images
UN
UN
တရားမဝင်ခိုးဝင်ပြဿနာဖြစ်တယ်ဆိုတာ ပြတ်ပြတ်သားသားနားလည်ဖို့လိုတယ်
နေထက်ဝေ Thursday, 03 May 2018
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ လာရောက် ခဲ့ခြင်းနှင့် ၄င်းတို့၏ ပြုမူပြောဆိုဆောင်ရွက်မှုများအပေါ် အမျိုးသားနိုင်ငံရေးမဟာမိတ် များအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူးဦးကျော်သူအောင်နှင့် ဆက်သွယ်မေးမြန်း ချက်များကို ဖော်ပြလိုက်ပါသည်။

မေး။ UN ကိုယ်စားလှယ်တွေ ပြောသွား
တဲ့ဘင်္ဂါလီတွေကိစ္စUN ဘက်က ဘာလုပ်ပေးလို့ရမလဲဆိုတာ ရယ်။ သူတို့ ခရီးစဉ်အတွင်း ပြောဆိုပြုမူ တာတွေနဲ့ ပတ်သက်ပြီး သဘောထား အမြင်ကို ပြောပေးပါဦး။
ဖြေ။ ကျွန်တော်တို့က လွန်ခဲ့တဲ့ တစ်နှစ် ကျော်လောက်ကတည်းက ကိုဖီ အာနန်ကော်မရှင်ကို စဖွဲ့တာရော၊ ကြား ဖြတ်အစီရင်ခံစာရော၊ အဆုံးသတ်အစီရင် ခံစာရော တောက်လျှောက်ကန့်ကွက် တယ်။ ကန့်ကွက်တယ်ဆိုတာ ကျွန်တော် တို့က ဒီလိုမြင်လို့ ကြိုပြီးတော့ တိုင်းပြည် အတွက် ကန့်ကွက်ခဲ့တာပေါ့။ နောက် တစ်ခုက ကုလသမဂ္ဂသည် ဘယ်လိုဖြစ် နေသလဲဆိုတော့ ကမ္ဘာကြီးမှာ ဟိုတုန်း က ပထမကမ္ဘာစစ်ပြီးတော့ ဖွဲ့ထားတာ ရှိတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ရေးဆို ပြီးတော့ နိုင်ငံပေါင်းချုပ်အသင်းကြီး ဆို ပြီးတော့ ဖွဲ့လိုက်တယ်ပေါ့ဗျာ။ အဲတုန်း က နိုင်ငံပေါင်းချုပ်အသင်းကြီးက စစ်ကို မတားဆီးနိုင်ဘဲ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ပျက်သွားတယ်ဗျ။ ကုလသမဂ္ဂရဲ့လက်ရှိ အခြေအနေက ဘယ်လိုဖြစ်နေသလဲဆို တော့ သူသည်နိုင်ငံကြီးတွေရဲ့ ဗိုလ်ကျ စိုးမိုးမှုကိုတော့ မတားဆီးဘဲနဲ့ နိုင်ငံငယ် တွေအပေါ်မှာ ဝင်ရောက်စွက်ဖက်တဲ့ အဖွဲ့ကြီးလို့ပဲ ကျွန်တော်မြင်တယ်ဗျာ။
နောက်တစ်ချက်က ကုလသမဂ္ဂရဲ့ လုံခြုံ ရေးကောင်စီResolutions ကို လိုချင်လို့ တပ်မတော်အစိုးရလက်ထက်ကတည်းက အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ အပိုင်းတွေရှိ တယ်။ မြန်မာနိုင်ငံကို အခုလည်း သူတို့ သံတမန်တွေလွှတ်တယ်ဆိုတာ ကျွန်တော် တို့အတွက်၊ ကျွန်တော်တို့ လူမျိုးအကျိုး စီးပွားအတွက် မဟုတ်ဘူး။ အစောကြီး ကတည်းက Virus ပါလာတာ။ ကြိုပြီး ဘက်လိုက်မှုပါလာပြီးသား။ ဒါကြောင့် သူတို့သည် ဘင်္ဂလားဒေ့ရှ်ကို အရင်သွား တယ်။ အဲဒီကအသံတွေ နားထောင် တယ်။ ပြီးမှ ကျွန်တော်တို့ဆီလာတယ်။ကျွန်တော်တို့ဆီရောက်တော့လည်း သူတို့ သည် သံတမန်ကျင့်ဝတ်နဲ့မညီဘဲ၊ကြားလူ အနေနဲ့မနေဘဲ ကျွန်တော်တို့ရဲ့ အချုပ် အခြာအာဏာကိုထိပါးတဲ့ လက္ခဏာ တွေပြတယ်။ ဝန်ကြီးတွေ ပြောတာကို ဆုံးအောင်နားမထောင်ဘူး။ သူတို့သည် သံတမန်ကျင့်ဝတ်နဲ့မညီတဲ့ သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ အခြားနိုင်ငံတွေမှာ ရှိတယ်။ဥပမာ-တရုတ်ပေါ့။ တရုတ်မှာ သူတို့သံတမန်တွေကို မောင်းထုတ်ခဲ့တာ ရှိတယ်။ ခိုင်မာအားကောင်းတဲ့အစိုးရ တွေသာ လုပ်လေ့လုပ်ထရှိတယ်။ ကျွန်တော်တို့ အစိုးရအားနည်းနေလား ဆိုတာ ပြန်ထောက်မေးရမှာဖြစ်တယ်။
မေး။ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ
မေးသွားတဲ့အထဲမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီးတော့ရောဗျ။
ဖြေ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်
ရေးဆိုတာ ကျွန်တော်တို့က ရခိုင် မှာ အစောကြီးကတည်းက ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကတည်းက ခေါ် သွင်းလာခဲ့တဲ့ ဒီဘင်္ဂါလီတွေ၊ ဒီဘင်္ဂါလီ တွေက အစောကြီးကတည်းက ရှိပါ တယ်။ မြန်မာနိုင်ငံကလည်း သူတို့ကို အိမ်ရှင်နိုင်ငံကောင်းပီသစွာနဲ့ သူတို့ကို နေထိုင်စေခဲ့ကြတာပေါ့။အခုဟာက ငြိမ်း ချမ်းစွာအတူယှဉ်တွဲနေထိုင်လို့မရအောင် အကြမ်းဖက်ပါလာတယ်ဗျာ။ အကြမ်း ဖက်ဝါဒ ပါလာတယ်။ အကြမ်းဖက် တိုက်ခိုက်တာတွေ ပါလာတယ်။ အရပ် သားအရေခြုံထားတဲ့ အကြမ်းဖက်တွေပါ လာတဲ့အတွက် ကျွန်တော်တို့ ဘယ်လိုမှ အတူယှဉ်တွဲနေ ထိုင်မယ်ဆိုတာ မဖြစ် နိုင်ဘူး။ ကျွန်တော်တို့ ပြတ်ပြတ် သားသားလုပ်ရမယ်။ စိစစ်လက်ခံတဲ့ နေရာမှာလည်းအခု NVC ကတ်ဆိုလည်း လက်မခံဘူး။ ဒါကလည်း ကိုဖီအာနန်ရဲ့ Road Map အတိုင်း သွားတာလို့ မြင် တယ်လေ။ဒါကိုလည်း ကျွန်တော်တို့က လက်မခံဘူး။ ဒါကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတာ မဖြစ်နိုင် ဘူး။ အကြမ်းဖက်သမားတွေနဲ့ ဘယ်လိုမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လို့ မရ ဘူး။ အထူးသဖြင့် ဒီပြဿနာက ခိုးဝင် ပြဿနာ၊ တရားမဝင် ခိုးဝင်ပြဿနာ ဖြစ်တယ်ဆိုတာကို ပြတ်ပြတ်သားသား နားလည်ဖို့လိုတယ်။ ကျွန်တော်တို့က လည်း တရားဝင်ပြန်လက်ခံဖို့ကို အစီ အစဉ်တွေ လုပ်နေတာရှိတယ်။ ဒါကို ထပ်ပြီးဖိအားပေးတာတွေ မဖြစ်လာနိုင် ဘူးလို့ မပြောနိုင်ဘူး။ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ ပဲမြင်တယ် ပေါ့။
ဒါကြောင့်မို့ ကျွန်တော်တို့ လက်မခံ နိုင်ဘူးဆိုတာကို ပြတ်ပြတ်သားသား ပြောရမှာပေါ့။
မေး။ICC ကိစ္စနဲ့ပတ်သက်ပြီးတော့
ရော ပြောပေးပါဦး။
ဖြေ။ICC ကိစ္စကလည်း ကျွန်တော်
ဟောပြောပွဲတွေမှာပြောပါတယ် ဗျ။သူတို့က အကျိုးစီးပွားသုံးခု ပေါင်းဆုံ သွားတာပေါ့။ တစ်အချက်ကတော့ အမေ ရိကန်က စစ်စခန်းလိုချင်တယ်ဗျာ။ အမေ ရိကန်ဟာ တရုတ်ကို ပိတ်ဆို့ဖို့ စစ်စခန်း လိုချင်တယ်။ ဘင်္ဂလားဒေ့ရှ်က လူဦးရေ ပေါက်ကွဲနေလို့ နယ်မြေလိုချင်တယ်။နောက်တစ်ခု အစ္စလာမ္မစ်နိုင်ငံတွေက OIC လို အဖွဲ့အစည်းတွေက အစ္စလာမ် နိုင်ငံတစ်ခုပေါ်ချင်တယ်။ သူတို့ရဲ့ အကျိုး စီးပွားသုံးခုဟာ ရခိုင်မှာသွားပြီး ပေါင်းဆုံ သွားတဲ့အတွက် သူတို့က ကျွန်တော် တို့ကို ပေါင်းပြီးတော့ ဖိအားပေးနေတာ ပဲဖြစ်တယ်။ အဓိကက သူတို့က ဘာ ကို ဖြိုခွဲရမှာလဲဆိုတော့ ကျွန်တော်တို့ရဲ့ လူမျိုးရေး၊ ဘာသာရေး၊ တပ်မတော်ကို၊ လူမျိုးရေးဖြိုခွဲမယ်။ ဘာသာတရား အရ ဖိနှိပ်တယ်လို့ပြောမယ်။ ပြည်တွင်းက လူတွေလည်း ပါတယ်ဗျာ။ တည့်တည့် ပြောရရင် ပြည်တွင်းက လူတွေပါ တယ်ဗျာ။ ဘာသာရယ်၊ လူမျိုးရယ် ဖြိုပြီးသွားရင် တပ်မတော်ကို ဖြိုမှာ၊ တပ်မတော်ကို ဖြိုချင်နေတာ။ တပ်မ တော်သည် ကျွန်တော်တို့ရဲ့ နောက်ဆုံး ခံတပ်ပဲ။ အဲဒါကြောင့် တပ်မတော်ကို ဖြိုချင်တဲ့အတွက် အရင်ဆုံးICC ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တင် မယ်ဆိုတာ အနိမ့်ဆုံးကတော့ သိက္ခာချ တာပေါ့ဗျာ။ ကာကွယ်ရေးဦးစီးချုပ်ကို သိက္ခာချတယ်။ ကာကွယ်ရေးဦးစီးချုပ် ကို သိက္ခာချတယ်ဆိုတာလည်း ကျွန်တော် တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော် ကားခြင်းဖြစ်တယ်။ဒီICC ကိစ္စကလည်း ဒီလောက်ပါပဲ။