images
UN
UN
မိခင်လောင်းများကိုယ်ဝန်ဆောင်စဉ် အဝလွန်ခြင်းနှင့်သမီးမိန်းကလေးများ စောစီးစွာအပျိုဖော်ဝင်ခြင်းတို့ဆက်စပ်နေ
နောင်နောင် Tuesday, 08 May 2018
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အဝလွန်သည့်မိခင်များအနေဖြင့် သာမန်ကိုယ်အလေးချိန်ရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများထက် စောစီးစွာအပျိုဖော်ဝင်နိုင်ဖွယ်ရှိသည့် သမီးမိန်းကလေးများမွေးဖွား နိုင်ခြေပိုမိုရှိသည်ဟု အမေရိကန်သုတေသနတစ်ခုအရ သိရသည်။
သုတေသီများသည် အမေနှင့်သမီးစုံတွဲပေါင်း ၁၅၃ဝဝ နီးပါးတို့၏ ဆေးမှတ်တမ်းများကို သုံးသပ်စိစစ်ခဲ့ကြခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင် စဉ် သာမန်ကိုယ်အလေးချိန်ရှိသူမိခင်များ၏ သမီးမိန်းကလေးများနှင့် အဝလွန်သည့် မိခင်များ၏သမီးမိန်းကလေးများကို နှိုင်းယှဉ်ကြည့်သည့် အခါတွင် အဝလွန်မိခင်လောင်းများ၏ သမီးမိန်းကလေးများက စောစီး စွာရင်သားများဖွံ့ဖြိုးခြင်းနှင့် ဆီးခုံမွေးများ ထွက်ရှိခြင်းတို့ဖြစ်ပေါ်နိုင် ခြေ ၃၉ ရာခိုင်နှုန်းရှိကြောင်းသိရသည်။ ကိုယ်ဝန်ဆောင်စဉ် အဝလွန် ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် အလွန်မြင့်တက် လာခြင်းတို့သည် အန္တရာယ်ရှိသော မွေးဖွားမှုများဖြစ်ပေါ်လာခြင်းနှင့် ကလေးအရွယ်တွင် အဝလွန်ရောဂါဖြစ်ခြင်းတို့ကဲ့သို့သော ခက်ခဲရှုပ်ထွေး သည့် ကိုယ်ဝန်ဆောင်မှုကို ဖြစ်ပေါ်စေသည်ဟုသိရသည်။
အဆိုပါသုတေသနသည် အဝလွန်ခြင်းနှင့်သွေးချိုမြင့်တက်ခြင်းတို့ က လူပျိုအပျိုဖော်ဝင်ချိန်အပေါ်သက်ရောက်မှုရှိသည်ကို ပြသသည့် ယခင်အသိအမြင်အပေါ်ချဲ့ထွင်ကာ လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ မိန်းကလေးငယ်များတွင် အရွယ်မတိုင်မီ အပျိုဖော်ဝင်ခြင်းသည် စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျအားငယ်မှု၊ ခန္ဓာကိုယ်အပေါ်အလိုမကျမှု၊ ဆယ်ကျော်သက်အရွယ်တွင် ကိုယ်ဝန်ဆောင်ရခြင်း၊ စောစီးစွာလိင်မှု ကိစ္စများ တွေ့ကြုံရခြင်းများအပါအဝင် များစွာသောဆိုးရွားသည့် စိတ် ခံစားချက်များ၊ အမူအကျင့်များဆိုင်ရာရလဒ်များဖြစ်ပေါ်မှုနှင့် ဆက်စပ် နေလျက်ရှိသည်ဟုသိရသည်။ ထို့ပြင် အသက်ကြီးလာသည့်အခါတွင် လည်း နှလုံးရောဂါများ၊ အသက်အန္တရာယ်ရှိစေသည့် ရောဂါများနှင့် ရင်သားနှင့် သားအိမ်ကင်ဆာများလည်း ဖြစ်ပွားနိုင်ခြေမြင့်မားသည်ဟု သိရသည်။ Ref: Channel News Asia