images
UN
UN
စတုတ္ထအကြိမ် မျက်စိခွဲစိတ်ကုသပေးရေး ကျွန်းလှမြို့သီတဂူစက္ခုဒါနဆေးရုံတွင်ဆွေးနွေး
မျိုးဝင်းညို(ကျွန်းလှ) Monday, 14 May 2018
စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူခရိုင်ကျွန်းလှမြို့ သီတဂူစက္ခု ဒါနဆေးရုံတွင် စတုတ္ထအကြိမ် မျက်စိခွဲစိတ်ကုသပေးရေးဆွေးနွေး ပွဲကိုယနေ့နံနက် ၈နာရီက သီတဂူ ခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ တော်က သြဝါဒစကားမိန့်ကြား ပြီး စစ်ကိုင်းမြို့lBEC ဆရာတော် ဦးသောဘိတက မျက်စိခွဲစိတ် ကုသရေးအစီအစဉ်များကို မိန့် ကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသက်ထား မောင်က မျက်စိခွဲစိတ်ကုသရေး အတွက်လုပ်ငန်းတာဝန်များအလိုက် ကော်မတီဖွဲ့စည်းပြီး ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ၊ သီတဂူ ဆေးရုံကော်မတီဝင်များ၊ ပရဟိတ အဖွဲ့များ၊ ဝိသာခါအဖွဲ့များ၊ လူမှု ရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ မျက်စိခွဲစိတ် ကုသရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်းက သီတဂူစက္ခုဒါန ဆေးရုံကို ၂ဝ၁၄ခုနှစ်တွင် ဖွင့်လှစ် ခဲ့ပြီး တစ်နှစ်လျှင်တစ်ကြိမ်မျက်စိ ဝေဒနာရှင်များအား အခမဲ့ကုသ ပေးခဲ့ကြောင်း၊ စတုတ္ထအကြိမ် မျက်စိခွဲစိတ်ကုသပေးရေးကိုလည်း အောင်မြင်အောင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခုလ ၂ဝရက်တွင် စမ်းသပ်နိုင်ရန်နှင့် ၂၅ ရက်၌ ခွဲစိတ်ကုသပေးရန် အဆင်သင့်ဖြစ် နေပြီဖြစ်ကြောင်း ပြောကြားသည်။ယင်းနောက် တက်ရောက်လာကြ သူများက အကြံပြုဆွေးနွေးကြ ကြောင်း သိရသည်။