images
UN
UN
၂ဝ၁၆-၂ဝ၁၇ ပညာရည်ချွန်ဆုပေးပွဲ အိုးဖိုအရှေ့ရပ်ကွက်၌ ကျင်းပ
မျိုးလှိုင်(တွံတေး) Friday, 04 May 2018
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တွင် ထူးချွန်စွာအောင်မြင်ကြသော ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ အိုးဖိုအရှေ့ရပ်ကွက် ရပ်ကွက်အုပ် ချုပ်ရေးမှူးကရပ်ကွက်အတွင်း သူ ငယ်တန်းမှ တက္ကသိုလ်ဝင်တန်း အထိ ထူးချွန်စွာအောင်မြင်ကြသူ များအား ဂုဏ်ပြုဆုနှင့်ပညာရည် ချွန်ဆုပေးပွဲကို ယမန်နေ့ ညနေ ၄နာရီက မင်းကျောင်းကျောင်း တိုက်၌ ကျင်းပခဲ့သည်။
အဆိုပါပညာရည်ချွန်ဆုပေးပွဲ တွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်က အဖွင့်အမှာစကားပြော ကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းအေးက ပညာရည်ချွန်ဆု ပေးပွဲကျင်းပရခြင်း ရည်ရွယ်ချက် များပြောကြားရာတွင် ''ကျွန်တော် ဒီပညာရည်ချွန်ဆုပေးပွဲလုပ်တာ ကလေးတွေစာကြိုးစားချင်တဲ့စိတ် ရှိပြီး သူတို့ဘဝအောင်မြင်အောင် တိုးတက်စေချင်လို့ပါ။ ယခင်နှစ် တွေက လူ ၅ဝ လောက်ပဲရှိတာ အခုနှစ်မှ တက္ကသိုလ်ဝင်တန်းမှာ နှစ်ဘာသာတစ်ဦး၊ တစ်ဘာသာ ရှစ်ဦး၊ ရိုးရိုးအောင် ၁ဝဦးနှင့် နဝမ တန်းမှ ပထမတန်းအထိစုစုပေါင်း ၁၅၇ ဦးရှိလာတဲ့အတွက် ဝမ်းသာ ပါတယ်။ မိဘ၊ ဆရာပူးပေါင်းပြီး ကျောင်းသားကျောင်းသူတွေ ပိုမို အောင်မြင်အောင် ထောင့်ပေါင်းစုံ က ကြိုးပမ်းပေးဖို့တိုက်တွန်းလို ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့နောက် ပညာရည်ချွန်ဆု ပေးပွဲကို ဆက်လက်ကျင်းပရာ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရသူ များအား ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နှင့် တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။ အဆိုပါပညာ ရည်ချွန်ဆုပေးပွဲအတွက် ဂုဏ်ပြု ဆုငွေ ကျပ် ၁ဝ သိန်းခန့်ကုန်ကျခဲ့ ကြောင်း သိရသည်။