images
UN
UN
ငပုတောမြို့နယ်၌ တူမီးလုပ်သေနတ်သုံးလက်တွေ့ရှိ သိမ်းဆည်း
မိုးစက် Monday, 14 May 2018
ငပုတောမြို့နယ်၌ တူမီး လုပ်သေနတ်သုံးလက်တွေ့ရှိ သိမ်း ဆည်းရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁ဝ နာရီက ငပုတောမြို့နယ် မြစ် တစ်ရာသစ်တောကြိုးဝိုင်း အကွက် အမှတ်(၁၉၇)ဒေသခေါ် (ကျောက် ဂူတောင်ကြော)အနီး၌ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် များနှင့် ဝက်ကော်ဘိနယ် တာဝန်ခံ တောအုပ် ကျော်နိုင် ဦးစီးပူးပေါင်း အဖွဲ့တို့သည်နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်ဆင်မုဆိုးများ စခန်း ချသွားသည်ဟုယူဆရသောနေရာ၌ ပလတ်စတစ်အိတ်ဖြင့်အုပ်ကာ ပျဉ်ချပ်များဖြင့် ဖိထားသောအရှည် သုံးပေ ၁၁လက်မခန့်ရှိ သစ်သား ကိုယ်ထည် တူမီးလုပ်သေနတ် တစ်လက်၊ အရှည်လေးပေခန့်ရှိ သစ်သားကိုယ်ထည် တူမီးလုပ် သေနတ်တစ်လက်၊ အရှည် လေးပေ ၁၁လက်မခန့်ရှိ သစ်သား ကိုယ်ထည် တူမီးလုပ်သေနတ် တစ်လက်၊ ဆင်ပစ်သံမြားအကြီး နှစ်ခု၊ဆင်ပစ်သံမြားအသေးခုနစ်ခု၊ အသွား နှစ်လက်မခွဲခန့်ရှိ အရိုးမပါ ရဲတင်း တစ်လက်၊ အရှည်ရှစ် လက်မခန့်ရှိ အရိုးမပါ သုံးမြှောင့် တံစဉ် တစ်ချောင်း၊ မီးကူးယမ်း ခွေ လေးခွေ၊ မီးကူးယမ်းထုတ် အသေး ၁၅ ထုပ်၊ ဆေးထိုးပြွန် တစ်ချောင်း၊ ယမ်းမှုန့် ဆေးထိုး ပြွန် ခြောက်ချောင်း၊ သံဘောစေ့ ၁၃ လုံးတို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။