images
UN
UN
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးဖွင့်ပွဲ နေပြည်တော်တွင်ကျင်းပ
တင်တင်အေး Friday, 11 May 2018
နေပြည်တော်ကောင်စီနယ်မြေ အားကစားလေ့ကျင့်ရေးစခန်း Cl- uster-3 Building 7 တွင် ပြည် ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ရုံးဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ပြည်ထောင်စုဥပဒေ ဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးဥာဏ်ဝင်း က ''အဖွဲ့ရဲ့ အဓိက ကတော့ တရားဥပဒေအရာမှာ အညီအမျှ ရဖို့။ ဆင်းရဲလို့၊ ခရီးဝေးလို့၊ နားမလည်လို့ ဥပဒေအခွင့်အရေး တွေ ထိခိုက်သွားမှာကို ကျွန်တော် တို့ကာကွယ်မယ်''ဟု သတင်း ထောက်များကို ပြောကြားခဲ့သည်။
ယင်းပြည်ထောင်စုဥပဒေဆိုင် ရာ အထောက်အကူပေးရေးအဖွဲ့ တွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၁၃ဦးရှိကြောင်း သိရ သည်။
ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ အဓိကလုပ်ဆောင်သွားမည့် ကိစ္စ ရပ်များနှင့်ပတ်သက်ပြီး အဖွဲ့ဥက္ကဋ္ဌ ဦးဥာဏ်ဝင်းက ''မရှိတဲ့လူကို ရှေ့နေငှားပေးမှာ ဒါကပြောရင် အကျယ်ကြီးပဲ''ဟု ပြောသည်။
အဆိုပါ ပြည်ထောင်စုဥပဒေ ဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ကို မြို့နယ်တိုင်းတွင် ထားရှိ မည်ဖြစ်ပြီး ယင်းအဖွဲ့များမှတစ်ဆင့် လိုအပ်ပါက အကူအညီတောင်းခံ နိုင်ကြောင်း သိရသည်။