images
UN
UN
တန်ဖိုးနည်းအိမ်ရာများပါဝင်သော အဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကျင်းပမည်
မောင်စိန်ဝင်း Saturday, 05 May 2018
နိုင်ငံအတွင်းရှိ ပြည်သူများ အဆင့်မြင့်အိမ်ရာများတွင်နေထိုင် နိုင်စေရန်အတွက် မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဘ်ဆိုက်ဖြစ်သော iMyanm-arHouse.com မှကြီးမှူး၍ တန်ဖိုး နည်းအိမ်ရာများပါဝင်သော ရှစ် ကြိမ်မြောက်ကျင်းပမည့် ''မြန်မာ နိုင်ငံ၏အကြီးဆုံးအိမ်ခြံမြေအရောင်း ပြပွဲကြီး''အား ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ တပ်မတော်ခန်းမ၌ ယခုလ ၁၁ ရက်မှ ၁၃ ရက်ထိကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ''မြန်မာနိုင်ငံ၏အကြီး ဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီး''၌ Main Sponsor အဖြစ်Star City နှင့်Golden Cityတို့မှ အိမ်ရာများ အား အဓိကပါဝင်ပြသမည်ဖြစ်ပြီး အခြားအိမ်ခြံမြေနှင့်ဆောက်လုပ် ရေးကုမ္ပဏီပေါင်း ၅ဝ ကျော်မှ ပါဝင်ပြသကြမည်ဖြစ်ကာ ကမ္ဘောဇ ဘဏ်မှ Offical Banking Partner အဖြစ် ပါဝင်ပြသမည်ဖြစ် ကြောင်းနှင့် အိမ်ရာချေးငွေများ ကို ပြပွဲအတွင်း တစ်ထိုင်တည်း လျှောက်ထားနိုင်ရန် စီစဉ်ထား ကြောင်း သိရသည်။
iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူ က ''ပြပွဲ သုံးရက်အတွင်း ရောင်း ချမယ့်ကုမ္ပဏီပေါင်း ၅ဝ ကျော် ရှိပြီး အထူးသက်သာတဲ့နှုန်းထား များ၊ အများဝယ်ယူနိုင်မယ့် အရစ် ကျစနစ်များနဲ့ ထည့်သွင်းရောင်း ချဖို့ စီစဉ်ထားပါတယ်။ မိမိရှိနေ တဲ့မိသားစုဝင်ငွေနဲ့ ဘယ်လောက် တန်ဖိုးရှိတဲ့နေအိမ်ကို ပိုင်ဆိုင်နိုင်ပြီ လဲဆိုတာသိနိုင်ဖို့ ပြပွဲရက်များ အတွင်း နိုင်ငံအတွင်းမှာရှိနေတဲ့ ဘဏ်ပေါင်းများစွာနဲ့ လာရောက် ဆွေးနွေးနိုင်ပါတယ်''ဟုပြောသည်။
အဆိုပါပြပွဲအတွင်းငွေကျပ် သိန်း ၂ဝဝ ကျော်ရှိ လူနေအိမ် တိုက်ခန်းများ၊ ငွေကျပ်သိန်း ၅ဝဝ ကျော်မှ ငွေကျပ်သိန်း ၅ဝဝဝ တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်းများစွာကို တစ်နှစ်မှ ၂၅ နှစ်အထိ အရစ်ကျ စနစ်များ၊ အထူးလျှော့ဈေးနှုန်းများ ဖြင့် ပြပွဲလာပြည်သူများ ဝယ်ယူ ရရှိနိုင်စေရန်စီမံဆောင်ရွက်ထား ကြောင်းနှင့် လူနေအိမ်တိုက်ခန်း များနှင့် ကွန်ဒိုအခန်းပေါင်း ၅ဝဝဝ ကျော်ကို ဘဏ်များနှင့်ချိတ်ဆက် ကာရောင်းချပေးသွားမည်ဖြစ်သည်။
ထို့အပြင် စီးပွားရေးနှင့်အိမ်ခြံ မြေအကြောင်းအရာများကို အသိ ပညာရှင်အတတ်ပညာရှင်များဖြစ် ကြသော ဝါရင့်အိမ်ခြံမြေလုပ်ငန်း ရှင် ၁၄ ဦးမှ ပြပွဲရက်များအတွင်း အိမ်ခြံမြေနှင့်စပ်လျဉ်းသည့် သိ ကောင်းစရာအကြောင်းအရာများ ကို ပြပွဲလာပြည်သူများအတွက် ဆွေးနွေးဟောပြောသွားမည်ဖြစ် ပြီး ပြပွဲရက်များအတွင်း ပြပွဲလာ ပြည်သူများအတွက် လက်ဆောင် ပစ္စည်းများအား ကံစမ်းမဲဖောက် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။