images
UN
UN
F-150 ထရပ်ကားများထုတ်လုပ်မှုFord ယာယီရပ်ဆိုင်းမည်
နောင်နောင် Friday, 11 May 2018
ကမ္ဘာကျော် အမေရိကန်ကား ထုတ်လုပ်သည့်Fordကုမ္ပဏီ သည် အမေရိကန်၏ရောင်းအား အကောင်းဆုံးF-150 ထရပ်ကား များအားထုတ်လုပ်မှုကို ရပ်ဆိုင်း လိုက်ကြောင်းသိရသည်။ ¤င်းအား ပစ္စည်းပေးသွင်းနေသည့်စက်ရုံမီး လောင်မှုဖြစ်ပွားပြီးနောက် ကားပြု လုပ်ရန် အစိတ်အပိုင်းများပစ္စည်း ပြတ်လပ်သွားသည့်အတွက် ယင်း ကဲ့သို့ ရပ်ဆိုင်းလိုက်ရခြင်းဖြစ် သည်ဟု သိရသည်။ မီချီဂန်ပြည် နယ် ဒဲရ်ဘုန်းရှိ Ford ကုမ္ပဏီ၏ စက်ရုံတွင်F-150 ထရပ်ကားထုတ် လုပ်မှုကို ယမန်နေ့ညမှစတင်ကာ ယာယီရပ်ဆိုင်းလိုက်ကြောင်းသိရ သည်။ မစ်ဆူရီပြည်နယ် ကန်ဆက် မြို့အပြင်ဘက်ရှိ စက်ရုံတွင် ထရပ် ကားထုတ်လုပ်မှုကိုလည်း ရပ်ဆိုင်း ထားပြီးဖြစ်ကြောင်းနှင့် ¤င်းစက်ရုံ များသည်ထရပ်ကားများသာထုတ် လုပ်သည့် စက်ရုံများဖြစ်ကြောင်း သိရသည်။F-150 ထရပ်ကားများ သည် အမေရိကန်တွင် ရောင်းအား အကောင်းဆုံးအဖြစ် ရပ်တည်နေ သည်မှာ နှစ်ပေါင်း ၄ဝ ကျော်ကြာ မြင့်နေပြီဖြစ်ပြီးFord အတွက် အဓိကအမြတ်အစွန်းကို ပေးအပ် နေခြင်းဖြစ်သည်ဟု သိရသည်။
''Ford ကုမ္ပဏီ၏ ပြောရေး ဆိုခွင့်ရှိသူ Mark Truby က ''ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ထုတ်လုပ်မှုမြှင့်ဖို့နဲ့ချက်ချင်းလည်ပတ် ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်'' ဟု ပြောကြားခဲ့ကြောင်း သိရ သည်။Ford အနေဖြင့် လိုအပ်နေ သော အစိတ်အပိုင်းများအတွက် အခြားပေးပို့နိုင်မည့် ကုမ္ပဏီကို ရှာဖွေနေကာ အစီအစဉ်များကို အဆက်မပြတ်ဆောင်ရွက်နေလျက် ရှိသော်လည်း အဆိုပါရပ်ဆိုင်းမှု သည် သီတင်းပတ်ပေါင်းများစွာ ကြာနိုင်သည်ဟု သိရသည်။ Ford သည် အရောင်းအဝယ်စာချုပ် စာရင်းအရF-Series ထရပ်ကား များကိုပေးသွင်းရန် ရက်ပေါင်း ၈၄ ရက်ခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။ Ref: CNN