images
UN
အလုပ်များများလုပ်ကြဖို့လို
| Saturday, 08 June 2019
လောကတွင် လူဖြစ်လာလျှင် အလုပ်လုပ်ကြရမည်ဖြစ်သည်။ အလုပ် ဖြင့်လည်း လူ၏ကျင့်ဝတ်တရားကို ပြကြရမည်ဖြစ်သည်။
လူတစ်ယောက်အတွက်အလုပ်လုပ်ခြင်းသည် အကောင်းဆုံးသော ဘဝနေနည်းပင်ဖြစ်သည်။ အလုပ်ကိုစေတနာဖြင့်လုပ်နေခြင်းသည် လူ၏ စိတ်ကိုမြင့်မြတ်စေပြီး အကုသိုလ်စိတ်ကိုနည်းပါးစေသည်။ အလုပ်တွင် ပျင်းရိပေါ့လျော့နေပါက ယုတ်နိမ့်စေသော အကျင့်ကိုရသည်။ ထိုအခါ မိမိတာဝန်နှင့်ကျင့်ဝတ်ကို မကျေပွန်သူတစ်ဦး ဖြစ်လာစေပါသည်။
အလုပ်ဆိုသည်မှာ ကောင်းသောမည်သည့်အလုပ်ကိုမဆို လုပ်နေခြင်း ကိုဆိုလိုသည်။ အလုပ်လုပ်ခြင်းဖြင့်ရရှိသော အတွေးအကြံအသိများက တစ်ဆင့် တာဝန်သိခြင်း၊ တာဝန်ယူတတ်ခြင်း၊ တာဝန်ခံတတ်ခြင်း၊ တာဝန် ကျေပွန်ခြင်းစသည့် လူတိုင်းတွင်ရှိအပ်သော ဂုဏ်အရည်အချင်းကိုရ စေပါသည်။
အလုပ်တစ်ခုလုပ်နေခြင်းဖြင့် စိတ်ကိုသောကကင်းဝေးစေပြီး အေးချမ်း စေပါသည်။ လူ့ဘောင်လောက၏ ဒုက္ခအခက်အခဲများကို အလုပ်လုပ် ခြင်းဖြင့်သာအောင်မြင်စေပြီး အတွေ့အကြုံ၏ပွတ်တိုက်မှုကြောင့် အသိÓဏ် ပညာကိုလည်းဖွံ့ဖြိုးလင်းလက်စေပါသည်။ အားလပ်ချိန်များခြင်းသည် လူ၏အသိÓဏ်နှင့်ဦးနှောက်ကို သံချေးတက်စေပါသည်။
အလုပ်တစ်ခု အောင်မြင်အောင်ဆောင်ရွက်ရာတွင် အခက်အခဲရှိနိုင် သည်။ ထိုအခက်အခဲသည် စိတ်သဘောကြီးမားရင့်သန်စေရန် အကောင်း ဆုံးသောသင်ခန်းစာပင်ဖြစ်သည်။ အခက်အခဲပေါင်းများစွာကို ရဲရင့်ခြင်း နှင့်သည်းခံခြင်းစိတ်ဖြင့် ကျော်ဖြတ်ကြရမည်ဖြစ်သည်။
ဤနည်းဖြင့် အခက်အခဲများ၊ အတားအဆီးများကို လျော့ပါးသွားစေမည် ဖြစ်လေသည်။
အပင်ပန်းမခံလိုဘဲ လိုချင်ရာကို ရလိုသောစိတ်သည် စိတ်ဖျင်းစိတ် ညံ့ဖြစ်သည်။ အဖိုးတန်သော အရာမှန်သမျှသည်အလုပ်ဖြင့်သာ ရင်းနှီး မြှုပ်နှံမှုရှိရလေသည်။
အချုပ်ဆိုရလျှင် လူတစ်ယောက်သည် မိမိအကျိုးအတွက်ဖြစ်စေ၊ အဖွဲ့ အစည်း၏ အကျိုးအတွက်ဖြစ်စေ၊ နိုင်ငံတော်၏ကောင်းကျိုးအတွက်ဖြစ်စေ အလုပ်လုပ်ကြရာတွင် အလုပ်ကိုအလုပ်နှင့်တူအောင် လုပ်ကြဖို့လိုပေသည်။
ထိုသို့ အလုပ်လုပ်ကြရာတွင် လူရှေ့တွင် အထင်ကြီးအောင် အလုပ်ကို ဟန်ပြလုပ်တတ်ပြီးလူကွယ်လျှင် အလုပ်မလုပ်ဘဲနေတတ်သူများလည်း ရှိသည်။
နောက်တစ်မျိုးက မိမိအကျိုးအတွက်သာလုပ်တတ်သောသူဖြစ်ပြီး အပိုလုပ်လေ့မရှိသူများလည်း ရှိပါသည်။ တစ်နည်းအားဖြင့် ဝန်ထမ်းဖြစ် ပါက ကိုယ့်တာဝန်ပဲလုပ်၍ အပိုမလုပ်ဘဲ နေတတ်သူဖြစ်သည်။ တာဝန် ကျေဝန်ထမ်းဟု ခေါ်ဆိုနိုင်သည်။
နောက်လူတန်းစားတစ်မျိုးမှာ မိမိကိုယ်ကျိုးလည်းလုပ်၏။ လုပ်နိုင် သော လုပ်သင့်သောအလုပ်များကိုလည်းပတ်ဝန်းကျင်ရှိလူများအတွက် လုပ် ပေးသည်။ အလုပ်တိုင်းကိုလည်း စေတနာပါပါလုပ်ပေးသည်။ လက်လှမ်း မီသမျှသောအလုပ်များလုပ်တတ်အောင်လည်း သင်ယူလေ့ရှိသည်။ ထိုသူကို တာဝန်သိဝန်ထမ်းဟုလည်း ခေါ်နိုင်ပါသည်။
နောက်ဆုံးလူတစ်မျိုးမှာ သူ့ကိုယ်ကျိုးထက် ပတ်ဝန်းကျင်၊အဖွဲ့အစည်း၊ နိုင်ငံတော် စသည့်ရောက်ရှိနေသောနေရာဌာန၏ တာဝန်များကို ကျေပွန် အောင်ဆောင်ရွက်သည်။ လုပ်သင့်လုပ်ထိုက်သည့်အလုပ်တိုင်းကို စေတနာ ပါပါဖြင့်ဆောင်ရွက်သည်။ မိမိရောက်နေသောအလုပ်ခွင်၌ အလုပ်ကို အကောင်းဆုံးလုပ်နိုင်အောင် အရာရာကိုသိအောင်ကြိုးစားပြီး တတ်အောင် လေ့လာသည်။ ထိုလူမျိုးကို တာဝန်သိသော ခေါင်းဆောင်စိတ်ရှိသောသူဟု ခေါ်ကြသည်။ မြန်မာနိုင်ငံတွင် ဤကဲ့သို့သောလူများ အများကြီးလိုအပ်ပါ သည်။ ထိုကဲ့သို့စိတ်ဓာတ်များသည် ယနေ့ပြည်သူ့ကိုယ်စားလှယ်များရှိ သင့်သောစိတ်ဓာတ်၊ လုပ်သင့်သော အလုပ်မျိုးဖြစ်ပေသည်။
ထို့ကြောင့် လူတိုင်းလူတိုင်း အလုပ်များများလုပ်ကြမှသာ မျှော် မှန်းသော ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်နိုင်မည်ဖြစ်သလို ကိုယ်တိုင် အလုပ်နှင့်ပတ်သက်၍ ဘယ်လိုအဆင့်အတန်းအစားဖြစ်သည်ကိုလည်း သုံးသပ်တတ်ကြဖို့လိုကြောင်း ရေးသားလိုက်ရပါသည်။
UN
UN