images
UN
UN
Samsung ဖုန်းအဟောင်းများအား နောက်ဆုံးပေါ်စမတ်ဖုန်းသစ် Samsung Galaxy S9 S9+ နှင့် လဲလှယ်ဝယ်ယူနိုင်
Saturday, 12 May 2018
Samsung ချစ်သူ သုံးစွဲသူ များအနေဖြင့် Samsung ဖုန်း အဟောင်းများကို နောက်ဆုံးပေါ် ထွက်ရှိထားသော စမတ်ဖုန်းသစ် များဖြစ်သည့်Samsung Galaxy S9 S9+ တို့ဖြင့် စတင်လဲလှယ် နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ အစီအစဉ်အရSamsung ဖုန်းကိုင်ဆောင်သူ သုံးစွဲသူ များအနေဖြင့် ရန်ကုန်နှင့် မန္တလေး မြို့ရှိ သတ်မှတ်ထားသည့် Samsung အရောင်းဆိုင်များတွင် လဲ လှယ်လိုသည့် Samsung ဖုန်း အဟောင်းတန်ဖိုးအား သွားရောက် ၍ စစ်ဆေးရမည်ဖြစ်ပြီး ဖုန်းအခြေ အနေ၊ အနေအထားပေါ်မူတည်၍ Samsung မှ တန်ဖိုးသတ်မှတ်ပေး မည်ဖြစ်သည်။ ထို့ပြင် Samsung မှ အထူးအစီအစဉ်အနေဖြင့် သတ် မှတ်တန်ဖိုးအပြင် ထပ်ဆောင်းအပို ငွေကျပ် ရှစ်သောင်းအား လဲလှယ် သူများအားလုံးကို လက်ဆောင် ပေးအပ်သွားမည်ဖြစ်သည်။ ဥပမာ- သုံးစွဲသူများလဲလှယ်လိုသည့် Samsung ဖုန်းအဟောင်း (မည်သည့် မော်ဒယ်အမျိုးစားမဆို)အားတန်ဖိုး ငွေကျပ် ငါးသိန်းသတ်မှတ်ပေးပါ ကလက်ဆောင်ရရှိမည့်ထပ်ဆောင်း အပိုငွေကျပ် ၈ဝဝဝဝအား ထပ်မံ ပေါင်းထည့်၍ စုစုပေါင်းငွေကျပ် ၅၈ဝဝဝဝ သတ်မှတ်ပေးမည်ဖြစ် ပြီး လိုအပ်သောပမာဏအားထပ်မံ စိုက်ထည့်၍ စမတ်ဖုန်းသစ်Galaxy S9lS9+ အား ဝယ်ယူရရှိနိုင် မည်ဖြစ်သည်။
လက်ရှိအချိန်တွင် အဆိုပါအစီ အစဉ်အား အောက်ဖော်ပြပါရန်ကုန် မြို့နှင့် မန္တလေးမြို့ရှိ ဆိုင်များတွင် သာ ရယူနိုင်မည်ဖြစ်သည်။ ရန်ကုန် မြို့တွင် Junction City၊ Myan-mar Plaza၊ လသာ၊ လှည်းတန်း နှင့် ဆူးလေရှိ Samsung အရောင်း ဆိုင်များတွင် လဲလှယ်နိုင်မည်ဖြစ် ပြီး မန္တလေးမြို့တွင် လဲလှယ်လိုသူ များအနေဖြင့် ၇၈ လမ်းရှိ Samsung အရောင်းဆိုင်တွင် သွား ရောက်လဲလှယ်နိုင်မည် ဖြစ်ကာ တစ်ဦးလျှင် အများဆုံး ဖုန်းသုံးလုံး အထိ လဲလှယ်ဝယ်ယူနိုင်မည်ဖြစ် သည်။
Galaxy S9 နှင့်S9+ အား မြန်မာနိုင်ငံဈေးကွက်တွင် မတ် ၆ ရက်တွင်စတင်မိတ်ဆက်ခဲ့ပြီးGa-laxy S9 အား 64GB အရွယ် အစား နှင့်အတူ အမည်းရောင်တစ်မျိုး တည်းသာရရှိနိုင်မည်ဖြစ်ပြီး ဈေး နှုန်းအနေဖြင့် ၁ဝ၉ဝဝဝဝ ကျပ် ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။Galaxy S9+ အား အမည်းရောင်၊ အပြာရောင်နှင့်အရောင်သစ် ခရမ်း ရောင် အစရှိသဖြင့် အရောင်သုံး ရောင်နှင့်အတူ မတူညီသည့် သို လှောင်သိမ်းဆည်းနိုင်မှု ပမာဏ နှစ်မျိုးဖြစ်သည့် 128 GB အား ဈေးနှုန်းကျပ် ၁၂၇၉ဝဝဝ ဖြင့် လည်ကောင်း၊ 256 GB အား ဈေး နှုန်းကျပ် ၁၄ဝဝဝဝဝ ဖြင့်လည်း ကောင်း ကြိုက်နှစ်သက်ရာအရွယ် အစားအား ရွေးချယ်ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။