images
UN
UN
ကုန်တင်ယာဉ် ပိုင်ရှင်ကြီးများညီလာခံနှင့် Logistics ဝန်ဆောင်မှုဆိုင်ရာ EXPO နှင့် ပြပွဲများ ပြုလုပ်မည်
ခိုင်မာ Thursday, 03 May 2018
MTLCE 2018 - မြန်မာနိုင်ငံ ၏ ယာဉ်ပိုင်ရှင်ကြီးများ ပထမဆုံး ညီလာခံနှင့် Logistic ဝန်ဆောင်မှု ဆိုင်ရာEXPO နှင့် ပြပွဲများကို ယခုလ ၁၂ ရက်နှင့် ၁၃ ရက်တို့ တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Center ၌ နံနက် ၉နာရီမှ ညနေ ၅ နာရီ အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပမည့် MTLCE 2018 ပွဲသည်မြန်မာနိုင်ငံ၏ ယာဉ် ပိုင်ရှင်ကြီးများ ပထမဆုံးညီလာခံ နှင့်Logistic ဝန်ဆောင်မှုဆိုင်ရာEXPO နှင့်ပြပွဲများ၊ Bank လုပ် ငန်းရှင်ကြီးများ၊ Insurance လုပ် ငန်းရှင်ကြီးများ၊ Lease Purchase လုပ်ငန်းရှင်ကြီးများတွေ့ဆုံနှီးနှော ဖလှယ်ပွဲကြီး ဖြစ်သည်။
Mekong Institute Training သို့ တက်ရောက်ခဲ့သည့် သင်တန်း သားသင်တန်းသူ ၁ဝ ဦးမှ နိုင်ငံ တကာ၏Trucking & Logistics Industry ၏တိုးတက်မှုများကို တွေ့ရှိခဲ့ပြီးနောက် ထိုမှမိမိတို့အဖွဲ့ ဝင်များက မိမိနိုင်ငံတော်ကြီးရှိ လုပ်ငန်းရှင်များအား တစ်ဖက် တစ်လမ်းမှကူညီနိုင်ရန်အတွက် ''MYANMAR TRUCKING & LOGISTICS CONFERENCE & EXPO 2018'' ဖြင့် စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲကျင်းပရခြင်းမှာနိုင်ငံ တကာတိုးတက်မှုများနှင့်ယှဉ်ပြိုင်ရာ တွင် နိုင်ငံတကာ Awareness ပိုင်းနှင့်ယှဉ်ပြိုင်နိုင်စွမ်းများအတွက် အားသာချက်၊ အားနည်းချက်များ ကို သိရှိလာစေရန်၊ Bank၊ Lease purchase နှင့် Insurance များနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများတိုးချဲ့ လာနိုင်ခြင်း၊ Transportation & Logistics Industry ရှိအခက်အခဲ များကိုပူးပေါင်းအဖြေရှာနိုင်ခြင်း၊ မကြာမီရင်ဆိုင်လာရမည့် Cross Border Transportation နှင့်နိုင်ငံ တကာနှင့် ယှဉ်ပြိုင်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လာ နိုင်စေခြင်း၊Transportation & Logistics Industry အတွင်းရှိ လုပ်ငန်းရှင်များ အချင်းချင်းချိတ် ဆက်ပြီး လုပ်ငန်းများတိုးချဲ့လာနိုင် ခြင်း စသည်တို့ကိုရည်ရွယ်၍ ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။