images
UN
UN
မြဝတီသတင်းစာတိုက်သတင်းစာထုတ်လုပ်မှု (၇)နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ
ယူဒီနေ Tuesday, 01 May 2018
ပြည်သူ့ဆက်ဆံရေးစိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးချုပ်ရုံးမြဝတီသတင်းစာ တိုက်သတင်းစာထုတ်လုပ်မှု(၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားနှင့်ဆုရရှိသူများ အား ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ရန်ကုန်မြို့နယ် မြဝတီသတင်းစာ တိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြဝတီသတင်းစာ တိုက်စာတည်းမှူးချုပ် ဒုတိယဗိုလ်မှူးကြီး သက်အောင်က သတင်းစာနှစ်ပတ်လည် အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီးသတင်းစာဆရာကြီးတက္ကသိုလ် မြတ်သူကမုဒိတာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သတင်းစာဆရာ ဦးရဲ မြင့်ဖေက မုဒိတာစကားပြောကြားခဲ့ပြီး မြဝတီရောင်စုံနေ့စဉ်သတင်းစာတိုက်အထိမ်း အမှတ်ဆုရရှိသူများအားဆုပေးအပ်ချီးမြှင့် ခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာသူများကို စားသောက်ဖွယ်ရာများဖြင့်တည်ခင်းဧည့်ခံ ခဲ့ကြောင်း သိရသည်။
မြဝတီရောင်စုံနေ့စဉ် သတင်းစာတိုက် အထိမ်းအမှတ်ဆုရရှိသူများတွင်သတင်းဆု ရရှိသူများ၊ဆောင်းပါးဆုရရှိသူများ၊ ကဗျာ ဆု၊ ကာတွန်းဆုနှင့်ဖြန့်ချိရေးဆု ရရှိသူများ ပါဝင်ကြောင်း သိရသည်။