images
UN
ကြွေးမြီကိစ္စ သတိထားဆောင်ရွက်
| Friday, 07 June 2019


နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေး အလို့ငှာ နိုင်ငံခြားအကူအညီကို ယူရတတ်ပါသည်။ နိုင်ငံခြားချေးငွေကိုလည်း ယူရ လေ့ရှိပါသည်။ သို့နှင့်တိုင် ချေးငွေအကူအညီသည် ပြည်သူကို တိုက်ရိုက် အကျိုးရှိစေဖို့ ရေရှည်မှာ ကြွေးမြီဝန်ထုပ်ဝန်ပိုး တိုင်းပြည်အပေါ် မပိဖို့လိုပါ သည်။ ချေးငွေရယူသော ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် အထူးသတိ ထား ကိုင်တွယ်ဆောင်ရွက်ရပါမည်။
ဇွန်လ ၄ ရက် (၁၂)ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်အတွက် ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(IDA) ထံမှ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ချေးငွေရယူရေးကိစ္စကို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်က ဆွေးနွေးသည်။
ချေးငွေများဖြင့် ဆောင်ရွက်ခြင်းသည် အားသာချက်များ အခွင့်အလမ်း များ အကျိုးကျေးဇူးများကို ရလာနိုင်သည်။ ယခု သန်း ၁ဝဝ ချေးငွေစီမံ ချက်သည် ရေရှည်တည်တံ့ဖို့လည်း လိုသည့်ပြင် ပြန်ဆပ်နိုင်အောင် ကြိုးစား သင့်သည်။ အားနည်းချက်အဖြစ် ခြိမ်းခြောက်ခံကိစ္စ ဖြစ်မသွားသင့်ပေ။ မျိုးဆက်သစ်သို့ ဒုက္ခလက်ဆင့်ကမ်းသဘောလည်း မဖြစ်ဖို့လိုပေသည်။
ယခု နိုင်ငံတော်လူမှုကာကွယ်ရေးလုပ်ငန်းများ ကောင်းမွန်သည်မှာ မှန်၏။ တိုင်းဒေသကြီးများ၊ ပြည်နယ်များကို နှစ်စဉ်ဆက်တိုက် ထောက်ပံ့ ကြေးများပေးနိုင်ပါမည်လား။ ထိုသို့ ဆောင်ရွက်ပါက နောင်တွင် မည်သည့် ငွေနှင့် ဆက်လက်ဆောင်ရွက်မည်နည်း။ ယခုငွေသည် သူတစ်ပါးချေးငွေ ဖြစ်နေသည်။ နိုင်ငံတော်ပိုင် ငွေပိုငွေလျှံရှိနေလျှင် ပြဿနာမရှိနိုင်ပါ။ ချေးငွေဖြစ်နေ၍ သေချာ စဉ်းစားဆင်ခြင်ဆောင်ရွက်ဖို့ လိုမည်။
၂ဝ၁၈ပြည်ပြေ<ွကးမြီသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၄၂ဘီလီယံ ဟု သိရသည်။ ၂ဝ၁၈-၂ဝ၁၉ နိုင်ငံတော်ြေ<ွကးမြီမှာ ယခုထိ ၃၈ ဒသမ ၃၆ ရာခိုင်နှုန်း ဖြစ်နေကြောင်း သိရပြန်သည်။ ပြန်၍ငွေပေါ်မည့် ရင်းနှီး မြှုပ်နှံမှုမျိုးမဟုတ်၍ စဉ်းစားဆင်ခြင် တွေးခေါ်ဆောင်ရွက်သင့်ပါသည်။
''ြေ<ွကးတင်ဘုရင်ဆပ်''ဟု ရှေးစကားရှိသော်လည်း တကယ့်တကယ် လက်တွေ့၌ တစ်တိုင်းပြည်လုံးရှိ တစ်ရာကျော်မျှသော တိုင်းရင်းသား ပေါင်းစုံပြည်သူများသာ လှိမ့်ခံရတတ်သည်။
လူတစ်ယောက်ြေ<ွကးတင် ကြွေးရှိြေ<ွကးဖိလျှင် အခြေအနေမကောင်း နိုင်သလို တိုင်းပြည်နိုင်ငံလည်းြေ<ွကးပိလျှင် တိုင်းပြည်ရုပ်လုံးလှမည် မဟုတ်ဘဲ လူမွဲတိုင်းပြည်အဖြစ် စာရင်းသွင်းခံရပြီး နိုင်ငံတကာနှင့် အများ၏လေးစားမှုကို မရနိုင်ဖြစ်သွားတတ်သည်။ ထိုအခါ လုပ်မရကိုင်မရ ရှေ့သို့ မရွေ့နိုင် ဖြစ်သွားနိုင်ပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားအကူအညီ အထောက် အပံ့ဖြင့် စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော် နှင့်ပြည်သူအတွက် အကျိုးရှိထိရောက်သော အကူအညီဖြစ်စေရန် အလွန် အရေးကြီးကြောင်းနှင့် နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေ တောင့်တင်း ခိုင်မာစေပြီး စီမံခန့်ခွဲမှုစနစ် ပီပြင်စွာကျင့်သုံးဆောင်ရွက်ကာြေ<ွကးမြီ ကိစ္စကို ဦးစားပေး အထူးသတိထားဆောင်ရွက်သင့်ပါကြောင်း ရေးသား လိုက်ရပါသည်။
UN
UN