images
UN
UN
စိုးရိမ်ဖွယ်ဖြစ်လာသည့်ပုပ္ပားနယ်မြေ
မောင်သန်းဆွေ(ထားဝယ်) Monday, 07 May 2018
ပုပ္ပားတောင်ရှိ ပုပ္ပားနယ်မြေ သည်မြန်မာနိုင်ငံအလယ် ပိုင်းမန္တလေးတိုင်းဒေသ ကြီးကျောက်ပန်းတောင်း မြို့နယ်အတွင်းတွင်ရှိသည်။ ပုပ္ပားတောင် မကြီးသည် ပဲခူးရိုးမ၏မြောက်ဘက် အစွန်းတွင်တည်ရှိနေသည့် မီးတောင် ဟောင်းကြီးဖြစ်သည်။ ပုဂံမြို့၏အရှေ့ တောင်ဘက် ၃၁မိုင်အကွာ မြောက်လတ္တီ တွဒ် ၂ဝဒီဂရီ ၅၂မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၉၅ ဒီဂရီ ၁၄ မိနစ်တွင် တည်ရှိ သည်။
ပုပ္ပားဟူသောအမည်သည်ပါဠိဘာသာ ပုပ္ဖ(ပန်း)မှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ပုပ္ပားတောင်ဆိုရာ၌ တောင်မကြီးနှင့်အနောက်ဘက်သို့ဆင်ခြေ လျှောနိမ့်ဆင်းသွားသော တောင်ကလပ် ဟူ၍ နှစ်ပိုင်းရှိသည်။ ပုပ္ပားတောင် ကလပ်ကို ပုပ္ပားတောင်မကြီးမီးတောင် အဖြစ်နှင့် ပေါက်ကွဲရာမှ ပဲ့ထွက်သွား သည့်အစိတ်အပိုင်းတစ်ခုဟုလည်းကောင်း၊ မီးတောင်လည်တိုင်ဟုလည်းကောင်း ယူဆကြသည်။ ပုပ္ပားတောင်မကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေခန့်မြင့်သည်။ ပုပ္ပားတောင်ကလပ် သည် ၂၄၁၇ ပေသာမြင့်သော်လည်း မတ်စောက်ပြီး ကလပ်ပုံစံဖြစ်နေသည့် အတွက် တောင်ကလပ်ဟုခေါ်ကြခြင်း ဖြစ်သည်။
ဘူမိဗေဒပညာရှင်များကပုပ္ပားတောင် သည် လွန်ခဲ့သောနှစ် ၁၅ သန်းလောက် က ပေါ်ထွန်းလာသည်ဟုဆိုကြပါသည်။ ပုပ္ပားတောင်၏ကန်တော့ပုံသဏ္ဌာန် မီး တောင်အဝသည် မြောက်ဘက်တွင် အနောက်သို့ အနည်းငယ်နိမ့်နေသော ကြောင့် အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် မြင့်နေသည်ဟု ထင် ရသည်။ ထို့ကြောင့် ပုပ္ပားတောင်ကို အနောက်ဘက်မှကြည့်လျှင် တောင်ထွတ် နှစ်ခုမြင်ရ၍ မြောက်ဘက်မှကြည့်လျှင် တောင်ထွတ်တစ်ခုသာ မြင်ရခြင်းဖြစ် သည်ဟုဆိုသည်။ ပုပ္ပားတောင်ကို စပါး ပုံတောင်၊ ရေတွင်းတောင်၊ မောင်း တောင်၊ ငုတ်တိုတောင်၊ လပို့တောင်၊ မှန်တောင်၊ ဆေးပွင့်တောင်၊ စိန်တောင်၊ မာလာတောင်၊ ကင်ပွန်းတောင် စသည့် တောင်စွယ်များဖြင့် ပတ်ရံထားသည်။ တောင်မကြီးသည် မီးတောင်ပေါက်ကွဲ ပြီးသည့်နောက်တွင် မီးတောင်သေတစ်ခု ဖြစ်သွားခဲ့သည်။ မီးတောင်သေထိပ်ဝ သည် တစ်မိုင်ခန့်ကျယ်၍ ပေ ၂၆၅ဝခန့် နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးတစ်ခု အဖြစ် ကျန်ရှိနေသည်။ ယင်းချောက်ကြီး ကို ချုံမတွင်းချောက်ဟုလည်း ခေါ်ကြ သည်။ မီးတောင်ပေါက်ကွဲခဲ့စဉ်က လွင့် စဉ်ခဲ့သည့်ချော်ရည်များသည်ပုပ္ပားတောင် မကြီး၏ မြောက်ဘက် ၁ဝ စတုရန်းမိုင် အထိ ဖုံးလွှမ်းခဲ့ပြီး ချော်တုံးအပိုင်းအစ များကို ယနေ့တိုင်မြင်နိုင်ကြသည်။ ပညာ ရှင်များက ပုပ္ပားတောင်သည် လွန်ခဲ့သော နှစ် ၂၅ဝဝဝဝ ခန့်က မီးတောင်ရှင် တစ်ခုဖြစ်ခဲ့သည်ဟု ယူဆကြသည်။

ပုပ္ပားဒေသသည် မြန်မာနိုင်ငံ၏ ကျောက်ခေတ်ဦးကတည်းက ကျောက် ခေတ်လူသားများနေထိုင်ရာအရပ်တစ် ခုဖြစ်ကြောင်းလည်း ယူဆနိုင်သည်ဟု ဆိုသည်။ လွန်ခဲ့သောနှစ်တစ်သန်း လောက်က ဧရာဝတီမြစ်၏ အရှေ့ဘက် ကမ်းသည် ပုပ္ပားတောင်နေရာဖြစ်နိုင် ကြောင်း သမိုင်းပညာရှင်ဒေါက်တာသန်း ထွန်းက ခန့်မှန်းခဲ့ပါသည်။
အမေရိကန် ရှေးဟောင်းသုတေသန ပညာရှင်ဒေါက်တာမိုးဗီးယပ်စ်(Movius) သည် ဆီလီကာကြွယ်သော မီးတောင် ကျောက်ဖြင့် ပြုလုပ်ထားသည့် ကျောက် လက်နက်များကိုလည်း ပုပ္ပားတောင်ခြေ ဆယ်ပေါက်ရွာမှ ရရှိခဲ့ဖူးသည့်အတွက် ပုပ္ပားဒေသတွင် ကျောက်ခေတ်သစ် လူ နေထိုင်မှုများရှိခဲ့ကြောင်း ရေးသားခဲ့ပါ သည်။ ပုပ္ပားတောင်ဒေသသည် မီး တောင်ကျောက်များ ပေါများသည့် ဒေသ ဖြစ်သောကြောင့် ရှေးဦးလူသားတို့သည် ထိုကျောက်များဖြင့် လက်နက်များပြုလုပ် ခဲ့ကြခြင်း ဖြစ်ပေသည်။ မြန်မာသမိုင်း စာအုပ်များတွင် ပုပ္ပားတောင်ကို ပုဂံ ခေတ်နှင့်ဆက်နွှယ်လျက် ရေးသားလေ့ရှိ သည်။ ထို့ကြောင်း ပုပ္ပားဒေသကို အလွန် ရှေးကျသော ကာလများကတည်းက လူများ စဉ်ဆက်မပြတ်ရှိနေခဲ့သည့်နေရာ တစ်ခုအဖြစ် ဖော်ညွှန်းနိုင်ပေသည်။
မှန်နန်းရာဇဝင် အင်္ဂလိပ်ဘာသာပြန် (၁၉၂၃)တွင် ဧရာဝတီမြစ်၏ အလယ် ပိုင်းဝန်းကျင်တွင် ကျယ်လောင်သော အသံကြီးမြည်လျက် မြေငလျင်လှုပ်ခတ် ခဲ့ကြောင်း ဖိုးဥမောင်အရပ်တွင် ရေအိုင် ကြီးတစ်ခုပေါ်ထွန်းလာခဲ့ကြောင်း စမုံ၊ စမြိတ် မြစ်နှစ်စင်းစီးဆင်းလာကြောင်း၊ ပုပ္ပားတောင်သည်မြေမှထွက်လာကြောင်း နှင့် သရေခေတ္တရာဝန်းကျင်မှ ပင်လယ် ခန်းခြောက်သွားကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားရာ လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းလောက်က ဖြစ်မည် ဟု ခန့်မှန်းကြပေသည်။ မြို့ပြနိုင်ငံများ စတင်ထွန်းကားလာချိန်ဝယ် ပျူရှေး ဟောင်းမြို့ပြများဖြစ်သည့် သရေခေတ္တ ရာ၊ ဗိဿနိုးနှင့်ဟန်လင်းတို့သည် ပုပ္ပား တောင်နှင့် အလှမ်းဝေးကွာသည့် နေရာ ဒေသများတွင်ရှိခဲ့သောကြောင့် ပျူသမိုင်း မှတ်တမ်းများတွင် ပုပ္ပားတောင်သည် တိမ်မြုပ်လျက်ရှိနေခဲ့သည်။ သို့သော် ပျူ မြို့ပြများပျက်သုဉ်းပြီး ပုဂံပေါ်ထွန်းလာ ချိန်တွင်မူ ပုပ္ပားသည် အလွန်အရေးပါ သော နေရာတစ်ခုဖြစ်လာခဲ့ပေသည်။ မြန်မာရာဇဝင်ကျမ်းများအဆိုအရ ပုဂံ ခေတ်တွင်ပျူစောထီးမင်းလက်ထက်မှစ၍ ပုဂံမင်းများသည် နှစ်စဉ်ပုပ္ပားတောင် တက်ပွဲ ကျင်းပခဲ့ပြီး ပုပ္ပားကို နတ်တောင် ဟု ခေါ်ဝေါ်ခဲ့ကြသည်။ မည်သည့်ရည် ရွယ်ချက်ဖြင့် တောင်တက်ပွဲများ ကျင်းပ ခဲ့သည်ကိုမူ မသိရှိကြသော်လည်း မြင့် မြတ်သော တောင်တစ်ခုဟု အသိအမှတ် ပြုထားသောကြောင့်ဟု ယူဆကြပါ သည်။ ထိုစဉ်က မည်သည့်နတ်ဟူ၍ အ မည်နာမဖြင့် ကိုးကွယ်ခြင်းကား မရှိသေး ပါချေ။
ပုဂံခေတ်တွင် ပုပ္ပားသည် ပြည်သူ တစ်ရပ်လုံးကိုးကွယ်သော မင်းမဟာဂီရိ တို့ နတ်မောင်နှမ စံပျော်ရာ တောင်တော် ဖြစ်လာခဲ့သည်။ အေဒီ ၉ဝ၄တွင်မှ ပုဂံ ဘုရင် သေဉ်လည်ကြောင်မင်းသည် တကောင်းမှမျောလာခဲ့သော မောင်တင့်
တယ်နတ်မောင်နှမတို့နေသည်ဆိုသော စံကားပင်ကြီးကို နတ်ရုပ်များထု၍ ပုပ္ပား တွင်ထားကာ ပြည်သူများအား ကိုးကွယ် စေခဲ့သောကြောင့် ပုပ္ပားသည် မင်းမဟာ ဂီရိတို့ နတ်မောင်နှမစံပျော်ရာ တောင် တော်ဖြစ်လာခဲ့လေတော့သည်။ မဟာဂီရိ ဟူသည်မှာကြီးမြတ်သော တောင်တော် ဟု အဓိပ္ပာယ်ရသည်။ မင်းမဟာဂီရိ နတ်သည် မြန်မာ့ရိုးရာနတ်ယုံကြည်မှု သမိုင်းတွင် အစောဆုံးနတ်တစ်ပါးဖြစ် သည်။ ပုဂံရာဇဝင်နှင့်ဆက်စပ်နေသော နတ်များနှင့်လည်း ပုပ္ပားတောင်သည် ပတ်သက်နေသည်။ ထို့ကြောင့် ပုပ္ပား သည် နတ်တောင်ဖြစ်လာသည်။
ပုပ္ပားတောင်ကလပ်တွင် စေတီများ၊ ဘာသာရေးအဆောက်အအုံများအပြင် ယုံကြည်မှု၊ ပသမှုဆိုင်ရာ နတ်ရုပ်နတ်နန်း များတည်ရှိနေပြီး ဘုရားဖူးများက ကား ဖြင့် တောင်ကလပ်ခြေရင်းအထိလာကြပြီး မတ်စောက်နေသောတောင်ကလပ်အပေါ် သို့ တက်လေ့ရှိကြသည်။ မြန်မာတို့ အယူ အဆအရ ပုပ္ပားတောင်ကလပ်သည် နတ် တို့ ပျော်စံရာနေရာဖြစ်သည့်အတွက် နတ် ကနားပွဲများကို ကြီးကျယ်ခမ်းနားစွာ နှစ်စဉ် ကျင်းပလေ့ရှိသည်။တောင်ကလပ်ခြေရင်း မှ တောင်ထိပ်အထိ အမိုးမိုးထားသော စောင်းတန်းလှေကားရှိသည်။ ရသေ့ကြီး ဦးခန္တီက စောင်းတန်းလှေကားကို ပြုလုပ် ပေးထားခြင်းဖြစ်၏။ ထို့ကြောင့် တောင် ကလပ်သည် လေးသောဝန်များကို ထမ်း ထားရသည့်အပြင် လူပေါင်းများစွာ တက် ခြင်းဖြင့် လူတို့၏ အလေးချိန်ကိုလည်း ခံနေရသည်။ သို့ကြောင့် မြေကျွံမှုကို စိုးရိမ်နေရခြင်းဖြစ်ပါသည်။
ယခုအခါ ပုပ္ပားဒေသနှင့်ပုပ္ပားတောင် ကလပ်အနီးတွင် မိုးသည်းထန်စွာရွာသွန်း ပါက မြေပြိုမှုများ ဖြစ်ပွားလာသည်။ မြေသားကျွံဝင်မှုဖြစ်ပေါ်ခဲ့သော နေရာအနီး တစ်ဝိုက်ရှိ မြေအောက်ရေ၊ မြေအနေအထား ကိုလေ့လာပြီးနောက် မြေကျွံမှုဖြစ်ပွားနိုင် ခြေ၊ မြေအောက်ရေစီးဆင်းမှုအဟန့်အတား ဖြစ်စေသောအရာများ စသောတွေ့ရှိချက် များကို သက်ဆိုင်ရာမှ မန္တလေးတိုင်း ဒေသကြီးအစိုးရသို့ တင်ပြသွားမည်ဟု ဆို သည်။
မြေသားများက နည်းနည်းစီရွေ့ သည်။ မတည်ငြိမ်ပါ။ မိုးရွာသွန်းခြင်း ကြာလာလျှင် သတိထားရမည့်အနေအထား ရှိသည်ဟုလည်း သက်ဆိုင်ရာမှ ပြောပြ၍ သိရပါသည်။ ထို့ကြောင့် ပုပ္ပားနယ်မြေ သည် စိုးရိမ်ဖွယ်ရာဖြစ်လာသည်။ ပုပ္ပား တောင်နှင့် ပုပ္ပားဒေသ ရေရည်တည်တံ့ ခိုင်မြဲရန်အတွက် တောင်ကလပ် လေးဖက် လေးတန်ကို ဧရိယာများသတ်မှတ်ထား ကာ ယင်းဧရိယာများအတွင်း နေအိမ် ဆောက်လုပ်ခြင်း၊ မြေဖို့ခြင်းမပြုလုပ်ရန်၊ ပုပ္ပားတောင်ထိန်းသိမ်းရေးကော်မတီက ဒေသန္တရအမိန့်ထုတ်ပြန်ထားပြီး ဖြစ်သည် ဟု ဆိုပါသည်။ မြေသားကျွံကျမှုကြောင့် အရေးပေါ်အခြေအနေ ထပ်မံဖြစ်ပေါ်လာ ပါက အန္တရာယ်ဇုန်အတွင်း ကျရောက်နိုင် သောအိမ်ခြေ ၁၂ဝ ခန့်ရှိကြောင်း သိရ သည်။ ဒေသရှိလူများက သိပ္ပံနည်းကျ နားမလည်ကြပါ။ မြေလွတ်တွေ့သည်နှင့် အလုအယက် အဆောက်အအုံဝင်ဆောက် ကြတော့သည်။ ချောင်းများကိုပိတ်သည်။ ကျောက်တုံးကြီးများကို ဘိလပ်မြေများ နှင့် အခိုင်အမာလုပ်၍ မြေဖို့ဆောက်ကြ သည်။ ထိုမြေမျိုးက မခိုင်သည်ကို မသိ ကြပါ။ မိုးသည်းထန်လျှင် မြေကျွံခြင်းများ၊ အက်ကွဲခြင်းများ ဖြစ်လာတတ်သည်။ ထို့ကြောင့် ဒေသခံများသည် သက်ဆိုင်ရာ မှ ညွှန်ကြားချက်များကို လိုက်နာရန် လို သည်။
ပုပ္ပားဒေသသည် သမိုင်းအရလည်း ကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း၊ ဘူမိဗေဒပညာအရ လည်းကောင်း၊ ရှေး ဟောင်းသုတေသနပညာအရလည်းကောင်း၊ မြန်မာပြည်သူတို့၏ နတ်ကိုးကွယ်မှုဆိုင်ရာ ယုံကြည်မှုအရလည်းကောင်း၊ မြန်မာ နိုင်ငံ၏အရေးပါသော ဒေသတစ်ခုအဖြစ် ရပ်တည်လျက်ရှိရာ ထိုဒေသ၏မြေကျွံမှု များကို သက်ဆိုင်ရာမှ အလေးထားဆောင် ရွက်သင့်သကဲ့သို့ ဒေသခံများကလည်း စည်းကမ်းလိုက်နာသင့်ကြကြောင်း နှိုး ဆော်လိုက်ရပါသည်။