images
UN
နိုင်ငံရေးနှင့် နိုင်ငံရေးသမားကောင်း
| Sunday, 30 September 2018
နိုင်ငံတော်၊ တိုင်းပြည်နှင့်ပြည်သူပြည်သား တိုင်းရင်းသားလူထုကြီး တစ်ရပ်လုံးအကျိုးကို လိုလားစွာဆောင်ရွက်ပေးခြင်းသည် အမျိုးသားနိုင်ငံ ရေးဖြစ်ပေသည်။ လူတို့၏ စားဝတ်နေရေးသည်ပင် လူတို့၏နိုင်ငံရေးဖြစ် ပေသည်။ စားဝတ်နေမှု စုပေါင်းတောင်းဆိုမှုသည် နိုင်ငံရေးဖြစ်ပေသည်။
နိုင်ငံရေး၌ မဖြစ်နိုင်ခြေနိုင်ငံရေး၊ ဖြစ်နိုင်ခြေနိုင်ငံရေး၊ ဖြစ်သင့်ဖြစ် ထိုက်သောနိုင်ငံရေးဟူ၍ရှိရာ ဝိရောဓိပဋိပက္ခပေါက်ကွဲမှုနည်းနိုင်သော 'ဖြစ်နိုင်ခြေနှင့်ဖြစ်သင့်ဖြစ်ထိုက်'နိုင်ငံရေးကိုသာ အားစိုက်လုပ်သင့်ကြောင်း သမိုင်းကသင်ပေးပြီးလည်းဖြစ်သည်။
မဖြစ်နိုင်ခြေနိုင်ငံရေးကို ဇွတ်လုပ်ကြသောအခါ လက်နက်ကိုင်တော် လှန်ရေးဆင်နွှဲခြင်း၊ အကြမ်းဖက်လှုပ်ရှားမှုများဖြစ်သော ဖောက်ခွဲဖျက်ဆီး ခြင်း လုပ်ကြံသတ်ဖြတ်ခြင်း စသည့်အဓမ္မမှုများလည်း ကျူးလွန်မိတတ် သည်။ ဥပဒေပြင်ပ၊ ဥပဒေဘောင်ကခွင့်မပြုသော တရားမဝင်လုပ်ရပ်များ၊ လူထုနှင့်တိုင်းပြည် ထိခိုက်နစ်နာစေသောအမှုအခင်းများဖြစ်ပွားစေနိုင်သော နိုင်ငံရေးမျိုးကို နိုင်ငံရေးယဉ်ကျေးမှုအရ ဝိုင်းပယ်ကြရမည်ဖြစ်သည်။
လူတွင် တန်ဖိုးအမြင့်ဆုံးအရည်အသွေးမှာ အကျင့်စရိုက်ကောင်းရှိ ခြင်းဖြစ်ပြီး လူတွင် စက်ဆုပ်ဖွယ်အကောင်းဆုံးအရည်အသွေးမှာ အကျင့် စရိုက်ဆိုးရှိခြင်းပင်ဖြစ်ပါသည်။ အကျင့်စရိုက်ကို ပညာရှိတို့က မျက်မှောက် ဘဝများစွာ ဖြစ်လေ့ဖြစ်ထရှိသောသဘော၊ ကိုယ်နှုတ်စိတ် အပြုအမူတစ်စုံ တစ်ရာ ကြိမ်ဖန်များစွာဖြစ်နေခြင်းဟု သတ်မှတ်ကြသည်။
ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် တို့ကို အချိုးကျစွာ၊ စည်းကမ်းပြည့်ဝစွာ ပေါင်းစပ်ပြီး ခရီးပြင်းနှင်နေပေ သည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်သို့ချီရာဝယ် လူမှု ကျင့်ဝတ်စံနှုန်းအကျင့်စရိုက်ကောင်းများကို အင်နှင့်အားနှင့် ပြုစုပျိုးထောင် ကြရပါမည်။

ယနေ့ကမ္ဘာကြီးမှာ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူများအဖို့ ဆိတ် ကွယ်ရာ မရှိတော့ပါ။
ယနေ့မြန်မာနိုင်ငံ၏နိုင်ငံရေးခေါင်းဆောင်တချို့ သို့မဟုတ် အများစု သည် အခွင့်အခါအရ ဖြစ်လာကြသူကများပါသည်။ အနာဂတ်မြန်မာနိုင်ငံ ၏ခေါင်းဆောင်များကိုကား အရည်အချင်း၊ အရည်အသွေး၊ ကိုယ်ကျင့် စရိုက်ကောင်း ရှိမရှိအပေါ်မှာ ကြည့်၍သာ ပြည်သူများက စိစစ်ရွေးချယ် ကြရပါမည်။ ပါတီတံဆိပ်ကိုအလွယ်ကြည့်၍ ရွေးချယ်လျှင် မှားနိုင်ပေ သည်ဟု လက်တွေ့ဘဝ၏အတွေးများတွင် ကျန်နေသောအကြောင်းကြောင့် ဖြစ်ကြသည်။ မှားလည်းမှားခဲ့ဖူးပေပြီ။ လူပုဂ္ဂိုလ်ကို သေချာစွာကြည့်၍ သုံးသပ်ဆုံးဖြတ်ကြဖို့ လိုပါမည်။
နိုင်ငံရေးသမားကောင်းသည် စည်းကမ်းရှိသူ၊ စည်းကမ်းပြည့်ဝသူ ဖြစ်ရပါမည်။ စည်းကမ်းရှိမှု၌ စံပြဖြစ်ရပါမည်။ အကျင့်စာရိတ္တကောင်း ရှိရပါမည်။ ငါးပါးသီလမြဲရပါမည်။ နိုင်ငံရေးယဉ်ကျေးမှုရေချိန်မြင့်ရပါ မည်။ လုံ့လဝီရိယရှိရပါမည်။ မျှော်လင့်ချက်ကောင်းများကို ဓမ္မဓိဋ္ဌာန် ကျကျ ချပြနိုင်ရပါမည်။ စိတ်ရှည်သည်းခံမှုဖြင့် စည်းရုံးရေးသမားကောင်း ဖြစ်အောင် ကြိုးစားကြရပါမည်။
နိုင်ငံရေးသမားသည် စတုတ္ထမဏ္ဍိုင်ကိုလည်း လေးစားဖို့လိုသည်။ ညှိနှိုင်းဆွေးနွေးခြင်းအတတ်ပညာ၊ အနုပညာကို ကျင့်သုံးရမည်။ သတင်း ဖြန့်ပေးရမည်။ ပြိုင်ဆိုင်စိန်ခေါ်မှုကို ရင်ဆိုင်ရမည်။ သုတေသနပြုမှုများမှ တစ်ဆင့် ပြတ်သားသောမူဝါဒကို ကိုင်စွဲသင့်သည်။ မျိုးဆက်သစ်ခေါင်း ဆောင်များ မွေးမြူရမည်။ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကျွမ်းကျင်ရမည်။ လူမှု ရေးဆောင်ရွက်မှုများ လုပ်နိုင်သလောက်လုပ်ရမည်။ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းအုပ်စုစွဲ ကင်းရမည်။ အိုင်တီခေတ်နှင့်အညီ ပြောင်းလွယ်ပြင်လွယ် သိမ်မွေ့သော အမြင်ရှိရမည်။ ဒီမိုကရေစီသဘောတရားအရ အများဆန္ဒကို အနည်းက လိုက်နာလက်တွဲပြီးဘုံသဘောညီဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်နိုင်ကြသောသူများကိုသာ ဒီမိုကရက်တစ်နိုင်ငံရေးသမားကောင်း ဟု ခေါ်နိုင်ပါမည်။
နိုင်ငံရေးနှင့် နိုင်ငံရေးသမားကောင်းတို့ သဟဇာတ သဘောညီကြ လျှင် မြန်မာနိုင်ငံတော်၊ မြန်မာတိုင်းရင်းသားပြည်သူလူထုကြီး တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
UN
UN