images
UN
UN
ခရမ်းလွန်ရောင်ခြည်ကျရောက်မှုနှင့် ပြည်သူ့ကျန်းမာရေး
ဒေါက်တာနေဝင်း(မွေး/ကု) Thursday, 03 May 2018
ကမ္ဘာပေါ်တွင် နေထိုင်ကြသောလူ သားများအနေဖြင့် နေရောင်ခြည်မှကောင်း ကျိုးများစွာအားရရှိသကဲ့သို့ နေရောင် ခြည်မှရရှိသောဆိုးကျိုးများကိုလည်း မလွဲ မသွေခံစားရမည်ဖြစ်ပါသည်။ ခရမ်းလွန် ရောင်ခြည်သည် နေရောင်ခြည်တွင်ပါဝင် သော ရောင်ခြည်တစ်မျိုးဖြစ်၍ နေရောင် ခြည်နှင့် အလွန်အမင်းထိတွေ့မှုရှိပါက ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပေါ် လာသော ဆိုးကျိုးများအား မလွဲမသွေ ခံစားရမည်ဖြစ်ပါသည်။
နေရောင်ခြည်တွင်ပါရှိသည့် ခရမ်း လွန်ရောင်ခြည်အား သုံးမျိုးသုံးစားခွဲခြား ထားရှိပါသည်။ ခရမ်းလွန်ရောင်ခြည် ''အေ''၊ ခရမ်းလွန်ရောင်ခြည်''ဘီ'' နှင့် ခရမ်းလွန်ရောင်ခြည်''စီ''တို့ဖြစ်ပါ သည်။ နေရောင်ခြည်တွင် ခရမ်းလွန် ရောင်ခြည်''အေ''မှာ ရာခိုင်နှုန်း၉ဝမှ ၉၅ရာခိုင်နှုန်းပါဝင်ပြီး ခရမ်းလွန်ရောင် ခြည်''ဘီ''မှာ တစ်ရာခိုင်နှုန်းမှ ၁ဝရာ ခိုင်နှုန်းအထိ ပါဝင်ပါသည်။ ခရမ်းလွန် ရောင်ခြည်''စီ''မှာ ကမ္ဘာ့မြေပြင်သို့မ ရောက်ရှိနိုင်ဘဲ စတာတိုစပီးယားအလွှာမှ စုပ်ယူထားပါသည်။
ခရမ်းလွန်ရောင်ခြည် ''အေ''မှာ အန္တရာယ်ပြုနိုင်မှုအနည်းဆုံးဖြစ်ပြီး ရောင် ခြည်လှိုင်း၏အရှည်မှာ ၃၁၅နာနိုမီတာမှ ၄ဝဝနာနိုမီတာအတွင်းရှိပါသည်။ ခရမ်း လွန်ရောင်ခြည်''ဘီ''မှာ လှိုင်းလတ် ရောင်ခြည်တစ်ခုဖြစ်၍ အရှည် ၂၈ဝနာနို မီတာမှ ၃၁၅နာနိုမီတာအထိဖြစ်ပါသည်။ ခရမ်းလွန်ရောင်ခြည်''စီ''မှာ အန္တရာယ် အများဆုံး လှိုင်းတိုရောင်ခြည်ဖြစ်၍ အရှည် ၁ဝဝနာနိုမီတာမှ ၂၈ဝနာနိုမီတာ အတွင်း ဖြစ်ပါသည်။
လှိုင်းရှည်ရောင်ခြည်ဖြစ်သော ခရမ်း လွန်ရောင်ခြည်''အေ''မှာ လူတို့၏ အရေ ပြားအတွင်းသို့ နက်ရှိုင်းစွာထိုးဖောက်ဝင် ရောက်နိုင်၍ လှိုင်းလတ်ခရမ်းလွန်ရောင် ခြည်''ဘီ''မှာ လူတို့၏အရေပြား၏ အပေါ်ယံအလွှာမှစုပ်ယူနိုင်ပြီး အရေပြား
အတွင်းသို့ ဝင်ရောက်နိုင်ပါသည်။ ခရမ်း လွန်ရောင်ခြည်''အေ''မှာ လူများတွင်ရှိ သည့် ''ဒီအင်အေ''အား ဖျက်ဆီးနိုင် သကဲ့သို့ ခရမ်းလွန်ရောင်ခြည်''ဘီ'' အား လူများရှိ ''ဒီအင်အေ''က စုပ်ယူ နိုင်ပြီး ၄င်းမှ ''ဒီအင်အေ''အား ပုံစံ ပြောင်းလဲစေနိုင်သကဲ့သို့ ကင်ဆာရောဂါ ကို ဖြစ်ပေါ်စေပါသည်။
ယနေ့ကမ္ဘာပေါ်တွင် ခရမ်းလွန်ရောင် ခြည်ကျရောက်မှုကြောင့် အရေပြားကင် ဆာရောဂါဖြစ်ပွားသူ လူပေါင်းတစ်နှစ် လျှင် တစ်သန်းကျော်ရှိပြီး လူပေါင်း ၁၅ဝဝဝခန့် သေဆုံးလျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ငွေကြေး ပမာဏသန်းပေါင်း ၃ဝဝဝ ကျော်အား ဆေးကုသစရိတ်အဖြစ် အသုံးပြုနေရပါ သည်။
ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ကြောင့် လူများတွင် ကိုယ်ခံအင်အား တည်ဆောက်မှုအား ဖိနှိပ်ခံရခြင်း၊ ကိုယ် ပေါ်ရှိ အရေပြားများတွင် နေပူလောင် သည့်ဒဏ်ခံရခြင်း၊ အရေပြားများတွင် ရှုံ့ တွနိုင်သည့်အရည်အသွေးများ ပျောက် ဆုံးလာခြင်း၊ အရေပြားများအိုမင်းရင့်ရော် မှု မြန်ဆန်လာခြင်း၊ အရေပြားကင်ဆာ ရောဂါဖြစ်ခြင်း၊ မျက်လုံးများတိမ်စွဲခြင်း၊ နေရောင်ကြောင့် အရေပြားများယားယံ ခြင်း၊ အရေပြားများကြမ်းတမ်းလာခြင်း တို့အား ခံစားရပါသည်။
ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ကြောင့် ကုန်းနေရေနေသတ္တဝါများတွင် ရောဂါများဖြစ်ပွားခြင်း၊ ကပ်ပါးကောင် များကပ်တွယ်ခြင်း၊ နေထိုင်သည့်ပတ်ဝန်း ကျင်အား ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ် စေပါသည်။ 'ဘီ'အမျိုးအစားခရမ်းလွန် ရောင်ခြည်မှာ ရေမျက်နှာပြင်၏ အနက် ၃ဝမီတာအထိ ထိုးဖောက်ဝင်ရောက်နိုင် မှုကြောင့် ရေနေသတ္တဝါများတွင် မျိုးပွား မှုများ လျော့နည်းလာခြင်း၊ရေနေသတ္တဝါ တို့၏ 'ဒီအင်အေ'များ ပျက်စီးခြင်း၊ ရေ နေသတ္တဝါများ၏ ကြီးထွားမှုကို အဟန့် အတားဖြစ်စေခြင်းနှင့် မြင့်မားသည့်သေ ဆုံးမှုများအား ဖြစ်ပေါ်စေပါသည်။
သစ်ပင်ပန်းပင်များတွင် ခရမ်းလွန် ရောင်ခြည် 'ဘီ'ကျရောက်မှုကြောင့် သစ်ပင်များတွင် ပန်းပွင့်သည့်အချိန်များ ပြောင်းလဲသွားခြင်း၊ ပန်းပွင့်သည့်အရေ အတွက်ကို ပြောင်းလဲစေခြင်းတို့ဖြစ် ပေါ်စေပါသည်။ ¤င်းအပြင် အပင်များ ၏မျိုးပွားမှုဖြစ်စဉ်ကိုပါ ပြောင်းလဲစေပါ သည်။
ထို့ကြောင့် ခရမ်းလွန်ရောင်ခြည် ကျ ရောက်မှုသည်မည်သည့်ရာသီကာလတွင် မဆို အေးသည့်ရာသီတွင်ဖြစ်စေ၊ တိမ်ထူ ထပ်သည့်ကာလတွင်ဖြစ်စေ ဆိုးကျိုးများ ကျရောက်စေနိုင်သည့်အတွက် နေရောင် ခြည်နှင့် လိုအပ်သည်ထက်ပိုမို ထိတွေ့ ခြင်းမရှိစေရန်နှင့် အထူးသဖြင့် ခရမ်း လွန်ရောင်ခြည် ပြင်းအားအများဆုံးအချိန် ဖြစ်သည့် နံနက် ၁ဝနာရီမှ ညနေ ၄နာရီ အတွင်း နေရောင်ခြည်နှင့်ထိတွေ့မှုမရှိ စေရန်နှင့် ထိုအချိန်များတွင် နေရောင် ခြည်နှင့် ထိတွေ့ရမည်ဆိုပါကလည်း မိမိကိုယ်ပေါ်ရှိ အရေပြားများအပေါ် ထူထဲကျပ်တည်းသည့် အဝတ်အစားများ ဝတ်ဆင်ရန်နှင့် ခရမ်းလွန်ရောင်ခြည်ဒဏ် ရာနှုန်းပြည့်ကာကွယ်နိုင်သည့် နေရောင် ကာမျက်မှန်များအားဝတ်ဆင်ရန်၊ ဦးထုပ် များဆောင်းရန်နှင့် ခရမ်းလွန်ရောင်ခြည်ခံ အရေပြားခရင်မ်များလိမ်းခြင်းဖြင့် ကာ ကွယ်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း စုစည်း ရေးသားတင်ပြလိုက်ရပါသည်။