images
UN
UN
ရေအနက် မီတာ ၅ဝဝ အထိ ငုပ်နိုင်သော ရေငုပ်သင်္ဘောသစ် ဖန်တီး
Monday, 07 May 2018
အမေရိကန်ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော အက်ရှ်တန်မာတင်သည် ရေအနက်မီတာ ၅ဝဝ အထိငုပ်နိုင်သော ရေငုပ်သင်္ဘောမော်ဒယ်သစ်အား ဖန်တီးနိုင်ခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြသည်။
အက်ရှ်တန်မာတင်သည် အဆိုပါရေငုပ်သင်္ဘောအား အမေရိကန် ရေငုပ်သင်္ဘောကုမ္ပဏီတစ်ခုဖြစ်သည့် ထရစ်တန်အတွက် တည်ဆောက် ပေးခဲ့ခြင်းဖြစ်သည်။ လက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် မီတာ ၅ဝဝ အထိ အန္တရာယ်ကင်းစွာဖြင့် သွားရောက်နိုင်ကြောင်း အတည်ပြု နိုင်ခဲ့သည်။ အဆိုပါရေငုပ်သင်္ဘောသည် အမြန်ဆုံးမြန်နှုန်းအဖြစ် တစ်နာရီ လျှင် ခြောက်မိုင်နှုန်းသာ သွားနိုင်မည်ဖြစ်သည်။ သို့သော် ရေအောက်၌ အနည်းဆုံး ၁ဝ နာရီကြာနေထိုင်နိုင်မည်ဖြစ်သောကြောင့် သုတေသန လုပ်ငန်းများ လုပ်ကိုင်ခြင်းအပါအဝင် သင်္ဘောပျက်များရှာဖွေခြင်းကဲ့သို့ လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အထောက်အကူများစွာ ဖြစ်စေမည် ဖြစ်သည်။ မီတာ ၅ဝဝ အနက်အထိ သွားရောက်နိုင်ရန်အတွက် မှန်များ တပ်ဆင်ရာတွင် နည်းပညာသစ်များ အသုံးပြုထားသည်ဟုလည်း သိရ သည်။ အဆိုပါ ရေငုပ်သင်္ဘောတစ်စင်း၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ လေးသန်းနီးပါး ရှိမည်ဖြစ်သည်။
NG(Ref;NY Times)