images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
၂ဝ၁၈ ခုနှစ်တွင်YouTube အား လစဉ်ကြည့်ရှုသူ သန်း ၁၈ဝဝ ကျော်ရှိလာ
နောင်နောင် Monday, 07 May 2018
ကမ္ဘာကျော် အမေရိကန် video sharing ဝက်ဘ်ဆိုက်ဖြစ်သည့် YouTube အား လစဉ်မှတ်ပုံတင်၍ ကြည့်ရှုသုံးစွဲကြသူအရေအတွက် သည် သန်း ၁၈ဝဝ ကျော်နေပြီဖြစ် ကြောင်းနှင့် အဆိုပါအရေအတွက် သည် အကောင့်မရှိဘဲဝင်ကြည့်သူ အရေအတွက်ကို ထည့်သွင်းတွက် ချက်ထားခြင်းမရှိကြောင်းYouTube အမှုဆောင်အရာရှိချုပ် ဆူဆန်ဝေါ့ ကစ်ကီက ပြောကြားခဲ့ကြောင်း သိရ သည်။ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် နှစ် လယ်ပိုင်းတွင်မူYouTube ကိုlog-in ဝင်ကြည့်သူ အရေအတွက်သည် လစဉ်သန်း ၁၅ဝဝ ခန့်ရှိခဲ့သည်ဟု ကုမ္ပဏီကထုတ်ပြန်ကြေညာခဲ့သည်။ YouTube ကို အကောင့်နှင့်ရော အကောင့်မပါဘဲ ဝင်ကြည့်သူအရေ အတွက်ကိုပါ ထည့်သွင်းတွက်ချက် မည်ဆိုပါက ပမဏအလွန်များပြား မည်ဟုသိရသည်။YouTube ၏ လက်ရှိအအောင်မြင်ဆုံးရုပ်သံဗွီဒီယို တစ်ခုမှာ ကြည့်ရှုသူသန်း ၅ဝဝဝ ကျော်သွားသည့် Despacito သီချင်းMTV နှင့် လက်ရှိလူပေါင်း ၄၁ သန်းကျော်ကြည့်ရှုနေသည့် ဘီယွန် ဆေး၏ Coachella ရုပ်သံလိုင်းတို့ ဖြစ်ကြသည်။
ထို့ပြင် YouTube အနေဖြင့် အဝေဖန်ခံနေရပြီး ကလေးငယ်များ ကြည့်ရှုရန်မသင့်တော်သည့် မဖွယ် မရာဗွီဒီယိုများနှင့်YouTube အား လျှို့ဝှက်ပူးပေါင်းကြံစည်နေမှုများကို စောင့်ကြည့်အရေးယူရန် စိစစ်တည်း ဖြတ်သူပေါင်း ၁ဝဝဝကိုခန့်အပ် ထားကြောင်း ဆူဆန်ဝေါ့ကစ်ကီက အတည်ပြုပြောကြားခဲ့ကြောင်း သိရ သည်။YouTube သည် ၂ဝ၁၇ခုနှစ် မှစတင်ကာ တစ်လလျှင် ၃၅ ဒေါ် လာနှုန်းဖြင့် ရုပ်သံလိုင်းပေါင်း ၅ဝ ကျော်ကြည့်ရှုနိုင်သည့် YouTube TVဝန်ဆောင်မှုကိုမိတ်ဆက်ခဲ့ပြီး၎င်း လိုင်းများကိုsubscribe သွင်းထား သူသည်YouTube Red ၏ မူရင်း ရှိုးများကိုပါကြည့်ရှုနိုင်မည်ဟုလည်း သိရသည်။ Ref: The Verge