လူတိုင်း၊ လူတိုင်း မိမိအမှိုက်ကို မိမိပြန်သိမ်းရ မည်ဆိုသည့် တာဝန်သိစိတ်၊ အမှိုက်ပုံး မတွေ့မချင်း အမှိုက်ကို လက်ထဲတွင် ကိုင်ထားပြီး အမှိုက်ပုံးတွေ့မှ စည်းကမ်း တကျလွှင့်ပစ်ရမည်ဆိုသည့် စည်းကမ်းရှိ စိတ်လေးမွေးမြူနိုင်ရန် လေ့ကျင့်ပေး သည့်အနေဖြင့် ပွဲတော်လာပြည်သူများ အား ထည့်စရာအိတ်အသေးလေးများ ကို ဝင်ပေါက်တွင် မေတ္တာလက်ဆောင် ကမ်းပေးပြီး နှုတ်မှလည်း အမှိုက်များကို အိတ်ထဲတွင်ထည့်ထားပြီး အမှိုက်ပုံးတွင် စနစ်တကျစွန့်ပစ်ရန် မေတ္တာရပ်ခံပြော ကြားခြင်းများပြုလုပ်ပါက ပြည်သူများ ၏စိတ်ထဲတွင် အမှိုက်ကို စည်းကမ်း တကျစွန့်ပစ်ရမည်ဆိုသည့် အသိစိတ် အနည်းနှင့်အများ ဝင်ရောက်သွားရန် တစ်နည်းတစ်ဖုံ အထောက်အကူပြုမည် ဟု ထင်ပါသည်။ ကလေးငယ်များကို အမှိုက်စနစ်တကျပစ်တတ်ရန်၊ စည်း ကမ်းရှိရန် ငယ်ရွယ်စဉ် အချိန်ကပင် လေ့ကျင့်သင်ကြားပေးသွားမည်ဆိုပါက အမှိုက်စည်းကမ်းမဲ့ ပစ်ချခြင်းသည် ရှက်စရာအမူအကျင့်အဖြစ် စိတ်ထဲ စွဲမြဲ လာစေပြီး တစ်ဦးမှစ၍ များပြားလာပြီး တစ်နိုင်ငံလုံး စည်းကမ်းရှိလာခြင်းဖြင့် သန့်ရှင်းသပ်ရပ်သည့် နိုင်ငံတော်အဖြစ် ပြောင်းလဲလာမည်ဖြစ်ပါသည်။
စင်ကာပူနိုင်ငံတွင် လူအသွားအလာ ရှုပ်ထွေးနေသည့် မြေအောက်ဘူတာရုံ၊ ဈေး၊ ကားဂိတ်များတွင် အမှိုက်ကို မမြင် တွေ့ရဘဲ သန့်ရှင်းသပ်ရပ်လှပေသည်။ မြေအောက်ဘူတာရုံကြမ်းပြင်များသည် တောက်ပြောင်သန့်ရှင်းလှသည်။ ထို့အတူ အိမ်ရာများသည်လည်း သန့်ရှင်းသပ်ရပ် လှသည်။ အိမ်ရာဝင်းအတွင်း မည်သည့် နေရာကြည့်ကြည့် အမှိုက်ဆိုတာမရှိပေ။ မြန်မာနိုင်ငံနှင့် ကွာလှပေသည်။ မြန်မာ နိုင်ငံတွင် အများပြည်သူအပန်းဖြေနေရာ များ၊ ဘူတာရုံ၊ ကားဂိတ်၊ ဈေး စသည့် လူစည်ကားရာ နေရာမှန်သမျှတွင် မရှိ မဖြစ် အမြဲမြင်တွေ့နေရသည်မှာ ကွမ်း တံတွေးများနှင့်ပလတ်စတစ်၊ စက္ကူစ၊ ရေသန့်ဘူး၊ အချိုရည်ဘူးခွံ စသည့် အမှိုက်များပင်ဖြစ်သည်။ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၁၂ ရက်အထိ ၁၆ ရက်ကြာပြုလုပ်သည့် တို့ရန်ကုန် တို့အိမ်ရာ အနုပညာပွဲတော် တွင် အနားယူအပန်းဖြေစရာရှားပါးလှ သည့်မြို့ပြတွင် သန့်ရှင်းသည့်နောက်ဖေး လမ်းကြားဖြစ်ပေါ်စေရန် စံနမူနာပြကွက် တစ်ခုဖြစ်သည့် ရန်ကုန်မြို ပန်းဘဲတန်း မြို့နယ် ၂၇ လမ်း အိမ်အမှတ်၇၉ ရှိ အိမ်လေး၏ နောက်ဖေးလမ်းကြားကို အမှိုက်များကင်းစင်သန့်ပြန့်ပြီး အနားယူ အပန်းဖြေစရာနေရာလေးတစ်ခုအဖြစ် ပြောင်းလဲပြသထားသည့် ပြကွက်တစ်ခု ပါရှိသည်။ ယင်းပြကွက်ကို နမူနာယူ၍ နောက်ပိုင်းတွင် နောက်ဖေးလမ်းကြား များကို အလားတူပြုလုပ်ပြီး ပြသလာကြ သည်။ သို့သော် ပြပွဲပြုလုပ်ချိန် တစ်ခဏ သာသန့်ရှင်းသည့် နောက်ဖေးလမ်းကြား မဖြစ်ရန် ယင်းလမ်းနေပြည်သူများ ထိန်း သိမ်းစောင့်ရှောက်ရမည့် တာဝန်သိစိတ် လေး အစဉ်ရှိနေစေရန် လိုအပ်ပေသည်။
စင်ကာပူနိုင်ငံတွင် စက်လှေကားစီး ရာမှာပင် စည်းကမ်းရှိကြသည်။ စက် လှေကားစီးရာတွင် ဝဲဘက်ကို ကပ်စီးပြီး ယာဘက်ကို လမ်းဖွင့်ပေးထားသည်။ ယာဘက်တွင် အမြန်လိုသည့် လူများ သွားလာစီးနင်းရန်အတွက် လမ်းဖွင့်ပေး ထားခြင်းဖြစ်သည်။ မြေအောက်ရထား စီးရာတွင် ရထားပေါ် လုတက်ခြင်းမျိုး မရှိ၊ တက်မည့်သူသည် ဆင်းသည့်လူ အတွက် ဘေးကပ် လမ်းဖွင့်ပေးထား သည်။ အတုယူဖွယ်ကောင်းသည့် အမူ အကျင့်များပင် ဖြစ်ပါသည်။
စင်ကာပူနိုင်ငံလို လူတိုင်းတိုးတက် ချင်ကြပါသည်။ စင်ကာပူနိုင်ငံလို စီးပွား ရေး၊ လူမှုရေးစသည်ဖြင့် လူနေထိုင်မှု အဆင့်အတန်းမြင့်မြင့် နေထိုင်ချင်ကြ သည်။ သို့သော် စင်ကာပူနိုင်ငံကို အမီ လိုက်နိုင်အောင်ကြိုးစားရာတွင် အစိုးရ၏ စွမ်းဆောင်ရည်ပိုင်းသာမက ပြည်သူများ ဘက်ကလည်း တစ်ဦးချင်း၊တစ်ယောက် ချင်းစီ၏ အပြုအမူ၊ စိတ်ဓာတ်ပိုင်းများ ပြောင်းလဲရန်လိုအပ်ပါကြောင်း ရေးသား လိုက်ပါသည်။