images
UN
ဂုဏ်သိက္ခာရှိစွာ သမိုင်းရေးထိုးခဲ့စေချင်
| Thursday, 06 June 2019
နိုင်ငံတကာတရားဥပဒေတို့၌ ''လူသားတိုင်းသည် ဥပဒေ၏ရှေ့ မှောက်၌ တန်းတူညီမျှမှုရှိပြီး ခွဲခြားဆက်ဆံမှု တစ်စုံတစ်ရာမရှိဘဲ ဥပဒေ၏ ညီမျှသော ကာကွယ်စောင့်ရှောက်မှုကို ရရှိမည်''ဟု ဖော်ပြထားပေသည်။
ထို့အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)တွင်လည်း ပုဒ်မ ၃၄၇။ ''နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်''ဟု ဖော်ပြ ထားသည်။
ပုဒ်မ ၃၄၈ တွင်လည်း '' နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ''ဟု ဖော်ပြထား သည်။
ဇွန်လ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ''၂ဝ၂ဝ တွင် လွတ်လပ်မျှတသော အထွေထွေရွေးကောက်ပွဲကို မှန်မှန်ကန်ကန် ကျင်းပပေးပြီး ဂုဏ်သိက္ခာရှိစွာ သမိုင်းရေးထိုးခဲ့ရန်'' ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တောင်းဆိုလိုက်ကြောင်း သတင်းများတွင် တွေ့ရသည်။
လက်ရှိ အာဏာရပါတီအစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင် သည် ပြီးခဲ့သော ရွေးကောက်ပွဲအဆင့်ဆင့် ဆောင်ရွက်ချက်များ၊ ဆုံးဖြတ် ချက်များပြုရာ၌ အားနည်းလွဲချော်မှုများရှိခဲ့ကြောင်း တွေ့ခဲ့ရသည်။ ဘက် လိုက်မှုရှိပြီး တရားမျှတမှုမရှိဟု နိုင်ငံရေးပါတီများက ခံစားရကြောင်း သတင်းများရှိသည်။
ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများနှင့် ကင်းကွာမှုရှိနေ သည်။ ဆွေးနွေးညှိနှိုင်းမှု၊ ဒီမိုကရေစီယဉ်ကျေးမှုလည်း အားနည်းလွန်း သည်။ ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်က ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများနှင့် နီးနီးကပ်ကပ် ဆွေးနွေးညှိနှိုင်းမှု မပြတ်လပ်ဘဲ (၃၇)ကြိမ်မျှ တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း မှတ်တမ်းမှတ်ရာ ရှိခဲ့သည်။ ထို့ ကြောင့်လည်း ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကျင်းပသောအခါ ကမ္ဘာက ပင် အသိအမှတ်ပြု လေးစားရသော ဂုဏ်သိက္ခာရှိ ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။ ထိုသို့ တရားမျှတစွာ ဆောင် ရွက်ခဲ့သောကြောင့်လည်း ယနေ့အာဏာရပါတီ အာဏာရလာခြင်းဖြစ် ကြောင်း ထင်ရှားပါသည်။
ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ ယနေ့အာဏာရပါတီနှင့် ပြည်ခိုင်ဖြိုးအငြင်းပွားမှု ခြောက်မှုရှိခဲ့ရာမှာ ရွေး ကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုးကို ခြောက်မှုလုံး အရှုံးပေးခဲ့သည်မှာ မှတ်သားဖွယ်ဖြစ်သည်။
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ ကန့် ကွက်မှု ၁၈ မှုရှိခဲ့ရာမှာ ယင်း ၁၈ မှုလုံးကို ရွေးကော်က ပြည်ခိုင်ဖြိုးပါတီ အား အရှုံးပေးခဲ့သည်။ ယနေ့ အာဏာရပါတီ ကန့်ကွက်မှု ခုနစ်မှုတွင်လည်း ပြည်ခိုင်ဖြိုးကပင်လျှင် ငါးမှုအရှုံး ဖြစ်ခဲ့ရပြန်သည်။
နှိုင်းယှဉ်ဝေဖန်မှုပြုလိုက်လျှင် အဖြေက တရားမျှတမှု ရှိမရှိ အထင် အရှား တွေ့မြင်နိုင်မည်ဖြစ်သည်။
ယခင်အစိုးရ(ပြည်ခိုင်ဖြိုးပါတီအစိုးရ)လက်ထက် ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် တာဝန်ကျေပွန်မှုရှိရှိ ဂုဏ်သိက္ခာရှိရှိ အနားယူ ကြသည်။
ယနေ့ ရွေးကောက်ပွဲကော်မရှင်သည် လာမည့် ၂ဝ၂ဝ အထွေထွေရွေး ကောက်ပွဲကြီးတွင် လွတ်လပ်မျှတသော ရွေးကောက်ပွဲအဖြစ် မှန်မှန်ကန်ကန် ကျင်းပပေးပြီး ဂုဏ်သိက္ခာရှိစွာ သမိုင်းရေးထိုးခဲ့ပါဟု ရေးသားလိုက်ရ ပါသည်။
UN
UN