images
UN
UN
iPhoneများ၏လုံခြုံရေးစနစ်ကိုမြှင့်တင်မည့်လုပ်ဆောင်ချက်အသစ်ထည့်သွင်း
Thursday, 10 May 2018
Apple ကုမ္ပဏီသည် iPhone များ၏လုံခြုံရေးစနစ်ကိုမြှင့်တင်ပေး မည့် လုပ်ဆောင်ချက်သစ်တစ်ခုအား ထည့်သွင်းပေးခဲ့ကြောင်း ဒေးလီး မေးလ်သတင်းဌာနက ဖော်ပြသည်။
Apple ကုမ္ပဏီသည် အသစ်ဖြန့်ချိလိုက်သည့် iOS 11.4 တွင် ဖုန်းအတွင်း၌မှတ်သားထားသည့် သတင်းအချက်အလက်များနှင့်ဓာတ်ပုံ များ၊ ဗီဒီယိုဖိုင်များ၊ အခြားအချက်အလက်များကို အကာအကွယ်ပေး မည့် လုပ်ဆောင်ချက်သစ်တစ်ခုကို ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။ လုပ်ဆောင်ချက်သစ်သည် Lightning Port ကို ချိတ်ဆက်ကာUSB Mode ကိုအသုံးပြု၍ ဖုန်းအတွင်းရှိ သတင်းအချက်အလက်များနှင့် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များကူးယူခြင်းကို ဟန့်တားပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဖုန်းအတွင်းရှိ မှတ်တမ်းများကို လေ့လာမှုမပြုလုပ်နိုင်ရန်လည်း ကာကွယ်ပေးသွားမည်ဖြစ်သည်။ အမေရိကန်နိုင်ငံအတွင်း၌ ရဲတပ်ဖွဲ့ ဝင်များသည် iPhone များအတွင်းရှိ သတင်းအချက်အလက်များကို USB Mode အသုံးပြုကာ ကူးယူခြင်းနှင့်ထောက်လှမ်းခြင်းများ ပြုလုပ်လေ့ ရှိသောကြောင့် Apple ကုမ္ပဏီသည် လုံခြုံရေးအဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။
NG(Ref;Daily Mail)