images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ရေချိုငါးမျိုးများပြုန်းတီးရှားပါးလာမှု
ဒေါက်တာနေဝင်း (မွေးကု) Tuesday, 08 May 2018
ကမ္ဘာ့မြေမျက်နှာပြင်၏ ရာခိုင်နှုန်း ၇ဝ အား ရေများဖြင့် ဖုံးလွှမ်းထားပြီး ၄င်းတို့အနက် ၂ ဒသမ ၅ ရာခိုင်နှုန်းမှာ ရေချိုများဖြစ်ပါသည်။ ယင်းရေချိုများ ထဲမှ သုည ဒသမ ၃ ရာခိုင်နှုန်းအား မြစ်များ၊ ရေအိုင်များတွင်တွေ့ရှိရပြီး ကျန် ရေချိုများအား မြေပြင်အတွင်း၌လည်း ကောင်း၊ ရေခဲပြင်များ၊ ရေခဲမြစ်များတွင် လည်းကောင်းတွေ့ရှိရပါသည်။ ရေချိုများ ၏ပမာဏမှာ ကမ္ဘာပေါ်ရှိရေအားလုံး၏ သုည ဒသမ ဝ၁ ရာခိုင်နှုန်းသာဖြစ်ပြီး ကမ္ဘာပေါ်ရှိမြေမျက်နှာပြင်၏ သုညဒသမ ၈ ရာခိုင်နှုန်းနေရာအားရယူထားပါသည်။ ယင်းရေချိုများမှနေ၍ သက်ရှိသတ္တဝါမျိုး နွယ်ပေါင်း အနည်းဆုံး ၁ဝဝဝဝဝ အား အထောက်အပံ့ပြုထားပြီးယင်းပမာဏ မှာ ကမ္ဘာပေါ်ရှိသတ္တဝါမျိုးပေါင်းအားလုံး ၏ ခြောက်ရာခိုင်နှုန်း ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိမြစ်ပေါင်း ၂၆၃ စင်းမှာ ကမ္ဘာ၏ ၄၅ ရာခိုင်နှုန်းသော မြေမျက် နှာပြင်သို့ စီးဆင်းကြပြီး ယင်းနေရာများ မှ ရာခိုင်နှုန်း ၄ဝ ထက်များသော ကမ္ဘာ့ လူဦးရေအား အထောက်အပံ့ပြုပေးလျက် ရှိပါသည်။ ကမ္ဘာ့ရေချိုများနှင့်ဆိုင်သော ဂေဟစနစ်က ကမ္ဘာပေါ်ရှိ သတ္တဝါမျိုး ပေါင်း ခန့်မှန်းခြေ ၁၂ ရာခိုင်နှုန်းအား လည်းအထောက်အကူပြုပေးလျက်ရှိပါ သည်။
ငါးမျိုးပေါင်း ၁ဝဝဝဝ ကျော်ခန့်မှာ ရေချိုများတွင်နေထိုင်လျက်ရှိကြပြီး ကမ္ဘာ ပေါ်ရှိ ငါးမျိုးအားလုံး၏ ရာခိုင်နှုန်း ၄ဝ ခန့်ဖြစ်ပါသည်။ ရေချိုများထဲတွင်နေထိုင် ကြသောငါးမျိုးတစ်မျိုးသည် ပျမ်းမျှရေချို အကျယ်အဝန်းပမာဏ ၁၅ စတုရန်း ကီလိုမီတာအတွင်း နေထိုင်ကြရပြီး ရေ ငန်တွင်နေထိုင်သော ငါးမျိုးတစ်မျိုးမှာမူ ပျမ်းမျှ ၁ဝဝဝဝဝ စတုရန်း ကီလိုမီတာ တွင် နေထိုင်ကြောင်းသိရပါသည်။
ရေချိုတွင်နေထိုင်သော ငါးများပြုန်း တီးပျောက်ကွယ်လာမှုနှင့် ပတ်သက်၍ သိပံ္ပပညာရှင်များ၏ တွေ့ရှိချက်များအရ ရာခိုင်နှုန်း ၅ဝသော ငါးမျိုးများ၏ပမာဏ မှာ လျော့နည်းလာပြီး လွန်ခဲ့သောနှစ် ပေါင်း ၃ဝ ကာလအတွင်း ရေချိုငါးမျိုး ပေါင်း ၁ဝဝဝဝ အနက် ရာခိုင်နှုန်း ၂ဝ သောပမာဏမှာ စိုးရိမ်ဖွယ်ရာအခြေအနေ သို့ရောက်ရှိနေပြီး ပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်ရှိလျက်ရှိပါသည်။
ထို့အပြင် ရေချိုငါးမျိုး ၉၁မျိုးမှာ လွန်ခဲ့ သောရာစုနှစ်အတွင်း ပျောက်ကွယ်သွား ခဲ့ပြီးဖြစ်ကြောင်း 'အိုင်ယူအင်စီ'ခေါ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဖော်ပြထားပါသည်။ ဥရောပတိုက်တွင် လည်း ရေချိုငါးမျိုးပေါင်း ၂ဝ၂မျိုးအနက် ၈၅မျိုးမှာ ပျောက်ကွယ်သွားမည့် ခြိမ်း ခြောက်မှုအား ခံနေရကြောင်း 'အိုင်ယူ အင်စီ'က ဖော်ပြထားပါသည်။
ရေချိုငါးမျိုးများ၏ ဂေဟစနစ်များ ဆုံးရှုံးလာမှုနှင့်ပတ်သက်၍ သစ်များခုတ် ယူခြင်း၊ အဆောက်အအုံများ ဆောက် ခြင်း၊ သတ္တုများတူးဖော်ခြင်း၊ ရေကာ တာများတည်ဆောက်ခြင်း၊ ရေလွှဲများပြု လုပ်ခြင်း၊ စားကျက်လွှတ်ကျောင်းခြင်း များက ရေချိုငါးများနေထိုင်သည့်ရေများ ရှိသည့် စမ်းချောင်းများ၊ ရေအိုင်ကြီးများ၊ ရွှံ့ညွန်မြေများနှင့် နီးကပ်သည့် နေရာများ တွင်ပြုလုပ်သည်ဖြစ်စေ၊ အဝေးမှပြုလုပ် သည်ဖြစ်စေ ဆိုးကျိုးများသက်ရောက် နိုင်ကြောင်း သိရှိရပါသည်။
ရေချိုငါးမျိုးများအား ပြုန်းတီး ပျောက်ကွယ်စေသည့်အခြားအချက်များ အားကြည့်ပါက ရေချိုငါးများ နေထိုင် သည့်ပတ်ဝန်းကျင်ရှိလူများ၏ ရေချိုငါး များနှင့်ပတ်သက်သည့်အခြေခံကျသည့် ငါးတို့၏ သဘာဝနှင့်ဆိုင်သည့် ရာဇဝင် ကြောင်းဆိုင်ရာ သတင်းအချက်အလက် များအားမသိရှိခြင်း၊ ရေချိုငါးများ၏လှုပ် ရှားသွားလာမှု၊ ရေရှည်တည်တံ့နိုင်သည့် ပမာဏနှင့်ပတ်သက်သည့် ပတ်ဝန်းကျင် နှင့်ဆက်စပ်မှုများအား အလေးမထား ခြင်း၊ ရေစီးကြောင်းများ ငါးများနှင့်ပတ် သက်သည့်ဆက်စပ်မှုများတွင် နားလည် နိုင်ရန် အကန့်အသတ်များရှိခြင်း၊ ရာသီ ဥတုဆိုင်ရာရှုထောင့်မှနေ၍ရေချိုငါးများ၏ ဇီဝဗေဒဆိုင်ရာ နားလည်မှုများနှင့် ပတ် သက်၍ အကန့်အသတ်များရှိခြင်း၊ ရေချို ငါးများ၏ဂေဟစနစ်ဆိုင်ရာ အထောက် အကူပြုမှုများနှင့်ပတ်သက်၍ နားလည်မှု တွင် အကန့်အသတ်ရှိခြင်းနှင့် ရေချိုငါး များအားထုတ်ယူသုံးစွဲမှုနှင့် စီမံခန့်ခွဲမှု တွင် နားလည်မှုများ အားနည်းသည့် အချက်များပင်ဖြစ်ပါသည်။
ဖော်ပြပါရေချိုငါးမျိုးများနှင့်ပတ်သက် သည့် ဂေဟစနစ်များပျက်သုဉ်းလာမှုမှာ တဖြည်းဖြည်းများပြားလာပြီးလတ်တလော အခြေအနေတွင် နိုင်ငံပေါင်း ၈ဝ ကျော် တွင် နေထိုင်လျက်ရှိသည့်လူသန်းပေါင်း ၂၃ဝဝဖြစ်သော ကမ္ဘာ့လူဦးရေ ၄၁ရာခိုင် နှုန်းမှာ ဆိုးရွားသည့်ရေရှားပါးမှု ဒဏ် အားခံစားရမည်ဖြစ်ပါသည်။ လာ မည့် ၂ဝ၂၅ခုနှစ်တွင် လူသန်းပေါင်း ၃၅ဝဝ ဖြစ်သည့်ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့် မှာ သောက်သုံးရေရှားပါးမှုနှင့်ဆည်ရေ သွင်းမှုဆိုင်ရာပြဿနာများနှင့် ကြုံတွေ့ ရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရေချိုငါးများ ပြုန်းတီး လျော့ပါးလာမှုနှင့်ပတ်သက်သည့်အပြည် ပြည်ဆိုင်ရာသုတေသနအဖွဲ့များ၊ လေ့လာ သူများ၏ တွေ့ရှိချက်များအား သိရှိနိုင် ပါရန် စုစည်းရေးသားတင်ပြလိုက်ရပါ သည်။