images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
မိုဘိုင်းလ်ဖုန်းများတွင် ပီစီဂိမ်းများကစားနိုင်မည့်ဝန်ဆောင်မှု စတင်ပေးအပ်မည်
Monday, 14 May 2018
အဆင့်မြင့်ပီစီဂိမ်းများကို အွန်လိုင်းမှတစ်ဆင့်ကစားနိုင်သည့် ဝန် ဆောင်မှုများပေးအပ်လျက်ရှိသော အမေရိကန်နိုင်ငံအခြေစိုက် Valve ကုမ္ပဏီသည် မိုဘိုင်းလ်ဖုန်းများတွင် ပီစီဂိမ်းများကစားနိုင်မည့် ဝန် ဆောင်မှုကို စတင်ပေးအပ်ရန်စီစဉ်နေကြောင်း သတင်းထုတ်ပြန်သည်။
Valve သည် အွန်လိုင်းမှတစ်ဆင့် ဂိမ်းများကစားနိုင်ရန် ဝန်ဆောင် မှုပေးနေသော ကုမ္ပဏီခွဲဖြစ်သည့်Steam၏ Application ကို iOS နှင့် Android OS များအတွက် ဖြန့်ချိပေးကာ ပီစီဂိမ်းများအား မိုဘိုင်းလ် ဖုန်းများတွင်ကစားနိုင်မည့် ဝန်ဆောင်မှုကို ပေးအပ်သွားမည်ဖြစ်သည်။ ယခုလ ၂၁ ရက်တွင် ဖြန့်ချိမည့်Steam Application သည် ပီစီဂိမ်း များအား မိုဘိုင်းလ်ဖုန်းများတွင်ကစားနိုင်စေရန်အတွက်Steam Controller နှင့်MFI Controller များကိုလည်း အထောက်အပံ့ပေးမည်ဖြစ် သောကြောင့် ပီစီများတွင်ကစားရသည့်ပုံစံအတိုင်း ကစားနိုင်ဖွယ်ရှိနေ သည်။ ထို့အပြင် Valve က ပေးအပ်မည့် ဝန်ဆောင်မှုအသစ်ထဲတွင် နောက်ဆုံးထွက်ရှိသော ရုပ်ရှင်ဇာတ်ကားသစ်များကို အွန်လိုင်းမှတစ်ဆင့် အခကြေးငွေပေးကာ ကြည့်ရှုနိုင်မည့်ဝန်ဆောင်မှုကို မိုဘိုင်းလ်ဖုန်းများ ဖြင့် အသုံးပြုနိုင်မည့်လုပ်ဆောင်ချက်လည်း ပါဝင်မည်ဖြစ်သည်။
NG(Ref;Daily Mail)