images
UN
UN
ခရစ်ယာန်သမ္မာကျမ်းစာပါ ပျောက်ဆုံးနေသော ရှေးဟောင်းKing David မြို့ ဂျေရုဆလင်အနီးတွင်တူးဖော်တွေ့ရှိ
နောင်နောင် Thursday, 03 May 2018
ခရစ်ယာန်ဘာသာ၏ သမ္မာကျမ်းစာပါ ပျောက်ဆုံးနေသော ရှေးဟောင်းမြို့တော်ကို ဂျေရုဆလင်အနီးတွင်တွေ့ရှိခဲ့ကြောင်းနှင့် သမ္မာကျမ်းစာသည် မှန်ကန်တိကျမှုရှိပြီး အမှားကင်းစင်သည်ဆို သည်ကို သက်သေပြခြင်းပင်ဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များ က ပြောကြားလိုက်သည်။ သမိုင်းပညာရှင်များက ¤င်းတို့တူးဖော် တွေ့ရှိခဲ့သည့် အဆောက်အအုံတစ်ခုသည် ရှေးဟောင်းအခြေချ နေထိုင်မှုနှင့်သက်ဆိုင်ပြီး ဒေးဗစ်ဘုရင်နှင့်ဆက်နွှယ်မှုရှိမည်ဟု ယူဆကြောင်း သိရသည်။
ရှေးဟောင်းသုတေသနပညာရှင်များကမူ သမ္မာကျမ်းစာပါ ဒေးဗစ်ဘုရင်နှင့် ဆော်လမွန်ဘုရင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များ တည်ရှိခဲ့ခြင်း ရှိမရှိဆိုသည့်အပေါ် သဘောထားကွဲလွဲနေခဲ့ကြခြင်း ဖြစ်သည်။ ရှေးဟောင်းသုတေသနဆိုင်ရာ တူဖော်ရေးတွဲဖက် ခေါင်းဆောင်ပရော်ဖက်ဆာ Avraham Faust က ယခုနောက်ဆုံး ရှာဖွေတွေ့ရှိမှုသည် သမ္မာကျမ်းစာ၏ သမိုင်းကြောင်းဆိုင်ရာ အမှန် တရားနှင့်ပတ်သက်သည့်ကိစ္စရပ်ကို ထောက်ခံလိုက်ခြင်းပင်ဖြစ် သည်ဟု ပြောကြားခဲ့သည်။
အဆိုပါနောက်ဆုံးရှာဖွေတွေ့ရှိမှုသည် သမ္မာကျမ်းစာပါ ဒေးဗစ် ဘုရင်ခေတ်အကြောင်းတရားများနှင့်ပတ်သက်သည့် အဖြစ်အပျက် များ၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်ဟုလည်း ၄င်းကပြောကြားခဲ့ သည်။ သမ္မာကျမ်းစာဆိုင်ရာ ရည်ညွှန်းချက်များက ဒေးဗစ်ဘုရင် သည် ခရစ်တော်Jesus ၏ ဘိုးဘေးတစ်ဦးဖြစ်ပြီး ဘီစီ ၁ဝဝဝ ဝန်းကျင်ခန့်တွင် တည်ရှိခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာပြောကြား ထားသည်။ ထို့ပြင် ရေဒီယိုကာဗွန်သက်တမ်းအရလည်း ယခု ရှာဖွေတွေ့ရှိခဲ့သည့် မြို့သည် ဘီစီ ၁ဝဝဝ ဝန်းကျင်တွင် ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုဖော်ပြထားသည်။ အစ္စရေးနိုင်ငံ မြို့တော်တဲလ်အဗစ်ရှိ Bar-Ilan သုတေသနတက္ကသိုလ်မှ ပရော် ဖက်ဆာFaust နှင့်Yair Sapir တို့ကမူ ယခုတူးဖော်တွေ့ရှိခဲ့သည့် အဆောက်အအုံသည် သမ္မကျမ်းစာတွင်ဖော်ပြသည့်Israelites များ အားတိုက်ခိုက်ခဲ့သည့် မြို့ငါးမြို့တွင်တစ်ခုဖြစ်သည့်Eglon မြို့၏ အစိတ်အပိုင်းဖြစ်နိုင်သည်ဟု ယူဆကြောင်းသိရသည်။
Ref: The Sun