images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
အိုနာသေဘေး ကြိုတင်တွေး မနှေးပြင်သင့်ပြီ
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Sunday, 06 May 2018
''သူငယ်ချင်းရေ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းသွားပြန်ပြီပေါ့ကွာ။ တစ်နှစ်ပြီးတစ်နှစ်ပြောင်းခဲ့တာ ဘာမှ မကြာလိုက်ဘူးလို့ ထင်ရတယ်ကွ''
''နှစ်သစ်ကူးမှ လူတွေက သတိ ထားမိကြတာ။ တစ်နေ့ကုန်လို့ တစ်နေ့ ကူးတာကိုတော့သတိမထားမိကြဘူး။ ဒါ ကြောင့် 'တိပိဋကဓရ ယောဆရာတော် ကြီး' က 'မသွားဘဲ နီးနီးလာတာက သုသာန်၊ သွားပါလျက် ဝေးနေသေးတာ က နိဗ္ဗာန်'လို့ ဟောကြေားခဲ့တာကွ။ မင်း စဉ်းစားကြည့်လေ။ လူ့သက်တမ်း ၇၅ နှစ်လို့ သတ်မှတ်ထားကြတော့ အသက် ၆ဝ ပြည့်တဲ့လူတွေဟာ ၁၅ နှစ်ကျော်ပဲ နေရတော့မယ်။ အသက် ၆၅ နှစ်ပြည့် တဲ့လူတွေဆိုရင် ၁ဝနှစ်ပဲနေရတော့မယ်။ သဘောကတော့သေကြဖို့ နီးနီးလာတာ ကိုသတိမေ့နေကြလေ့ရှိတယ်ကွ။ မွေးနေ့ တွေကျင်းပနေကြပေမယ့် သေနေ့နဲ့နီးကပ် လာကြတာကို သတိမထားမိကြဘူး''
''မင်းက သင်္ကြန်တွင်းမှာတော်တော် တရားရလာတယ်နဲ့တူတယ်''
''တရားရမယ့်အရွယ်တောင် လွန်နေ ပြီကွ။ တရားရသင့်သလောက်ရနေတာ ကကြာပါပြီကွာ။ဒါပေမဲ့ စားဝတ်နေရေး၊ လောကီရေးတွေထဲမှာပဲ တဝဲလည်လည် ကျင်လည်နေရလေတော့ လောကုတ္တရာ ဘက်ကို မလှည့်နိုင်သေးဘူးကွ။ နားရက် အားရက်များများရတဲ့ သင်္ကြန်တွင်းအချိန် လေးမှာပဲ တရားထိုင်၊ တရားခွေနား ထောင်၊တရားစာဖတ်ရင်းကုသိုလ်အကျိုး အမြတ်လေးရလိုရငြား တရားဘာဝနာ ဝိပဿနာပွားနေခဲ့တယ်ကွာ''
''ကောင်းမှုပြုကျင့်သမျှ၊ ကောင်းမှု တွေရတာပေါ့ကွာ။ တရားစောင့်သူကို တရားကပြန်လည်စောင့်ရှောက်တယ်တဲ့။ လှူဒါန်းပေးကမ်းရင် စားဝတ်နေရေး ပြေ လည်တယ်။ သီလစောင့်ရင် ကျန်းမာရေး ကောင်းပြီး အသက်ရှည်တယ်။ ဘာဝနာ ပွားရင် လောဘ၊ ဒေါသ၊ မောဟ နည်း ပါးတယ်။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်း သာတယ်။ ကိုယ်ပြုလုပ်တဲ့ ကုသိုလ် တရားက ကိုယ့်ကိုပြန်လည်စောင့်ရှောက် တယ်လို့ ဆရာတော်ကြီးတွေကဟော ပြောခဲ့ကြတယ်ကွ''
''ဒါတော့ မှန်တယ်ကွ။ အလုပ်နဲ့ လူမှုရေးလုပ်ငန်းတွေကြောင့် တစ်နှစ်တာ ကာလပတ်လုံးမှာ စိတ်ဖိစီးမှုဒဏ်တွေခံ ခဲ့ရသမျှ နှစ်သစ်ကူးကာလအနားရတော့ မှပဲ လွတ်လပ်ပေါ့ပါးသွားခဲ့တယ်။ ကိုယ် ခန္ဓာဟာ ကိလေသာဓာတ်ဆီပုံးနဲ့တူ တယ်။ ဓာတ်ဆီပုံးဟာ မီးဟပ်မိရင် မီး လောင်ပေါက်ကွဲသလို လူတွေရဲ့ ရင်ထဲ မှာရှိတဲ့ လောဘ၊ဒေါသ၊မောဟ အစရှိ တဲ့ ကိလေသာတွေဟာလည်း အပြင်က အကြိုက်အာရုံ၊ မကြိုက်အာရုံတွေကြောင့် သတ်ဖြတ်ခိုးဝှက်လုယက်ကျူးလွန်စော် ကား သောက်စားမူးယစ်စေတယ်ဆိုတဲ့ 'ကိုယ်ပေါက်ကွဲမှု'၊ လိမ်ညာ၊ ကုန်းချော၊ ဆဲဆိုအတင်းပြောတယ်ဆိုတဲ့ 'နှုတ် ပေါက်ကွဲမှု' တွေကို ဖြစ်ပေါ်စေတယ်။ အဲဒီ ကိုယ်နှုတ်ပေါက်ကွဲမှုတွေကို ငြှိမ်း သတ်နိုင်အောင် တရားဓမ္မကိုလိုက်စား ပါ။ တရားမှန်မှန်ထိုင်ပါ။ ရင်ထဲမှာ လောင်တဲ့မီးကို အပြင်က ပကတိရေနဲ့ ငြှိမ်းသတ်လို့ မရဘူး။ တရားရေအေး အမြိုက်ဆေးနဲ့ ငြှိမ်းသတ်မှရတယ်လို့ တရားပြထားတော့ မနာလိုမရှုဆိတ်တွေ ထူပြောလှသူတွေနဲ့ကင်းဝေးပြီး စိတ်အေး ချမ်းသာ သက်သာရာရခဲ့တယ်ကွ။





''ပုထုဇဉ်တွေရဲ့ရင်ထဲမှာ ဥပဒေနဲ့ အရေးမယူနိုင်တဲ့လောဘ၊ ဒေါသ၊မောဟ၊ မာနဆိုတဲ့ သူပုန်၊ ဓားပြ၊ လူသတ် ကောင်တွေရှိတယ်တဲ့။ အဲ့ဒီအကောင် တွေကို နိုင်အောင်ထိန်းပါ။ မထိန်းနိုင်ရင် သူပုန်တွေခိုအောင်းနေကြတဲ့ သူပုန် ဌာနချုပ်ပျက်စီးသလို လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေခိုအောင်းနေကြတဲ့ ခန္ဓာ ကိုယ်ရော၊ ပတ်ဝန်းကျင်ပါပင်ပန်းဆင်းရဲ ပျက်စီးနိုင်တယ်တဲ့။
''ဓမ္မကထိကဆရာတော်တွေ တရား ပြနေကြတာဟာတရားဂုဏ်တော်ခြောက် ပါး၊ သံဃာတော်ရဲ့ဂုဏ်တော်ကိုးပါးနဲ့ အညီ ကျင့်ကြံကြရာရောက်လို့ သာဓုခေါ် ကြရမှာပါကွာ။ ဒါပေမဲ့ တို့တွေကလည်း ကိလေသာနဲ့မကင်းကြသေးတဲ့ ပုထုဇဉ် တွေဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေကြတယ်ကွ။ ရတဲ့အချိန်လေးမှာပဲ ရသမျှကို ရယူကျင့်ကြံကြရမှာပေါ့ကွာ''
''မင်းကလည်း ဆင်ခြေပေးနေပြန် ပြီ။ ကိလေသာဆိုတာက တို့သာမန်လူ တွေမပြောနဲ့ ရဟန်းသံဃာတွေထဲမှာ တောင် ကိလေသာနဲ့မကင်းကြဘူးကွ''
''ဟေ့ကောင်မင်းငရဲကြီးနေဦးမယ်။ စကားနောက်တရားပါ မပြောနဲ့ကွ။ ရဟန်းသံဃာဖြစ်နေပြီပဲ ကိလေသာနဲ့ ကင်းလို့ပေါ့ကွ''
''ငါက စကားကို တရားလက်လွတ် ပြောနေတာမဟုတ်ဘူးကွ။ မင်းတုန်းမင်း ကြီးက သင်္ဂဇာဆရာတော်အပါအဝင် ဘွဲ့ တံဆိပ်ရဆရာတော်တွေကို ဆွမ်းခဲဖွယ် ဘောဇဉ်တွေ ဆက်ကပ်လှူဒါန်းရင်း ''အရှင်ဘုရားတို့ မြတ်စွာဘုရားပရိနိဗ္ဗာန် စံပြီးတဲ့နောက် ၂၁၈ နှစ်ကြာတဲ့အခါ သာသနာ့ဒါယကာ သီရိဓမ္မာသောကမင်း ကြီးလက်ထက်မှာ အရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ အမှူးရှိတဲ့ရဟန္တာအရှင်မြတ် တို့ပရိတ်တော်ရွတ်ဖတ်ကြတဲ့အခါ ပရိတ် တော်အိုးများ ဆူပွက်တယ်လို့မှတ်သား နာယူဖူးပါတယ်။ ယခုဆရာတော်တို့ရဲ့ ပရိတ်အိုးတွေကိုကြည့်လိုက်တော့ သမာဓိ လေးနက် ငြိမ်ချက်သားကောင်းလှပါ တယ်ဘုရား''လို့ ဆရာတော်ကြီးတွေကို ခနဲ့တဲ့တဲ့စကားနဲ့လျှောက်ထားခဲ့တယ်...
''မင်းတုန်းမင်းကြီးစကားကို ဆရာ တော်ကြီးအားလုံးက ပြုံးတော်မူနေကြပေ မယ့် သင်္ဂဇာဆရာတော်က ''ဒကာတော် မင်းကြီး၊ သင်ရဲ့ဘေးတော် သီရိဓမ္မာ သောကမင်းကြီးဟာ မဇ္ဈိမတစ်ခွင်လုံး သိမ်းကျုံးစုစည်းပြီး ဧကရာဇ်အဖြစ်နန်းစံ ရုံမျှမကအထက်ကောင်းကင်တစ်ယူဇနာ အောက်မဟာပထဝီမြေကြီးအတွင်း တစ် ယူဇနာ စိုးမိုးတော်မူရလို့ လူတွေကိုမဆို ထားနဲ့ ကျေးငှက်တွေကပင် ခစားလုပ် ကျွေးကြရတယ်။ မင်းကြီးကအလိုရှိရင် နဂါးတွေကလည်း မင်းကြီးရဲ့ခြေရင်းမှာ ဝပ်စင်းကြရတယ်။သီရိဓမ္မာသောကမင်း ကြီးရဲ့ဆရာဖြစ်တဲ့ အရှင်မဟာမောဂ္ဂလိ ပုတ္တတိဿမထေရ်မြတ်လိုတို့များ သံဃာ တွေက ကိလေသာ ကင်းကွာ၊ ရဟန္တာ မဟုတ်ကြလို့ ပရိတ်တော်အာဏာစက်နဲ့ ပရိတ်မပွက်တာပါ။ထားပါတော့။ ဒကာ တော်မင်းကြီးကရော သီရိဓမ္မာသောက မင်းကြီးလိုနဂါးကိုခေါ်နိုင်ဖို့ဝေးစွ ရေမြွေ လာအောင်တောင် ခေါ်နိုင်ရဲ့လား''လို့ မင်းတုန်းမင်းကြီးကို ပြန်မေးခဲ့တယ်။ မင်းတုန်းမင်းကြီက ပြုံးပြီး ငြိမ်ကုတ် တိတ်ဆိတ်နေရင်းဝန်ခံခဲ့တယ်။ သင်္ဂဇာ ဆရာတော်ကြီးက ဒီတော့မှ ''ပရိတ်အိုး ပွက်အောင် မရွတ်နိုင်တဲ့ဆရာတွေနဲ့ ရေြေ>ွမတောင် မခေါ်နိုင်တဲ့ဒကာ၊ သူနာ တယ် ကိုယ်နာတယ်ရယ်လို့ ဝမ်းနည်း ဖွယ်မရှိပါဘူး''လို့ မိန့်ကြားခဲ့တဲ့သာဓက ရှိတယ်ကွ။ ဒါကြောင့် ရဟန္တာကလွဲရင် ကျန်သူတွေအားလုံးဟာ ကိလေသာနဲ့ မကင်းကြသေးဘူးကွ''
''မင်းကတော့ စာစုံဖတ်၊ စကား တတ်တိုင်း ပြောနိုင်တာပေါ့ကွာ''
''ငါက စကားကတ်ပြောတာ မဟုတ်ပါဘူး။ သဘောကိုပြောပြတာပါ။ တရားဟော၊ တရားနာရတဲ့ ကုသိုလ်ကို မဆိုထားနဲ့ ကာလေနဓမ္မဿဝနံမင်္ဂလာနဲ့ အညီ တရားစာပေများကို ဖတ်ရှုခြင်းဟာ အသံတိတ် တရားနာခြင်းတစ်မျိုးဖြစ်လို့ နိဗ္ဗာန်ရောက်ကြောင်း အရည်အချင်း ကောင်းတစ်ရပ်ပဲလို့ အဆိုရှိတယ်ကွ။
''သင်္ကြန်တွင်းမှာဥပုသ်စောင့် သီလ ယူ အလှူပေး တရားနာ တရားထိုင် သာဓုခေါ်ရုံမျှနဲ့ ဒါန = အလှူပေးခြင်း၊ သီလ =သီလဆောက်တည်ခြင်း၊ ဘာဝ နာ = ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၊ အပစာ ယန= အနန္တငါးပါးတို့ကို ရိုသေခြင်း၊ ဝေယျာဝစ္စ= အနန္တငါးပါးတို့၏ အမှုကြီး ငယ်ကိုဆောင်ရွက်ပေးခြင်း၊ ပတ္တိဒါန = မိမိပြုသော ကုသိုလ်ကို သူတစ်ပါးအား အမျှပေးဝေခြင်း၊ ပတ္တာနုမောဒနာ = သူတစ်ပါးပြုသော ကုသိုလ်ကို သာဓုအနု မောဒနာခေါ်ဆို၍ ဝမ်းမြောက်ခြင်း၊ ဓမ္မ သာဝနာ= တရားနာခြင်း၊ ဓမ္မဒေသနာ= တရားဟောခြင်း၊ သမ္မာဒိဋ္ဌိ = မှန်သော အယူရှိခြင်းဆိုတဲ့ ပုညကြိယာ ၁ဝ ပါး ကုသိုလ်ပွားများနိုင်တယ်ကွ''
''ငါလည်း တရားစာအုပ်တွေဖတ် ပြီး အသံတိတ်တရားနာခဲ့လို့ အဲဒီလိုသိရ တာကွ။ စာပေမှာ မဖတ်သင့်တာမရှိဘူး။ မမှတ်သင့်တာပဲရှိတယ်။ အဲဒီလိုပဲတရား စာဖတ်တာ၊တရားနာတာမှာလည်း ဗုဒ္ဓရဲ့ ဟောကြားချက်နဲ့ ကိုက်ညီတာတွေကို မှတ်သားနာယူကျင့်ကြံရမည်ကွ။
''မဟာဂန္ဓာရုံဆရာတော် အရှင်ဇန ကာဘိဝံသ''က သာသနာအားနည်းရ ခြင်းရဲ့ အကြောင်းရင်း ငါးရပ်ကို ဟော ပြောခဲ့တယ်။ သာသနာ့ဝန်ဆောင်ပုဂ္ဂိုလ် များရဲ့ဝန်ဆောင်ပုံအားနည်းမှု၊ ကိုးကွယ် သူတို့အား လိမ္မာယဉ်ကျေးအောင် ဟော ပြောသင်ပြနိုင်ပုံအားနည်းမှု၊ သာသနာ ရေးကိစ္စတွေမှာ အတု အယောင်တွေပေါ များနေမှု၊ တိုင်းသူပြည်သားတို့ရဲ့ စီးပွား ရေးကျပ်တည်းမှုနဲ့ အပျော်အပါးအား ကြီးမှု၊ စစ်ဘေးစစ်ဒဏ်ခံရမှုဆိုတဲ့ အား နည်းချက်ငါးရပ်ကြောင့်ပဲတဲ့ကွ...
''ဒါ့အပြင် ဓမ္မကထိကဆရာတော် ကြီးတွေကလည်း ''ကောင်းတာကြံ၊ မှန် တာလုပ်၊ ဟုတ်တာပြောတဲ့အခါ 'ရက် ရာဇာ'၊ မကောင်းတာကြံ၊ မမှန်တာ လုပ်၊မဟုတ်တာပြောတဲ့အခါ 'ပြဿဒါး' ပါ။ ကိုယ့်ရဲ့ကံကောင်းမှု၊ မကောင်းမှုဟာ နေ့ရက်တွေနဲ့မဆိုင်ဘဲ ကိုယ့်ရဲ့ ပြုလုပ် ပြောဆိုကြံစည်မှုတွေ ကောင်းမကောင်း နဲ့သာဆိုင်တာပါ။ ကံကောင်းချင်ရင် ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာ ပြော၊ ကံဆိုးချင်ရင်တော့ မကောင်းတာ မှန်သမျှ၊ ပြောဆိုကြံကြလို့ အဆိုရှိတယ်။ ဒါကလည်း ဗုဒ္ဓနည်းကျ ကမ္မနိယာမ သဘောပဲလို့ ငါနာကြား ဖတ်ရှုမှတ်သား ထားရတယ်ကွ။ ဆိုလိုတာကကွာ ကိုယ် ပြုတဲ့ကံ၊ ပဲ့တင်သံ၊ ကိုယ့်ထံပြန်စမြဲပဲ ပေါ့ကွာ...
''ဆရာတော်အရှင်ဇနကာဘိဝံ သ''က''မနာလိုပြန်၊ဣဿာထန်၊ ခြံရံကင်းမည်ဆို။ ဣဿာမထား ဝမ်းမြောက်ငြား၊ ပေါမျာြးေ>ွခရံ ကို''လို့ ဟောကြားခဲ့တယ်။ အသိ ဆုံးပုဂ္ဂိုလ်က'ဘုရား' အကောင်း ဆုံးအချိန်က 'လက်ရှိအချိန်'၊ စွမ်း အား အကြီးဆုံးအရာက 'သည်းခံ ခြင်း'၊ အကောင်းဆုံးလက်ဆောင် က'ခွင့်လွှတ်ခြင်း'၊ အသုံးမကျဆုံး ပိုင်ဆိုင်မှုက'မာန'၊ အကြီးမားဆုံး ပိတ်ဆို့မှုက'အတ္တ'၊ အလွယ်ကူဆုံး အလုပ်က 'သူတစ်ပါးကို အပြစ် တင်ခြင်း'၊ အညံ့ဆုံးစိတ်ထားက 'သူတစ်ပါး ကောင်းစားတာကို မနာလိုခြင်း'တဲ့။ မနာလိုဝန်တိုခြင်း ဟာ ပြိတ္တာဘုံကိုသွားဖို့ ကြိုတင် ပြီးတိုကင်ယူထားတာ စရံပေး ထားတာတဲ့။အခြွေအရံအပေါင်း အသင်းများပြီး စီးပွားဖြစ်ချင် သလား။ မနာလိုဝန်တိုစိတ်မထား ကြနဲ့တဲ့။ ကိုယ့်မိတ်ဆွေသားချင်း တွေကို အကောက်ကြံပြီး ချောက် မတွန်းကြနဲ့တဲ့။ ကြီးတဲ့အမှု ငယ် အောင်၊ ငယ်တဲ့အမှုပပျောက် အောင် စာနာထောက်ထားငဲ့ညှာပြီး မုဒိတာပွားနေကြရမယ်တဲ့။ တော် တော်မှန်ကန်တဲ့တရားပဲကွ။ ငါ့ရှေ့ မှာပဲ မနာလိုဝန်တိုသူတွေ၊ သူများ ကိုချောက်တွန်းသူတွေ၊ လိမ်ညာပြီး တိုင်စာပစ်နေကြသူတွေ၊ ကြံရာပါ တွေ၊ တရားရုံးမှာ လိမ်ညာပြီး ကြေးစားသက်သေခံသူတွေဟာ မျက်မှောက်ကာလမှာပဲ ကျဆုံး ပျက်စီးကုန်ကြတာပဲကွ။ မနာလို ဝန်တိုခြင်းခံရသူတွေက ဘာမှ မဖြစ်ကြဘဲမနာလိုဝန်တိုသူတွေသာ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ ကိလေသာမီးတွေလောင်မြိုက်ခြင်း ခံကြရပြီး ပျက်စီးကျဆုံးလူလုံးမလှ ဒုက္ခမျိုးစုံနဲ့ကြုံတွေ့ခဲ့ရတဲ့ သာဓက တွေအများကြီးရှိခဲ့တယ်ကွ...
''ဒါကြောင့် 'အိုနာသေကွဲ တွေ့ကြုံ မြဲမလွဲငါ့ကံငါစီမံ။ စိတ် ကြံ့ခိုင်ရေး အစဉ်တွေး မနှေးဆင် ခြင်ရန်။ စိတ်ရောဂါတွေ ပျောက် ကင်းဖို့တရားဆေးကို သောက်ကြ စို့။ ကိုယ်နှုတ်စိတ်ကိုထိန်းနိုင်ဖို့ တရားမှန်မှန်ထိုင်ကြစို့''လို့ ဟော ပြနားချတရားပြနေကြတာပေါ့ကွာ''
''မင်း မကြာခဏရွတ်ဆိုနေ တဲ့ 'ဟိုအဘိုးကြီး ဟိုအဘွားကြီး ပျက်တီးပျက်ချော် အသက်ကြီးမှ မြေးတွေနဲ့ပျော်။ ပျော်ရင်းပျော်ရင်း သေမင်းကခေါ် သူ့အတွက် ဘဝနာသနော်။ တရားအလုပ် အား ထုတ်နိုင်မှတော်'ဆိုသလိုပဲ ဘဝနာ သူတွေ ဖြစ်မှန်းမသိဖြစ်နေကြတာ ကိုသတိမမူကြဘူးကွ။သေဖို့နီးလာ ကြတာကို မေ့လျော့နေကြတယ်။ သူသူငါငါဧည့်သည်တွေမို့ ပြန်ကြ ရဖို့နီးလာကြပြီကွ''
''ဒီတော့ကာ သတိသံဝေဂ တွေနဲ့တရားကိုယ်စီ၊ ကုသိုလ် ကိုယ်စီရယူကြပြီး အသေလှဖို့ ပြင် ဆင်ကြပါ။ ဟီရိသြတ္တပ္ပလောက ပါလတရားနှစ်ပါးကို လက်ကိုင် ထားကြပြီး လူသားအချင်းချင်း ရိုင်းပင်းစာနာကြင်နာမေတ္တာထား ကြပါလို့ပဲ နှစ်သစ်ကိုကြိုဆိုနေရင်း ဆုမွန်ခြွေနေပါတော့တယ်ကွာ''