images
UN
UN
မေမြို့ သို့မဟုတ် ပြင်ဦးလွင်
ကျော်ကျော်(မလှိုင်) Wednesday, 09 May 2018
မေမြို့-ပြင်ဦးလွင်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့ဟူသော အမည်နာမ များစွာပိုင်ဆိုင်သည့် မြို့ကလေးသည် မြန်မာနိုင်ငံသားများသာမက ပြည်ပနိုင်ငံ များရှိ ခရီးသွားများပါ ရောက်ရှိဖူးကြ သလို ကမ္ဘာလှည့်ခရီးသည်များနှစ်သက် သောမြို့လည်းဖြစ်သည်။ မေမြို့ သို့ မဟုတ် ပြင်ဦးလွင်က လူစိတ်ဝင်စားရ သည့်အချက်များကို ညွှန်းရမည်ဆိုလျှင် ၄င်းမြို့လေး၏ပိုင်ဆိုင်သောဂုဏ်ပုဒ်များစွာ ရှိနေပါသည်။ မေမြို့ပန်းနှင့်ဂန္ဓမာထွက်ရှိ သောမြို့၊ ဆွယ်တာမြို့၊ စံဂျုးမလိုင်မြို့၊ ဟင်းသီးဟင်းရွက်များစွာ ထွက်ရှိသော မြို့၊ ကော်ဖီနှင့် ယိုမျိုးစုံထွက်ရှိသောမြို့၊ နိုင်ငံ၏သားကောင်းရတနာများမွေးထုတ် ပေးနေသည့် ဗိုလ်လောင်းများ ထွက်ရှိခဲ့ သောမြို့၊ ခရီးသွားများ အထူးစိတ်ဝင် စားပြီး စီးနင်းနေသော မြင်းရထားလုံး (အလှဆင်)ထားတဲ့မြို့၊ နွေရာသီရောက် ရှိတာနှင့်လူသားများ တောင့်တနေခဲ့သော မြို့စသည်ဂုဏ်ပုဒ်များစွာ ပိုင်ဆိုင်ထား သောမြို့၊ မြန်မာနိုင်ငံ၏Hollywood မြို့စသည်တို့ဖြစ်သည်။ မေမြို့ သို့မဟုတ် ပြင်ဦးလွင်မြို့ကို ၁၈၅ဝ ပြည့်နှစ်မှာ စတည်ခဲ့ကြောင်းကို အောင်မြင်ဘုံသာ မဟာဆုတောင်းပြည့် စေတီတော်၏ တောင်ဘက်ခြေရင်းတွင် တည်ရှိသော ပြင်ဦးလွင်မြို့ဖြစ်ပေါ်လာပုံ သမိုင်း ကျောက်စာများအရ သိရသည်။ ပြင်ဦး လွင်၊ ပြင်ကြီး၊ ပြင်စာ ပြင်သုံးပြင် တစ်ပြင်ကောင်းစားမယ်လို့ ရှေ့တုန်းက တဘောင်ပေါ်ဖူးခဲ့ကြောင်း သိရသည်။
အဆိုပါတဘောင်အရ ရှမ်းနဲ့ဓနု တိုင်းရင်းသားတွေနေခဲ့ကြတဲ့ ရွာငယ် လေးဟာ(ယခု) မေမြို့ သို့မဟုတ် ပြင်ဦး လွင်မြို့ဆိုပြီး မြန်မာပြည်ပါမက ကမ္ဘာ ကပါ အသိအမှတ်ပြု မှတ်တမ်းတင် ထားသောမြို့ဖြစ်ခဲ့ကြောင်း သိရသည်။ အင်္ဂလိပ်တွေက အထက်မြန်မာပြည်ကို မသိမ်းခင်ကတည်းက သူတို့၏ဘုရင်ခံနဲ့ ဥရောပတိုက်သားတွေ အပန်းဖြေအနား ယူဖို့နှင့် ပူပြင်းတဲ့ မတ်၊ ဧပြီ၊ မေ၊ ဇွန် လေးလအတွင်းမှာ အစိုးရရုံးစိုက်ဖို့ နွေ ရာသီ တောင်စခန်းမြို့ကို ရှာဖွေခဲ့ပြီး ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၄ဝဝဝ ရှိတဲ့ သံတောင်မြို့ကို ၁၈၈၂ ခုနှစ်မှာစမ်းသပ်ခဲ့ပေမယ့် ၁၈၈၅ခုနှစ်မှာ စွန့်လွှတ်ခဲ့ကြောင်း သိရသည်။ အထက် မြန်မာပြည်ကို သိမ်းပြီးနောက် ၁၈၉၅ ခုနှစ်မှာ မြို့ဟောင်းဘူတာမှ ပြင်ဦးလွင် အထိ မီးရထားလမ်းဖောက်လုပ်ရာ ကနေ တောင်စခန်းမြို့တည်ဖို့ မျက်စိကျ ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရ သည်။




၁၈၅ဝ ပြည့်နှစ်တွင် မြန်မာနန်း တွင်းအရာရှိတို့သည် ပြင်စာရွာနှင့် ပြင်ကြီးကျေးရွာအကြား ရှမ်းရွာလေး တစ်ရွာကိုရောက်ရှိခဲ့စဉ် ထိုရွာကို ပြင်ဦး ဟုခေါ်ဆိုခဲ့သည်။ ကုန်းမြင့်လွင်ပြင် ထက်တွင်တည်ရှိသောကြောင့် ပြင်ဦးလွင် ဟု အမည်မှည့်လိုက်သည်။ အင်္ဂလိပ် တို့ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက်ပြီး နောက် ၁၈၈၇ ခုနှစ်တွင် အမှတ်(၅) ဘင်္ဂလားခြေလျင်တပ်ဗိုလ်မှူးကြီးH.O. Mayသည် ပြင်ဦးလွင်ရွာတွင် စစ်အခြေ စိုက်တပ်ထိုင်ရသည်။
ပြင်ဦးလွင်၏ ရေမြေတောတောင် သဘာဝ၊ ပင်လယ်ရေမျက်နှာပြင်အမြင့်၊ ရာသီဥတုတို့သည် အင်္ဂလန်နှင့်အနည်း ငယ်ဆင်တူသည်ဟု သတိထားမိလာပြီး မန္တလေးနှင့် ရန်ကုန်နွေအပူဒဏ်များ ရှောင်ရှားနိုင်ပြီး ထိုရွာကို အိန္ဒိယရှိ Dar-jeeling နှင့်Simia သကဲ့သို့ တောင် စခန်းမြို့တည်ရန်အကြံပြုပြီး ဝန်ရှင်တော် မင်းကြီးMi.Smeat On Ics(Indian Civilian Service)မှ အင်္ဂလိပ်မြို့ပုံပေါက် မြို့ငယ်တစ်မြို့တည်ထောင်ရန် ဆုံးဖြတ် လိုက်ပြီး ၁၈၉၆ ခုနှစ်၌ ဗိုလ်မှူးကြီး May သည် မြို့၏နာမည်ပေးပွဲအတွက် ရွာလူကြီးမိဘများကို အစည်းအဝေး ဖိတ်ကြားခဲ့ပြီး ရွာသူကြီးဦးစံက ဗိုလ်မှူး ကြီး May ထူထောင်သူဖြစ်သဖြင့် မေမြို့ ဟုခေါ်ဆိုရန် အကြံပြုခဲ့ရာမှ စတင်၍ မေမြို့ဟု အမည်တွင်သွားခဲ့ကြောင်း၊ ထိုအချိန်၌ မေမြို့ဟု အမည်တွင်ခဲ့သော ရွာတွင် အိမ်ခြေ ၂၃ အိမ်သာရှိခဲ့ ကြောင်း မေမြို့သမိုင်းဖြစ်စဉ်များတွင် ဖော်ပြထားလေသည်။ ယင်းနောက် အင်္ဂလိပ်တို့သည် ၁၈၉၆ ခုနှစ်မှ ၁၉ဝဝ ပြည့်နှစ်များအတွင်း မြို့အကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း လူနေအဆောက်အအုံ များတည်ဆောက်ခြင်းများ ဆောင်ရွက် ခဲ့ကြပြီး အင်္ဂလိပ်မြို့ပုံစံငယ်တွင် အဓိက အားဖြင့် ဘုရင်ခံအိမ်၊ ဘူတာ၊ ရုံးများ၊ စာတိုက်၊ ဘဏ်၊ ပန်းခြံ၊ဂေါက်ကွင်း၊ မြင်းစီးကွင်း အစရှိသည်တို့ကို ၄င်းတို့ စိတ်ကူးအတိုင်း ဆောက်လုပ်ခဲ့ကြသည့် အပြင် အိမ်တော်ကြီးများကို မြေ ၂၊ ၃၊ ၄ ဧကများပေါ်တွင်Tudor. Style Edwardian Style Geogian Style တို့ဖြင့် ဆောက်လုပ်ကာ မြက်ခင်းပြင် များနှင့် အိမ်ရှေ့တွင် ပန်းမျိုးစုံစိုက်ပျိုး၍ အလှဆင်ကြသည်။ လမ်းများဖောက် လုပ်ပြီးချိန် လမ်းဘေးဝဲယာ၌ဝက်သစ်ချ၊ ချယ်ရီ၊ ထင်းရှူးပင်များနှင့် ငှက်ဖျား ရောဂါကာကွယ်သည်ဟူသော ယူကလစ် ပင်တို့ကိုပါ စိုက်ပျိုးခဲ့ကြကြောင်း သိရ သည်။ ယခုဈေးကြီးလမ်းကိုHospital Approach Road ဗိုလ်ချုပ်လမ်း ကိုBund Road၊ ချယ်ရီလမ်းကိုMassi-onary Road စသဖြင့် အမည်မှည့်ခေါ်ဆို ကြသည်။ မြို့တွင်းသယ်ယူပို့ဆောင် ရေးအတွက် လန်ချားနှင့် မြင်းလှည်းများ ထားရှိပေးထားခဲ့ကြောင်း သိရသည်။
ယင်းနောက်ရန်ကုန် စသည်မြို့များမှ မေမြို့သို့ လန်ချားများ လာရောက်ဆွဲ သည်။ အလုပ်သမားများမှာ ထိုမြို့သည် အတက်၊ အဆင်းများပြီး ဆွဲရခြင်းကြောင့် ၄င်းတို့လာရောက်ကြသည့်မြို့သို့ ပြန်ပြေး ခဲ့ကြသည်။ ထိုခေတ်အချိန်က မေမြို့ တွင် မြင်းလှည်းများကို ဟိန္ဒူလူမျိုးများ က အဓိကမောင်းနှင်ကြသည်။ မြင်း လှည်းမှာနှစ်မျိုးရှိပြီး ရထားလုံးနှင့်ဒေါက် ဃမေအ (ယခုကန်တော်ကြီး) အသွားလမ်း Cafe နှင့်Hotel Pyin Oo Lwin ရှေ့ရပ် ထားသော အမိုးဖွင့်လှည်း တို့ဖြစ်သည်။ ထိုမြင်းရထားလုံးများသည် ဒေါက်ကတ် ထားသည်။ မျက်နှာဖြူအရာရှိများသာ စီးခွင့်ရှိပြီး ကျန်ရထားလုံးများကို လူတိုင်း စီးခွင့်ပြုထားပေးခဲ့ကြောင်း သိရသည်။ ထိုအချိန်မှစတင်၍ ဘုရင်ခံအဆက်ဆက် တို့ကမေမြို့တွင် လမ်း၊ တံတား၊ ဆေးရုံ၊ ပန်းခြံစသည်များကို တည်ဆောက်ခဲ့ပြီး နောက် ပထမကမ္ဘာစစ်အတွင်း တူရကီ စစ်သုံ့ပန်းများကိုခေါ်ယူ၍ (ယခုဒေသ အခေါ်) ကန်တော်ကြီးပန်းခြံကို တူးဖော် ပေးခဲ့သည်။ ထိုအချိန်က ဘုရင်ခံ၏ အမည်မှာ Sir Harcode Butler ဖြစ် သောကြောင့် ထိုကန်တော်ကြီးပန်းခြံ၏ အမည်ကိုလည်းButler Lakeန ဟု အမည် ပေးထားခဲ့လေသည်။
ထိုကန်ကို ၁၉၁၇ မှ စတင်တူးဖော် ရာ ၁၉၂ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့ကြောင်း ကန်ရေလွှဲပေါက်တွင် စိုက်ထူထားသော ကမ္ပည်းကျောက်တိုင် မှတ်တမ်းများအရ သိရသည်။ ထိုအတူမေမြို့ရှိ နာရီစင်ကို လည်း ဘုရင်ခံများက တည်ဆောက်ပေး ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာရီစင် အတွင်းရှိ ကလီစာများအခိုးခံရပြီးနောက် ထို့မြို့ရှိ ဦးသိန်းနာရီဆိုင်မှ ပြန်လည်ပြု ပြင်ပေးခဲ့ကြောင်း သိရသည်။ မေမြို့ရှိ ပွဲကောက်ရေတံခွန်ကို အင်္ဂလိပ်တို့ကHampshire ဟု ခေါ်ဆိုခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင်BE တပ်က ထိုရေတံခွန် အနီးစခန်း၌ စခန်းချခဲ့သဖြင့် BE Fall ဟု ခေါ်ဆိုခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် အင်္ဂလိပ်ဘုရင်ခံများတည်ဆောက်ခဲ့သော အိမ်ကြီးများကို ပြည်သူပိုင်သိမ်းယူခဲ့ပြီး မေမြို့မှ ပြင်ဦးလွင်သို့ ၁၉၉ဝ ပြည့်နှစ် ခန့်တွင် ပြောင်းလဲခေါ်ဝေါ်ကာ ၂ဝဝဝ ပြည့်နှစ်တွင် ရုက္ခဗေဒဥယျာဉ်ကို အမျိုး သားကန်တော်ကြီးဥယျာဉ်ဟု ယနေ့အချိန် အထိခေါ်ဝေါ်ခဲ့ကြောင်း မေမြို့သို့မဟုတ် ပြင်ဦးလွင်၏ သမိုင်းမှတ်တမ်းများအရ သိရသည် ယခုအချိန်တွင် မေမြို့ သို့ မဟုတ် ပြင်ဦးလွင်ပန်းမြို့တော်ဟု ခေါ် ဝေါ်နေသောမြို့သို့ မြန်မာပြည်သူများ သာမက ကမ္ဘာလှည့်ခရီးသွားများပါ နေ့စဉ်လာရောက်လေ့လာလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရသည်။