images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
တရားမဝင်ခရီးသွားလုပ်ငန်းများ တားဆီးထိန်းချုပ်ပေးရန် ထားဝယ်ခရီးသွားအသင်းတောင်းဆို
Dawei Watch Monday, 14 May 2018
ထားဝယ်ခရိုင်အတွင်း တရား မဝင်ခရီးသွားလုပ်ငန်းများ တား ဆီးထိန်းချုပ်ပေးရန် ခရိုင်ခရီးသွား လုပ်ငန်းရှင်များအသင်းကတနင်္သာရီ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန ထံ တင်ပြတောင်းဆိုလိုက်သည်။
ခရိုင်အတွင်း တရားမဝင်လုပ် ကိုင်နေသည့် ဆိုင်ကယ်ငှားရမ်း သည့်လုပ်ငန်းများ၊ ခရီးသည်ပို့ ဆောင်ရေးလုပ်ငန်းများကိုထိရောက် သည့် ပြစ်ဒဏ်များ၊ ညွှန်ကြားမှု များထုတ်ပြန်၍ တားဆီးပေးရန် ယခုလ ၇ ရက်တွင် တင်ပြခဲ့ခြင်း ဖြစ်သည်။
ထားဝယ်ဒေသကို လာရောက် လည်ပတ်သည့် နိုင်ငံခြားသား အများစုက ခရီးသွားကုမ္ပဏီများ နှင့် မချိတ်ဆက်ဘဲ ဆိုင်ကယ်ငှား ရမ်းကာ ကိုယ်တိုင်မောင်းနှင်သွား လာနေကြကြောင်း တင်ပြထား သည့်စာအရ သိရသည်။
ယင်းကဲ့သို့ သွားလာလည် ပတ်နေမှုများကြောင့် ယာဉ်တိုက်မှု များဖြစ်ပွားလာခြင်း၊ လူသူမရှိ သည့် ပင်လယ်ကမ်းခြေများနှင့် တောတောင်များတွင် ရွက်ဖျင် တဲများဖြင့် ညအိပ်ခြင်းများရှိသဖြင့် မလိုလားအပ်သည့် မှုခင်းများဖြစ် ပွားလာပါက ဒေသခရီးသွားပုံရိပ် ကို ထိခိုက်စေနိုင်ကြောင်း အဆိုပါ စာတွင်ဖော်ပြထားသည်။
ထို့အပြင် ကားပိုင်ရှင်များ၊ ဟိုတယ်၊ တည်းခိုခန်း၊ စား သောက်ဆိုင်ပိုင်ရှင်တချို့ကလည်း လာရောက်လည်ပတ်ကြသည့် ခရီး သွားများကို ဧည့်လမ်းညွှန်ခေါ် ပေးခြင်း၊ ခရီးစဉ်စီစဉ်ပေးခြင်းများ လုပ်ကိုင်နေသည့်အတွက် တရား ဝင်ခရီးသွားကုမ္ပဏီများ အခက် အခဲကြုံတွေ့ရကြောင်း အထက်ပါ စာအရ သိရသည်။
''အခုက တရားဝင်လိုင်စင် မရှိသူတွေက ခရီးသွားလုပ်ငန်းတွေ လုပ်နေကြတော့ ခရီးသွားကုမ္ပဏီ တွေ အရမ်းနစ်နာနေတယ်''ဟု ထားဝယ်ခရိုင်ခရီးသွားလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ပြောသည်။
ခရိုင်အတွင်းခရီးသွားကုမ္ပဏီ ၃ဝ ကျော်ရှိသော်လည်းခရီးသည် ရရှိမှုနည်းပါးကာ လုပ်ငန်းလည် ပတ်နေသည့် ကုမ္ပဏီက ၁ဝ ခုပင် မပြည့်ကြောင်း ၄င်းကပြောသည်။
တင်ပြတိုင်ကြားစာကို ယခုလ ၇ ရက်က ပေးပို့ထားပြီး လက်ရှိ အချိန်ထိ အကြောင်းပြန်ကြားလာ ခြင်းမရှိသေးကြောင်း ဒေါ်မိုးမိုးသူ ကပြောသည်။
တင်ပြတိုင်ကြားစာကို တိုင်း ဒေသကြီး ဟိုတယ်/ခရီးဌာနကို လိပ်မူပေးပို့ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊တိုင်းဒေသကြီးအုပ်ချုပ် ရေးမှူး၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်းအစရှိသည့် ဌာနများ ကို မိတ္တူပေးပို့ထားသည်။