images
UN
ပြည်သူနှင့်အစိုးရ သဟဇာတဖြစ်ဖို့လိုသည်
| Sunday, 07 October 2018
နိုင်ငံရေးရာလှုပ်ရှားဆောင်ရွက်သူ၊ တစ်နည်း နိုင်ငံရေးသမားသည် ပြည်သူလူထု၏အကျိုးကို ဆောင်ရသူဖြစ်သဖြင့် လူထု၏ကျေးကျွန်၊ လူထု၏ ရှေ့နေ၊လူထု၏သံတမန်ဖြစ်ပေသည်။ နိုင်ငံရေးသမားသည် လွှတ် တော်နှင့်အုပ်ချုပ်ရေးဌာနတွေမှာ အခြားလူပုဂ္ဂိုလ်များ၊ ပြိုင်ဘက်ပါတီ ဝင်များနှင့်ပတ်သက်ရလျှင်လည်း ယေဘုယျအားဖြင့် မိမိဘက်က ဓလေ့ထုံး များ၊ သက်ဆိုင်ရာဘာသာတရား၏ ယဉ်ကျေးမှုများ၊ နိုင်ငံရေးယဉ်ကျေးမှု များအရ လေးလေးစားစား ဆက်ဆံရပါသည်။
လူ့ဂုဏ်သိက္ခာအတွက်၊ လူ့အခွင့်အရေးအတွက်၊ လူ့တန်ဖိုးအတွက် လူတိုင်းမှာ တန်းတူအခွင့်အရေးရှိကြောင်း 'မူ'ကိုအမြဲကိုင်စွဲထားရပေမည်။ လူတိုင်း၏ ကွဲပြားခြားနားမှုကို ကာကွယ်ရပါမည်။ ကမ္ဘာကျော်စာရေး ဆရာကြီး ဘားနဒ်ရှောပြောသလို ''ခင်ဗျားရဲ့အယူအဆကို ကျုပ်လက်မခံ ဘူး။ သို့သော် ခင်ဗျားရဲ့ယုံကြည်ခွင့် ပြောဆိုခွင့် ရေးသားခွင့်အတွက် ကျုပ်အသက်ပေးကာကွယ်မယ်''ဟု ဖြစ်ရပေမည်။ လူတိုင်း၏အသက်ရှင် ခွင့်ကိုလည်း မိမိကိုယ်နှင့်ထပ်တူ တန်ဖိုးထားရပါမည်။
ယနေ့ခေတ်၌ အာဏာသည် နိုင်ငံရေးသမား၏ လက်ထဲမှာမရှိဘဲ၊ ပြည်သူလူထုလက်ထဲမှာ ပို၍အသက်ဝင် တည်ရှိနေပါသည်။ မီဒီယာမှာ ဝေဖန်၊ ထောက်ပြ၊ အသိပညာပေးသော အာဏာများရှိနေသည်။ မီဒီယာ သည် နိုင်ငံရေး သမားကို စောင့်ကြည့်နေပေသည်။ တစ်ခါတစ်ရံ ပြင်း ထန်သော ဝေဖန်မှုကိုပင် လုပ်လာတတ်သည်။ ကိစ္စမရှိဟု ယူဆနိုင်ရမည်။ နိုင်ငံရေးသမားသည် လူထုအကြိုက်ကိုလည်း ပေါ်ပြူလာလိုက်လုပ်နေဖို့ မလိုပေ။ ကိုယ့်မူနှင့်ကိုယ် ရပ်တည်နေသင့်သည်။
ကိုယ့်မူနှင့်ကိုယ်ရပ်တည်သင့်သည်ဟု ဆိုရသော်လည်း ပါတီအင်အား ကြီးသည်နှင့်အညီ သဘောထားကြီးဖို့လည်းလိုပါမည်။ တိုင်းရင်းသားဒေသ များတွင် ဒေသခံနိုင်ငံရေးပါတီများကို အင်အားနှင့် ဖိစီးအနိုင်ယူခြင်းမျိုး မလုပ်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေး အမြန်ရနိုင် ပါသည်။ ကိုယ့်ဒေသကိုယ်ထိန်းသိမ်း ပြန်အုပ်ချုပ်နိုင်ခြင်းသည် သဘာဝ လည်းကျ၍ ရှေးအစဉ်အလာကောင်းမူလည်းဖြစ်၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုလည်း စည်းရုံးသိမ်းသွင်းပြီးသား ဖြစ်ပေလိမ့်မည်။

ယနေ့အာဏာရနိုင်ငံရေးပါတီသည် ပြည်သူ့အတွက်ပြောင်းလဲချိန်တန် ပြီဟုကြေွးကြော်သော်လည်း မူဝါဒလုပ်နည်းလုပ်ဟန်ပရိယာယ်မှစ၍ ဘာမျှ ပြောင်းလဲခြင်းမရှိခဲ့ချေ။ မိမိတို့၏ နိုင်ငံရေးလောဘကိုလည်း မသတ်နိုင်ခဲ့ ကြောင်းတွေ့ရသည်။ ယင်းသည် စိတ်ဓာတ်နှင့်အတွေးအခေါ်ဟောင်းကြီး ကို ဆက်လက်ကိုင်စွဲလိုခြင်းသာဖြစ်သည်။ ထိုသို့နိုင်ငံရေးလောဘကို မသတ်နိုင်လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဝေးနေဦးမည်သာဖြစ် ကြောင်း ရိပ်စားမိသင့်သည်။
စက်တင်ဘာ၃ဝရက်က ရန်ကုန်မြို့ Melia ဟိုတယ်တွင် ''ရခိုင်အရေး ဘယ်လိုအဖြေရှာမလဲ''ခေါင်းစဉ်ဖြင့်ကျင်းပသော စကားဝိုင်းဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ဒေသခံတိုင်းရင်းသားပြည်သူလူထု က ခန့်ထားလိုသည့် အစိုးရကိုလက်မခံသည့်အတွက် ပြည်နယ်စီမံခန့်ခွဲရေး တွင်ပြဿနာများစွာဖြစ်ပြီး တည်ငြိမ်ရေးဖွံ့ဖြိုးရေးများ မဆောင်ရွက်နိုင် ကြောင်း ဝေဖန်သုံးသပ်ပြခဲ့သည်။ ကိုယ့်ပါတီလူကိုယ်ခန့်ခြင်းသည် မူဝါဒ စည်းကမ်းပြဋ္ဌာန်းထားချက်လည်း မဟုတ်ရပါကြောင်း ¤င်းတိုင်းရင်းသား ခေါင်းဆောင်က ထောက်ပြသည်။ နိုင်ငံရေးလောဘသိပ်ကြီးနေလျှင် တိုင်းပြည်အန္တရာယ် ကျရောက်နိုင်ကြောင်း ¤င်းကသတိပေးသည်။
တစ်နိုင်ငံလုံးနှင့်သက်ဆိုင်ရာပြည်နယ်များတွင် စီးပွားရေးကျဆင်း နေချိန်မှာ ယခုကဲ့သို့ အမျိုးသားညီညွတ်ရေး ထိခိုက်ပျက်ပြားစေခြင်းမျိုး ဖြစ်နေပါက နိုင်ငံအတွက် လွန်စွာစိုးရိမ်ရကြောင်း တိုင်းရင်းသားခေါင်း ဆောင်ကပြောသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းရေးသည် နောက်ဆုံးအချိန်သို့ရောက်နေပြီလားဟု စဉ်းစား ဆင်ခြင်တွက်ဆပြောနေသူများလည်းရှိသည်။ ယခုလိုအချိန်မျိုးတွင် နိုင်ငံရေး လောဘ၊ နိုင်ငံရေးဒေါသ၊ နိုင်ငံရေးမောဟ၊ နိုင်ငံရေး'ငါ'မာနများ သိသိ သာသာလျှော့ချကြဖို့လိုပါသည်။
တိုင်းရင်းသားများအပါအဝင် ပြည်သူလူထုကြီးနှင့်အစိုးရ သဟဇာတ ဖြစ်မှသာ တစ်ဖက်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအမည်ခံ ဂိုဏ်းဂဏအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရ ပါသည်။ ။
UN
UN