images
UN
UN
မွန်ပြည်နယ် ပြည်နယ်အဆင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ညီလာခံအကြိုလူငယ်နှီးနှောဖလှယ်ပွဲကျင်းပ
Tuesday, 01 May 2018
မွန်ပြည်နယ် မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက် မွန်ပြည်နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက မွန်ပြည်နယ် ပြည်နယ် အဆင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပရာ အခမ်းအနားကို မွန်ပြည်နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ဗဟိုအလုပ်အမှုဆောင်ဦးဌေးလွင်၊ လူငယ်တာဝန်ခံ ဒေါက်တာတိုးတိုး အောင်၊ မွန်ပြည်နယ် ၁ဝ မြို့နယ် မှလူငယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော် များ ၅ဝဝခန့်တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် သဘာပတိ များအဖြစ်မွန်ပြည်နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးအောင်ကြည်သိန်း၊အတွင်း ရေးမှူးဦးဝင်းမော်ဦးနှင့်ဗဟိုအလုပ် အမှုဆောင်ဦးဌေးလွင်တို့က ဆောင် ရွက်ခဲ့သည်။ အခမ်းအနားတွင် ဦးအောင်ကြည်သိန်းက ပြောကြား ရာ၌ ယနေ့လူငယ်များ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ဆက်စပ်လျက်ရှိ သည့် လူငယ်များထဲမှ ထူးချွန် ထက်မြက်သော အသိပညာရှင်၊ အတတ်ပညာရှင်များ တိုးပွားလာ စေရေး၊ အခြေအနေအခွင့်အလမ်း ကောင်းများ ဖန်တီးနိုင်ရန် ကူညီ ဆောင်ရွက်မည်၊လူငယ်တိုင်းအခြေခံ ပညာကို အခမဲ့သင်ယူခွင့်ရရှိစေရန် လည်း အားပေးမြှင့်တင်သွားမည်၊ လူငယ်များနှင့် ကျောင်းသားများ ဘဝသာယာရေး၊ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အားပေးကူညီသွားမည် ကိုအတိအလင်းဖော်ပြထားကြောင်း၊ ယခုလို လက်ဆင့်ကမ်းသွားရမယ့် လူငယ်တွေမရှိခဲ့လျှင် အဖွဲ့အစည်း တစ်ခုဟာ မျိုးဆက်ပြတ်ပြီးရေရှည် တည်တံ့နိုင်မှာ မဟုတ်သလိုဆင့် ကမ်းခေါ်ဆောင်သွားကြမယ့်လူငယ် တွေကို မှန်ကန်သောအသိ၊မှန်ကန် သောအတွေးအခေါ်များရရှိအောင် လေ့ကျင့်ပျိုးထောင်သွားဖို့လည်း လိုအပ်ကြောင်း ပြောကြားသည်။

လူငယ်တာဝန်ခံ ဒေါက်တာ တိုးတိုးအောင်ကပြောကြားရာတွင် ယနေ့ကျင်းပသော လူငယ်နှီးနှော ဖလှယ်ပွဲတွင် မြို့နယ်အသီးသီးမှလူ ငယ်များအားလုံး အစုအဖွဲ့ခုနစ်ဖွဲ့ စုဖွဲ့၍ (၁) နိုင်ငံရေးမျိုးဆက်သစ်၊ (၂)ပါတီလူငယ်များနှင့် ဝန်းရံလူ ငယ်များစုစည်းခြင်း၊ (၃)လူငယ် ပေါင်းစည်းကွန်ရက်၊ (၄) လူငယ် စွမ်းအားမြှင့်တင်ရေးနှင့်ဖွံ့ဖြိုး တိုး တက်ရေး၊ (၅) လူငယ်နှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်း၊ (၆)ပညာရပ် ဆိုင်ရာ လူငယ်ကဏ္ဍမြှင့်တင်ရေး၊ (၇) လူငယ်နှင့်သတင်းမီဒီယာ ကဏ္ဍဟူ၍ခေါင်းစဉ်အလိုက်ဆွေး နွေးကြမည်ဖြစ်ကြောင်း၊ ¤င်းခုနစ် ဖွဲ့မှ နေပြည်တော် ဗဟိုလူငယ် ညီလာခံတက်ရောက်မည့် လူငယ် ကိုယ်စားလှယ်များကို အစုအဖွဲ့ တစ်ဖွဲ့လျှင် ခုနစ်ဦး စုစုပေါင်း ၄၉ ဦး ရွေးချယ်မည်ဖြစ်ကြောင်း၊ ထို လူငယ်များထဲမှလူငယ်ခေါင်းဆောင် များကို ဆန္ဒမဲပေးရွေးချယ်ခြင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံဖြိုးရေးပါတီအနေဖြင့်လူငယ် များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းကောင်း၊လူငယ်များ ၏ တက်ကြွသော အားမာန်နှင့် လုပ်ဆောင်လိုစိတ်အပေါ်အခြေပြု ၍လူမှုဘဝမြင့်မားတိုးတက်စေရေး အတွက်လည်းကောင်း၊လူငယ်များ တွင် ရှိပြီးဖြစ်သော အလုပ်အကိုင် ရရှိရေးအတွက်လည်းကောင်း၊ နေ့ စဉ်ကြုံတွေ့နေကြရသော လူမှုရေး အခက်အခဲများကို ပါတီလူငယ် အဆင့်ဆင့်က စောင့်ရှောက်ကူညီ ပေးရန် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်ပြီးလူငယ်နှီးနှောဖလှယ် ပွဲကို လူငယ်များတင်သွင်းသည့်စာ တမ်းများ တင်သွင်းသွားမည်ဖြစ် ကြောင်း သိရသည်။