images
UN
UN
ကျပ်သိန်းပေါင်း ၉၄ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များသယ်ဆောင်လာသူကို ဖမ်းဆီးရမိ
မိုဃ်းကျ(မြစ်ကြီးနား) Friday, 11 May 2018
ကချင်ပြည်နယ် ဗန်းမော်မြို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့စု(၁)၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ယမန်နေ့က ငွေ ကျပ်သိန်းပေါင်း ၉၄ဝဝ ကျော် တန်ဖိုးရှိဘိန်းဖြူမှုန့်များသယ်ဆောင် လာသူတစ်ဦးအား ဖော်ထုတ်ဖမ်း ဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၆ နာရီက ဗန်းမောက်မြို့ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့စု (၁)၊ မိုးမောက်လှုပ်ရှားအဖွဲ့မှ ရဲအုပ်စိုးဝင်းဦးစီးသည့် တပ်ဖွဲ့ဝင် များသည် မူးယစ်ဆေးဝါးသတင်း အရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မိုးမောက်မြို့ ကျောက် စခန်းပူးပေါင်းစစ်ဆေးရေးဂိတ် တွင် ကြိုတင်စောင့်ဆိုင်းနေစဉ် လွယ်ဂျယ်မှ မိုးမောက်ဘက်သို့ ခေါဘောမ်(၂၇နှစ်)မောင်းနှင်လာ သည့်YGN-7K/------နံပါတ်ပါ အဖြူရောင် TOYOTA HIACE အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ် ခေါင်မိုး၌ အံဝှက်များပြုလုပ်ထား သည်ကို စစ်ဆေးတွေ့ရှိရ၍ ဗန်းမော် မြို့ မူးယစ်တပ်ဖွဲ့စုရုံးသို့ မော်တော် ယာဉ်အား ခေါ်ဆောင်မောင်းနှင်၍ အသေးစိတ်အား ဖွင့်ဖောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ရာတွင် မော် တော်ယာဉ်ခေါင်မိုးရှိ အံဝှက်အတွင်း မှ ရောင်စုံဆပ်ပြာခွက် ၈၅၉ ခွက် ၌ ကာလတန်ဖိုးငွေကျပ် ၉၄၄၉ သိန်းတန်ဖိုးရှိ ဘိန်းဖြူမှုန့်အလေး ချိန် ၉၄၄၉ ဂရမ်နှင့်အတူ ¤င်း ဝတ်ဆင်ထားသည့် အဖြူရောင် ဘောင်းဘီတို အိတ်ကပ်အတွင်းမှ ¤င်းအမည်ပါ နိုင်ငံသားစိစစ်ရေး ကတ်ပြား တစ်ခု၊ မြန်မာ-တရုတ် နယ်စပ်ခရီးသွားလာခွင့် လက်မှတ် စာအုပ်တစ်အုပ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံး၊ မြန်မာ ငွေစက္ကူရောရာ ကျပ် ၄၅ဝဝဝဝ ယာဉ်မှတ်ပုံတင်သက်သေခံစာအုပ် တို့အား သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေးဝါး များနှင့်အတူ တွေ့ရှိသူခေါဘောမ် (၂၇နှစ်) ကြူကုတ်မြို့ နေသူအား မိုးမောက်မြို့မ ရဲတပ်ဖွဲ့စခန်းမှ မယ(ပ)၁၃/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။