images
UN
UN
စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေပြီးအထွက်နှုန်းကောင်းစိုက်ပျိုးသီးနှံများရရှိကာဈေးကွက်ဖော်ဆောင်ပေးနိုင်ရေးတောင်သူများအားပညာပေးဆွေးနွေး
နိုင်နိုင်(မွန်) Friday, 11 May 2018
ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ် ရသေ့ပျံကျေးရွာရှိ တောင်သူများအား ရေရှိနိုင်သည့် နေရာများတွင် လှပ်မြေမထားဘဲ တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီး တိုးချဲ့စိုက်ပျိုးကာ တစ်ဧက ဝင်ငွေ တိုးတက်စေရေးနှင့်ဈေးကွက်ဖော် ဆောင်ပေးနိုင်ရေးအတွက်ရည်ရွယ် ၍ စိုက်ပျိုးရေးဦးစီးဌာနနှင့်NAG (Network Activities Group) တို့ပူးပေါင်းကာ ယမန်နေ့မွန်းတည့် ၁၂ နာရီက ကျေးရွာဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ၌ ပညာပေးခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးဦးဇော်ဝင်းလတ်က ရေရရှိ နိုင်သည့်နေရာများတွင် လှပ်မြေ မထားဘဲ တစ်သီးမှ နှစ်သီး၊ သုံးသီးတိုးချဲ့စိုက်ပျိုးကာ တစ်ဧက ဝင်ငွေတိုးတက်စေရေးနှင့် ဘက်စုံ သီးနှံကာကွယ်နှိမ်နင်းရေး(IPM) နည်းစနစ်များအကြောင်းကို ပညာ ပေးဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးဆဲင်ဇခုပ်က အပင် မှန်မျိုးမှန်ရရှိရေးအတွက် မျိုးစေ့ များကို သုံးနှစ်တစ်ကြိမ် ပြောင်းလဲ သုံးစွဲနိုင်ရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတို့ ရောစပ်ကာ အချိုးညီအချိန်ကိုက် အသုံးပြုနိုင် ရေး၊ ရိတ်သိမ်းပြီးနောက်သီးနှံများ လေလွင့် ဆုံးရှုံးမှုနည်းပါးစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာများ ကို ဆွေးနွေးပြောကြားသည်။
ယင်းနောက်NAG အဖွဲ့တာ ဝန်ခံ ဦးသန်းဇော်က တောင်သူများ စိုက်ပျိုးရေးကဏ္ဍအတွက် စိုက်ပျိုး ရေးဦးစီးဌာနနှင့်ပူးပေါင်းကာကူညီ ဆောင်ရွက်ပေးမည့် အခြေအနေ များတွင် မျိုးကောင်းမျိုးသန့်မျိုးစေ့ များထောက်ပံ့ပေးခြင်း၊ မြေပြုပြင် ချိန်မှ ရိတ်သိမ်းချိန်ထိ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးခြင်းနှင့် ဆန်းစပါးဈေးကွက်များရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးမည့်အခြေ အနေများအားရှင်းလင်းပြောကြား သည်။
ထို့နောက် တက်ရောက်လာ ကြသော ရသေ့ပျံကျေးရွာအုပ်စု အတွင်းရှိ စိုက်ပျိုးရေးပညာစိတ်ပါ ဝင်စားသူ တောင်သူများက စိုက် ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့်အချက်များနှင့်သိရှိ လိုသည်များအား စိုက်ပျိုးရေးပညာ ရှင်များနှင့် အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းနှင့် ဆွေးနွေး ပွဲတွင် တောင်သူများစိုက်ပျိုးသည့် စပါးနှင့် အခြားသီးနှံများ၏ ဈေး ကွက်ဝင်ရောက်ရောင်းချနိုင်ရေး၊ ဈေးကွက်ခိုင်မာသည့်လယ်ယာထုတ် ကုန်များကိုထုတ်လုပ်၍ တောင်သူ များဆန္ဒနှင့်အညီ စိုက်ပျိုးနိုင်ရေး အတွက်အဓိကထားဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။