images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ပခုက္ကူခရိုင်၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မြစ်ရေတင်စနစ် ဖြင့် မိုးသီးနှံလျာထားဧက ၉၇ဝ၁ ဧကအား စိုက်ပျိုးရေပေးဝေသွားမှာဖြစ်သလို ရေတင်ခများ ပိုမိုတောင်းခံပါကတိုင်ကြားနိုင်ဟုဆို
ကျော်ကျော်(မလှိုင်) Thursday, 03 May 2018
မကွေးတိုင်းဒေသကြီး ပခုက္ကူ ခရိုင်သည် မြန်မာနိုင်ငံအလယ် ပိုင်းတွင်တည်ရှိပြီး မိုးခေါင်ရေရှား ရပ်ဝန်းဒေသဖြစ်သည်။ တစ်နှစ် လျှင် ပျမ်းမျှမိုးရေချိန်လက်မ ၂ဝ ကျော်သာရွာသွန်းကာ ထို့ထက် ပင်နည်းသည်လည်းရှိတတ်သည်။ နွေရာသီရောက်ပြီဆိုလျှင် သောက် သုံးရေ၊ စိုက်ပျိုးရေရှားပါသည်။ ပခုက္ကူခရိုင်သည်ပခုက္ကူ၊ရေစကြို၊ မြိုင်၊ပေါက်၊ ဆိပ်ဖြူဟူ၍ ငါးမြို့ နယ်တည်ရှိသကဲ့သို့ ယင်းဒေသ များရှိ ကျေးလက်တောရွာများမှ ပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ထန်းတက် လုပ်ငန်း၊ စက်ရက်ကန်း၊ လက်ရက်ကန်း စသည့်လုပ်ငန်းများကို လုပ်ကိုင် ကြပြီး လယ်ယာစိုက်ပျိုးကြသည့် တောင်သူများမှာ ယခင်ကာလ များက မိုးကိုမျှော်ပြီး မိုးသီးနှံတစ် မျိုးတည်းသာ စိုက်ပျိုးကြရသည်။
ယခုအခါ မြစ်ရေတင်ကြီးများ မှ ရေတင်စနစ်ဖြင့်ပေးသောရေဖြင့် နွေစပါး၊ မိုးစပါးနှင့် အခြားသီးနှံ များကို ရာသီမရွေးစိုက်ပျိုးရေး လုပ်ငန်းများကိုလုပ်ကိုင်လာကြပြီ ဖြစ်သည်။ မြစ်ရေတင်ကြီး ၁၄ ခုမှာ ပခုက္ကူမြို့နယ်တွင် ဧရာဝတီ မြစ်ကမ်းပါး၌ ရေတင်စက်ရုံတည် ဆောက်ကာ ရေတင်စနစ်ဖြင့်ရေ တင်ပေးနေသည့် လေးခု၊ ရေစကြို မြို့နယ် ချင်းတွင်းမြစ်ကမ်းပါး၌ ရေတင်စက်ရုံ တည်ဆောက်ကာ ရေတင်ပေးနေသည့် ခုနစ်ခု၊ ဆိပ် ဖြူမြို့နယ် ဧရာဝတီမြစ်ကမ်းပါး၌ ရေတင်စက်ရုံ တည်ဆောက်ကာ ရေတင်ပေးနေသည့်တစ်ခု၊ ပေါက် မြို့နယ်ယောချောင်းမှ တစ်ဆင့် ရေတင်ပေးနေသည့်နှစ်ခုစုစုပေါင်း ပခုက္ကူခရိုင်တွင် မြစ်ရေတင်ကြီး ၁၄ခုရှိကြောင်းသိရသည်။ အဆိုပါ မြစ်ရေတင်ကြီးများမှာ ပင်မရေ တင်စခန်းအမြင့်ပေမှတစ်ဆင့်သတ် မှတ်ထားသည့် ရေတင်ကန်များ အရောက်(ဒေသအခေါ်) ရေခေါ် မြောင်းမကြီးမှတစ်ဆင့် စိုက်ပျိုး တောင်သူများအား ရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးနေကြောင်းသိရသည်။
ပခုက္ကူခရိုင်အတွင်းရှိ မြစ်ရေ တင်ကြီးများ၏ စိုက်ပျိုးရေပေး ဝေနိုင်မှုမှာ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်၌ မိုးသီးနှံလျာထား ဧက ၇၄၁၁ ဧကလျာထားခဲ့သော်လည်း အမှန် စိုက်ပျိုးနိုင်မှုမှာ ၆၆၃၄ ဧကသာ စိုက်ပျိုးရေပေးဝေနိုင်ခဲ့သည်။ စိုက်ပျိုးရေတင်ခ ကောက်ခံမှု နှုန်းထားများသည် နိုင်ငံတော်မှ သတ်မှတ်ထားသည့် နှုန်းထားများ အတိုင်း နွေစပါး ကျပ် ၉ဝဝဝ၊ မိုးစပါး ကျပ် ၆ဝဝဝ နှင့် အခြား သီးနှံ ကျပ် ၃ဝဝဝဖြစ်ပြီး သတ် မှတ်နှုန်းထားများထက်ပိုမိုကောက်ခံ ပါက စိုက်ပျိုးတောင်သူများအနေ ဖြင့် လာရောက်တိုင်ကြားနိုင်ပါ ကြောင်း သိရသည်။
''အလားတူ စိုက်ပျိုးတောင် သူများဘက်ကလည်း ရေတင်ခ ကောက်ခံမှုကို တိတိကျကျပေး ဆောင်စေလိုပါတယ်။လျှပ်စစ်မြစ် ရေတင်များဖြစ်ခြင်းကြောင့် တစ်ခါ တလေလျှပ်စစ်မီး အခက်အခဲဖြစ် တာကိုလည်းစိုက်ပျိုးတောင်သူများ အနေနဲ့ နားလည်စေချင်ပါတယ်။ ပခုက္ကူခရိုင်အတွင်းမှာ စိုက်ပျိုး မြေယာစီမံကိန်းဧက ၃၈ဝ၇ဝ ရှိ သော်လည်း စိုက်ပျိုးနိုင်တဲ့ စိစစ် ဧကဟာ ၂၁၂၆ဝ သာရှိပါတယ်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ စပါးအပါအဝင် မိုးသီးနှံလျာထား ဧက ၉၇ဝ၁ ဧကကို လျာထား စိုက်ပျိုးရေပေးဝေနိုင်ရန် ဆောင် ရွက်နေပါတယ်။ ထို့အတူ ကျွန် တော်တို့ ဝန်ကြီးဌာန၏ လမ်း ညွှန်ချက်ဖြင့် သောက်သုံးရေအမှန် တကယ်ရှားပါးသောကျေးရွာအုပ်စု များမှာစက်ရေတွင်းစတဲ့ ရေတွင်း၊ ရေကန်များဆောင်ရွက် လျက်ရှိပါ တယ်''ဟု ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလက်ထောက် ညွှန် ကြားရေးမှူးဦးမြင့်ဦးက ပြော သည်။