images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်
WT Friday, 11 May 2018
အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် မေ ၁ဝရက်နှင့် မေ ၁၁ ရက်တို့တွင်သွားရောက်ခဲ့ပြီး နောက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရှိ ပြည်ပရေးရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဌာနဝန်ကြီး Smt.Sushma Swaraj သည် မြန်မာနိုင်ငံသို့ ၂ဝ၁၈ခုနှစ် မေ ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် လာရောက်ခဲ့ပြီး ဤခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဌာနဝန်ကြီးသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတ အား သွားရောက်တွေ့ဆုံခဲ့ပြီး နိုင်ငံ တော်အတိုင်ပင်ခံနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး၊ မြန်မာ့တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ပါသည်။
ခရီးစဉ်အတွင်းတွင် သဘော တူညီချက်/နားလည်မှုစာချွန်လွှာ ခုနစ်ခုလက်မှတ်ရေးထိုးခဲ့ပြီး ထို သဘောတူညီချက်/နားလည်မှုစာ ချွန်လွှာခုနစ်ခုမှာ (၁)ကုန်းလမ်းမှ နယ်စပ်ဖြတ်ကျော်သွားလာခြင်း ဆိုင်ရာသဘောတူညီချက် (၂) ပုဂံ မြို့ရှိ ငလျင်ဒဏ်ခံရပြီးပျက်စီးသွား သောဘုရားများ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာနားလည်မှု စာချွန်လွှာ(၃) အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ စောင့်ကြည့်ရေးပူးတွဲ ကော်မတီသို့ အကူအညီပေးရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ (၄) မြန်မာနိုင်ငံနိုင်ငံခြားရေးအရာရှိများ အားသင်တန်းပေးရေး နားလည်မှု စာချွန်လွှာ (၅) မုံရွာမြို့တွင် စက်မှု သင်တန်းကျောင်းတည်ထောင်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ (၆) သထုံမြို့တွင် စက်မှုသင်တန်း ကျောင်းတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (၇) မြင်းခြံ မြို့ စက်မှုသင်တန်းကျောင်းထိန်း သိမ်းမှုစာချုပ်သက်တမ်းတိုးရေး ဆိုင်ရာ စာလွှာလဲလှယ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။
အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီးဌာနဝန်ကြီးမှ ရခိုင်ပြည်နယ် မှကိစ္စရပ်များအကြောင်းပြောကြား စဉ် မြန်မာနိုင်ငံအစိုးရအားအကူ အညီပေးရေးအတွက် အိန္ဒိယနိုင်ငံ အနေဖြင့် အဆင်သင့်ရှိမှုနှင့် ကတိ ပြုမှုတို့အား ထပ်လောင်းအတည် ပြုပြောကြားခဲ့သည်။ ဝန်ကြီးသည် မြန်မာနိုင်ငံအစိုးရမှ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အဆက် မပြတ်တာဝန်ယူအကောင်အထည် ဖော်နေခြင်းအား ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးက အိန္ဒိယနိုင်ငံအနေဖြင့် နှစ်နိုင်ငံဆိုင်ရာ ရခိုင်ပြည်နယ်ဖွံ့ဖြိုး ရေးအစီအစဉ်အရ ထောက်ပံ့ပေး ခြင်းတွင် ရခိုင်ပြည်နယ်တွင်နေ ထိုင်သူများ၏ ကဏ္ဍအသီးသီး၌ လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်မည့် အမျိုးမျိုးသောစီမံကိန်း များအား အကောင်အထည်ဖော် သည့်အဆင့်များသို့ ရောက်ရှိနေ ပြီ ဖြစ်ပါကြောင်းပြောကြားပါသည်။ ပထမဆုံးအဓိကစီမံကိန်းမှာ နေရပ် စွန့်ခွာသွားရသည့်သူများ၏ လိုအပ် ချက်အား ဖြည့်ဆည်းပေးရန်၊ ရခိုင် ပြည်နယ်အတွင်း၌ အသင့်တပ်ဆင် တည်ဆောက်နိုင်သည့် အိမ်များ တည်ဆောက်ပေးခြင်း ဖြစ်သည်။ ပြည်ပရေးရာဝန်ကြီးမှ နေရပ်စွန့်ခွာ သွားရသူများ၏ လုံခြုံပြီး စဉ်ဆက် မပျက်လျင်မြန်စွာ ရခိုင်ပြည်နယ်သို့ ပြန်လာရေးလိုအပ်ခြင်းအား ဆွေး နွေးပြောကြားသည်။
ပြည်ပရေးရာဝန်ကြီးမှ မြန်မာ နိုင်ငံအစိုးရအား ဧည့်ဝတ်ပျူငှာစွာ ဧည့်ခံခြင်းအတွက် ကျေးဇူးတင် ပါကြောင်းနှင့် အိမ်နီးချင်းနှစ်နိုင်ငံ အကြား နွေးထွေးသောဧည့်ခံမှုနှင့် ဆွေးနွေးခြင်းများနှင့်အတူ ခြွင်း ချက်မရှိနီးကပ်သောခင်မင်ရင်းနှီး သည့်ဆက်ဆံရေးအား အလေး အနက်ထားဆောင်ရွက်ကြမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။