images
UN
UN
သုံးစွဲသူသန်းပေါင်း ၃၃ဝ ကျော်အား ၄င်းတို့၏ Passwords များ ပြောင်းကြရန် တွစ်တာသတိပေး
နောင်နောင် Friday, 04 May 2018
ကမ္ဘာကျော် အွန်လိုင်းသတင်းဌာနနှင့် လူမှုကွန်ရက်တစ်ခုဖြစ် သည့် တွစ်တာဝန်ဆောင်မှုကုမ္ပဏီက ၄င်း၏ဌာနတွင်းကွန်ရက် တွင် ခဏတာစနစ်မှားယွင်းမှုဖြစ်ပွားပြီးနောက် ၄င်း၏သုံးစွဲသူ သန်းပေါင်း ၃၃ဝ ကျော်အား ၄င်းတို့၏ အကောင့် Passwords များကို ပြောင်းလဲကြရန် သတိပေး ပြောကြားခဲ့သည်ဟု သိရသည်။
ဌာနတွင်း စုံစမ်းစစ်ဆေးမှုများအရ ဌာနအတွင်းမှလူများက သုံးစွဲသူများ၏ Passwords များကို ခိုးယူခြင်း သို့မဟုတ် အလွဲ သုံးစားပြုလုပ်ခြင်းမရှိဟု သိရှိရကြောင်း တွစ်တာမှ ပြောကြားခဲ့ သည်။ သို့သော်လည်း သုံးစွဲသူအားလုံးအနေဖြင့် သတိပေးချက် များစွာ ဖြစ်ပေါ်နေသည့်အတွက် ၄င်းတို့၏ Passwords များကို ပြောင်းလဲပစ်ရေး စဉ်းစားဆောင်ရွက်ရန် တိုက်တွန်းနေဆဲပင်ဖြစ် သည်ဟု သိရသည်။ Passwords အရေအတွက် ပမာဏ မည်မျှ သည် သတိပေးခြင်းခံနေသည်ဆိုသည်ကိုမူ တွစ်တာက ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိဟု သိရသည်။
ယင်းသို့ သတိပေးတိုက်တွန်းမှုများ ပြုလုပ်နေသည့်အတွက် သတိပေးခြင်းခံနေရသည့် Passwords အရေအတွက်ပမာဏသည် များပြားမည်ဖြစ်ပြီး ယင်းသို့ဖြစ်ပေါ်နေသည်မှာ လပေါင်းများစွာ ကြာမြင့်နေနိုင်ဖွယ်ရှိသည်ဟု သိရသည်။ လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်တွင် ကွန်ပျူတာစနစ်ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း အချို့က လည်ပတ်ဆောင်ရွက်နေသူများကို သတင်းပေးပို့ခဲ့သည် ဟု ကုမ္ပဏီအတွင်းမှလူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြော ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ကွန်ပျူတာစနစ်ချွတ်ယွင်းမှု သည် Passwords များခိုးယူခံရခြင်းကို ဖြစ်ပွားနိုင်သည်ဟု သိရ သည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် Passwords များ ပြောင်းလဲခြင်း ပြုလုပ်ခြင်းအပြင် အကောင့်များတိုက်ခိုက်ခံရခြင်း အား တားဆီးရေးကိုကူညီရန်Two-Factor Authentication ကို ဖွင့်ထားရန် အကြံပြုတိုက်တွန်းထားသည်ဟု သိရသည်။
Ref: BBC News