images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
အိန္ဒိယနိုင်ငံအတွင်းသို့ မြန်မာခရီးသွားဧည့်သည်ဝင်ရောက်မှု မြင့်တက်လာ
NG Thursday, 10 May 2018
၂ဝ၁၇ ခုနှစ်အတွင်း၌ အိန္ဒိယ နိုင်ငံအတွင်းသို့ လာရောက်လည် ပတ်ခဲ့သည့် မြန်မာခရီးသွားဧည့် သည်ဦးရေမှာ ၂ဝ၁၆ ခုနှစ်က လာရောက်လည်ပတ်ခဲ့သောဦးရေ ထက် ပိုမိုမြင့်မားလာခဲ့ကြောင်း အိန္ဒိယခရီးသွားလုပ်ငန်းဦးစီးဌာန က သတင်းထုတ်ပြန်သည်။
၂ဝ၁၇ ခုနှစ်အတွင်း၌ အိန္ဒိယ နိုင်ငံအတွင်းသို့ လာရောက်လည် ပတ်ခဲ့သည့် မြန်မာခရီးသွားဧည့် သည်ဦးရေသည် ၂ဝ၁၆ ခုနှစ်က လာရောက်လည်ပတ်ခဲ့သည့် အရေ အတွက်ထက် ၁ဝ ရာခိုင်နှုန်းမြင့် တက်လာခဲ့ကြောင်း အတည်ပြုနိုင် ခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ သည် မြန်မာနိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် အတွက် သဘောတူညီမှုအချို့ရယူ ခဲ့ရာတွင် အိန္ဒိယနိုင်ငံအတွင်းသို့ လာရောက်မည့်မြန်မာနိုင်ငံသား များအား ဗီဇာကင်းလွတ်ခွင့်ပေး သည့် သဘောတူညီမှုလည်းပါဝင် ခဲ့သည်။ ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် အိန္ဒိယအစိုးရက နိုင်ငံအတွင်းသို့ လာရောက်လည် ပတ်မည့်မြန်မာနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးကြောင်း အတည်ပြုကြေညာခဲ့သည်။ အိန္ဒိယ နိုင်ငံအတွင်းသို့ လာရောက်လည် ပတ်သည့် မြန်မာနိုင်ငံသားအများ စုသည် ဗုဒ္ဓမြတ်စွာဘုရားပွင့်တော် မူခဲ့သည့်နေရာနှင့် ဘုရားရှင်သက် တော်ထင်ရှားရှိစဉ်က လှည့်လည် သွားလာခဲ့သည့် နေရာအများစုရှိ သော ဗုဒ္ဓဂယာသို့ အများဆုံးလာ ရောက်လည်ပတ်ကြကြောင်း တွေ့ ရှိထားသည်။