images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ထိုင်းနိုင်ငံသို့မြန်မာစီးပွားရေးခရီးသွားများပိုမိုလာရောက်စေရန် ဆောင်ရွက်မည်
အဖြူရောင် Monday, 07 May 2018
ထိုင်းနိုင်ငံသို့ မြန်မာစီးပွားရေး ခရီးသွားများ ပိုမိုလာရောက်လာစေ ရန် ထိုင်းနိုင်ငံဆိုင်ရာ ပြပွဲညီလာခံ ဌာနနှင့် ဘန်ကောက်အဲဝေးလေ ကြောင်းလိုင်းတို့ပူးပေါင်း၍Fly and Meet Double Bonus အစီ အစဉ်အား ၂ဝ၁၈ ဧပြီမှ ၂ဝ၁၉ စက်တင်ဘာလထိဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယနေ့ရှင်းလင်း ပြောကြားချက်အရ သိရသည်။
ယခုအစီအစဉ်မှာCLMV နိုင်ငံ များအတွက် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်၍ကမ္ဘောဒီးယား၊လာအို၊မြန်မာ နှင့် ဗီယက်နမ်နိုင်ငံများအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး CLMV နိုင်ငံမှ ထိုင်းနိုင်ငံသို့စီးပွားရေးဆိုင် ရာအစည်းအဝေးနှင့် ဝန်ထမ်းခရီး စဉ်များ လာရောက်ကျင်းပမှုအား မြှင့်တင်ရန် စီစဉ်ခြင်းဖြစ်သည်။
''CLMV ဈေးကွက်က နိုင်ငံ တွေနဲ့အတူပူးပေါင်းပြီး ထိုင်းနိုင်ငံ ကို နည်းစနစ်ကျအောင် ဖွံ့ဖြိုးဖို့ ရည်ရွယ်ပြီးအခုလိုပူးပေါင်းဆောင် ရွက်တာဖြစ်ပါတယ်။CLMV စီးပွားရေးလုပ်ငန်းဆိုင်ရာခရီးသွား ဝင်ရောက်မှုက ပြီးခဲ့တဲ့နှစ်တွင် ၂၄ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပါတယ်။ အခုအစီအစဉ်ကြောင့်လည်း ဆက် တိုးတက်လာမယ်လို့ မျှော်လင့်ပါ တယ်''ဟု ရန်ကုန်မြို့TCEB ရုံး ဥက္ကဋ္ဌMr. Puripan Bunnag က ပြောသည်။
Fly and Meet Double Bonus အစီအစဉ်အား ထိုင်းနိုင်ငံတွင် လာရောက်ပြုလုပ်မည့် စီးပွားရေး ဆိုင်ရာအစည်းအဝေးနှင့် ဝန်ထမ်း ခရီးစဉ်များအတွက်အကျိုးခံစားခွင့် ရရှိနိုင်မည်ဖြစ်ပြီး ငွေကြေးဆိုင်ရာ မတည်ငွေအဖြစ် အဖွဲ့တစ်ဖွဲ့လျှင် ထိုင်းဘတ်သုံးသိန်းနှုန်း (အမေ ရိကန်ဒေါ်လာ ၉၆ဝဝ)ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ပေး အပ်ထားသော ငွေကြေးနှင့်ညီမျှ သည့်ဝန်ဆောင်မှုများအနေဖြင့်ယဉ် ကျေးမှုဆိုင်ရာသရုပ်ဖော်ပြသမှုများ၊ ခရီးဦးကြိုဆိုခြင်း၊ စားသုံးသူများ ရှေ့တွင် အချိန်နှင့်တစ်ပြေးညီ ချက် ပြုတ်ပေးခြင်း၊ စားသောက်တန်း များနှင့် ထိုင်းလက်မှုပညာပြုလုပ်ပုံ များပုံဖော်ခြင်းတို့ကိုလည်း ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ဘန်ကောက်အဲဝေးလေကြောင်း လိုင်းမှလည်း အယောက် ၅ဝ ပါ အဖွဲ့တိုင်းအား လက်မှတ်အပိုတစ် စောင်အပြင်Fly Bonus နှစ်ဆ ပေးခြင်း၊ ခရီးဆောင်အိတ်တွက် အပိုကီလို (၁ဝ)ကီလိုပေးခြင်း ကြို တင်စီစဉ်ထားသော အဖွဲ့လိုက် ထိုင်ခုံနေရာများ၊ အထူးcheck-in ကောင်တာ ကြိုတင်check-in ဝန် ဆောင်မှုအား စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအစီအစဉ်အား ရရှိနိုင်ရန် ခရီးသည်အယောက်၅ဝပါဝင်သော အဖွဲ့ဖြစ်ရမည်ဖြစ်ပြီးCLMV နိုင်ငံ များမှ ထိုင်းနိုင်ငံသို့ ဘန်ကောက် အဲဝေးလေကြောင်းလိုင်းဖြင့်ပျံသန်း စီးနင်းရမည်ဖြစ်ကြောင်း၊သတ်မှတ် ထားသောဟိုတယ်တွင် အနည်းဆုံး နှစ်ညတည်းခြင်း (သို့)Thailand MICE Venue Standard မှ အသိ အမှတ်ပြုနေရာတွင်ပွဲတစ်ခုခုကျင်းပ ခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။